“ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဥက္ကဋ္ဌ ဦးစ၀်ခွန်ထွန်းဦး ၏ အသက်(၇၆)နှစ်ပြည့် မွေးနေ့” ကျန်းမာစွာ ဖြတ်သန်းရောက်ရှိ”
လားရှိုး-
စက်တင်ဘာ(၁၁)
ရှမ်းပြည်နယ်ဖွား
ဇာတိဖြစ်သလို ရှမ်းစော်ဘွားမျိုးနွယ်မှ မွေးဖွားလာသူတဦးဖြစ်သည့် ရှမ်းနိုင်ငံရေး ခေါင်းဆောင်ကြီး ဦးစ၀်ခွန်ထွန်းဦး
ဟာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ(၁၁)ရက်နေ့မှာ အသက်(၇၆)နှစ်ပြည့် မွေးနေ့ကို ရောက်ရှိ လာခဲ့ပြီဖြစ်ကြောင်းနှင့်
၁၉၄၃ ခုနှစ်၊ စက်တင်ဘာ(၁၁) နေ့တွင် သိန္နီမြို့၌ မွေးဖွားခဲ့ ကြောင်း နှင့် ရှမ်းတိုင်းရင်းသားများ
ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ တာဝန် ဖြင့် နိုင်ငံရေးလုပ်ဆောင်မှုများကို လုပ်ဆောင်လျှက်ရှိကြောင်း
ရှမ်းပြည်နိုင်ငံရေးနှင့် စစ်ရေးသတင်းများကို ဦးစားပေးဖော်ပြလျှက်ရှိသည့် ထိုင်းနိုင်ငံအခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာနက
ယနေ့ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။
စ၀်ခွန်ထွန်းဦး
၏ဘခင်မှာ သီပေါစော်ဘွား စ၀်ကြာဆိုင် ၏ အကိုဖြစ်ပြီး ၁၉၆၄ ခုနှစ်၌ တောင်ကြီးမြို့တွင်
ဖွင့်လှစ်ခဲ့သည့် ကမ္ဘောဇ ကျောင်းတွင် တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့ပြီး ၁၉၆၅ ခုနှစ်၌
ရန်ကုန်တက္ကသိုလ်တွင် ဥပဒေ ဘာသာရပ်ဖြင့် ဒုတိယနှစ်အထိ တက်ရောက်ခဲ့ကြောင်း၊၁၉၆၇ ခုနှစ်မှ
၁၉၇၇ ခုနှစ်အထိ အင်ဒိုနီးရှားသံရုံးတွင် စစ်သံမှူး၏ ကိုယ်ရေးအရာရှိ အဖြစ် လုပ်ကိုင်ခဲ့ပြီး
ဂျပန်နိုင်ငံမှ နိုင်ငံတကာ စာပေဖြန့်ချိရေးတွင် မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခဲ့ကြောင်းနှင့်
မြန်မာနိုင်ငံ၏ နိုင်ငံရေးပြောင်းလဲမှုများတွင် ရှမ်းပြည်၏ အောင်မြင်သည့် ထင်ရှားလှသည့်
နိုင်ငံရေးခေါင်းဆောင်ကြီး
တဦးဖြစ်ကြောင်း သိရှိရပါသည်။
၁၉၈၈ ခုနှစ်
ရှစ်လေးလုံးအရေးတော်ပုံဖြစ်ပွားပြီး ၁၉၉၀ ခုနှစ် မေလတွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အတွင်းရေးမှူး
တာဝန်ဖြင့် မြန်မာပြည်တ၀ှမ်း
ရှမ်းတိုင်းရင်းသားများနေထိုင်သည့် နေရာဒေသမြို့ရွာများကို
ဝင်ရောက်ပြီး ပြည်သူများရွေးကောက်ခံခဲ့ရာ၌
မြန်မာနိုင်ငံတနိုင်ငံလုံး၏ ဒုတိယ မဲအများဆုံးရရှိခဲ့သည့် နိုင်ငံရေးပါတီတခု အဖြစ်
အောင်မြင်မှုများရရှိခဲ့ကြောင်း၊ သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်
ရွေးကောက်တင်မြောက်ခြင်းခံရပြီး န၀တ အစိုးရမှ ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားညီလာခံကို
SNLD ပါတီဝင် (၅)ဦးပါ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူအဖြစ် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
၂၀၀၅ ခုနှစ်တွင်
ရှမ်းပြည်အတိုင်ပင်ခံကောင်စီ ဦးဆောင်ဖွဲ့စည်းရာမှ ပြည်ထောင်စုဖြိုခွဲလိုမှု၊ ခွဲထွက်လိုမှု၊
မတရားအသင်းနှင့် ဆက်သွယ်မှုများအပါအ၀င် အခြားသောအမှုများဖြင့် ထောင်ဒဏ် (၉၃)နှစ် ကျခံခဲ့ရပြီး
၂၀၀၅ ခုနှစ်၊ဖေဖော်ဝါရီ (၇)ရက်နေ့တါင်ကျရောက်သည့် ရှမ်းပြည်နယ်နေ့ ညစာစားပွဲအပြီး ဖေဖော်ဝါရီ
(၈)ရက်နှင့် (၉)ရက်နေ့များ၌ ရန်ကုန်မြို့ရှိ နေအိမ်၌ပင် စ၀်ခွန်ထွန်းဦးနှင့် အတွင်းရေးမှူး
ဦးစိုင်းညွှန့်လွင် တို့ကို လာရောက်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၊ ၂၀၀၅ ခုနှစ်မှ ၂၀၁၃
ခုနှစ်အထိ အင်းစိန်ထောင်၊ မန္တလေးအိုးဘိုထောင်၊ကချင်ပြည်နယ် ပူတာအိုထောင်တို့တွင် ပြစ်ဒဏ်ကျခံခဲ့ရပြီး
၂၀၁၀ ခုနှစ်နောက်ပိုင်း သမ္မတကြီး ဦးသိန်းစိန် အစိုးရလက်ထက်၌
လွှတ်ငြိမ်းချမ်းသားခွင့်ဖြင့်
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ (၁၃)ရက်တွင်
ပြန်လည်လွှတ်မြောက်လာခဲ့ကြောင်း
ရေသားဖော်ပြထားမှု
များအရ သိရှိရပါသည်။
ထို့နောက်တွင်
ရှမ်းပြည်နယ်အတွင်း နိုင်ငံရေးပါတီ တရားဝင်မှတ်ပုံတင်ကာ
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီ၏ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူပြီး လက်ရှိအချိန်ကာလအထိ
ဒီမိုကရေစီအရေး၊ တိုင်းရင်းသားအရေး တွေကို မမှိတ်မသုမ် လုပ်ဆောင်လျှက်ရှိကြောင်း သျှမ်းသံတော်ဆင့်
အွန်လိုင်းသတင်းဝဘ်ဆိုက်၏
ရေးသားဖော်ပြမှုအရ သိရှိရပါသည်။
