“လားရှိုးမြို့ လူငယ်ပရဟိတ အဖွဲ့မှ လူနာတင်ယာဉ်နှင့်အတူ လူနာသွားရောက် သယ်ဆောင်ရန် အသွား (၁၂)မိုင် နမ့်တွမ်းအနီး လက်နှက်ကြီးကျည်ထိမှန် အဖွဲ့ဥက္ကဋ္ဌ သေဆုံး (၃)ဦး ထက်မနည်း ဒါဏ်ရာရရှိ”
လားရှိုး - သြဂုတ်(၁၇)
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမှ မူဆယ်သို့ သွားသည့် ပြည်ထောင်စုလမ်းမကြီး၏
(၁၂)မိုင်၊ နမ်တွမ်းကျေးရွာအနီးသို့ လားရှိုးမြို့
လူငယ်ပရဟိတအဖွဲ့မှ လူနာတင်ယာဉ်နှင့် အတူ တိုက်ပွဲတွင်း ပိတ်မိနေသူများ၊ လူနာများကို
သွားရောက် ကူညီသယ်ဆောင်ရန်အသွား လက်နှက်ကြီးကျည် ထိမှန်ပြီး အဆိုပါ ပရဟိတအဖွဲ့ ဥက္ကဋ္ဌ
ဦးထွန်းမြင့် ကွယ်လွန်ခဲ့ကြောင်းနှင့် ကျန် ပရဟိတ အဖွဲ့ဝင် (၃)ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း ကနဦး သတင်းများ အရ သိရှိရပါသည်။
ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ပရဟိတအဖွဲ့ ယာဉ်များသည် လားရှိုးမြို့မှ
နမ့်တွမ်းကျေးရွာအနီး တိမ်ဖြူ ဓါတ်ဆီဆိုင်
လက်နှက်ကြီးကျည် ပစ်ခတ်ခံရ၍ ၄င်းတို့ ပစ်ခတ်နေသည့် နေရာတ၀ိုက် ပိတ်မိနေကြသည့် ဒေသခံများ၊
ဒဏ်ရာရ လူနာများကို ကယ်ဆယ် ခေးဆောင်ရန်၊ လူနာများကိုလည်း ကူညီကယ်ဆယ်ရန် လိုအပ်လျှက်ရှိနေကြောင်း
သတင်းရရှိသည့်အတွက် မီးသတ်ကားများနှင့် ရှေ့ဆင့်နောက်ဆင့်ဆိုသလို ထွက်ခွာသွားခဲ့ခြင်းဖြစ်ကာ
ခရီးအကွာအဝေး (၁၂)မိုင်ခန့်အရောက် နမ့်တွမ်းကျေးရွာတွင်
လက်နှက်ကြီး ကျည်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း၊ မည်သည့် အဖွဲ့အစည်းက ပစ်ခတ်သည့် လက်နှက်ကြီးကျည်
ဖြစ်သည်ကို အတိအကျ သတင်းမရရှိသေးသလို လားရှိုးမြို့မှ အုပ်ချုပ်ရေး၊ လုံခြုံရေး တာဝန်ရှိသူများထံ
ဆက်သွယ်စုံစမ်းရာတွင်လည်း ဆက်သွယ်၍ မရရှိသည့်အတွက် သတင်းအပြည့်အစုံကို မှန်ကန်တိကျစွာ
ဖော်ပြနိုင်ရေး ဆက်လက် စုံစမ်းလျှက်ရှိသလို လက်ရှိ ကနဦးသတင်းရရှိမှုများကို
ဖော်ပြလိုက်ပါသည်။
ပြီးခဲ့သည့် သြဂုတ်(၁၄)ရက်နေ့၌ ပြင်ဦးလွင်
တပ်မတော်နည်းပညာ တက္ကသိုလ် နှင့် နောင်ချိုမြို့ဝင် တိုးဂိတ်အနီး မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်၊
ဂုတ်တွင်းလမ်းပိုင်း၏ ဂုတ်တွင်းတံတားကင်း အပါအ၀င် (၅)နေရာတို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဂုတ်တွင်းတံတားကိုလည်း ပေါက်ကွဲ ပျက်ဆီးမှုဖြစ်ပွားခဲ့ပြီး
မန္တလေး-လားရှိုးလမ်းအပိုင်း ခရီးသည်များနှင့် ကုန်တင်ယာဉ်ကြီးများအတွက် ဆက်သွယ်ရေး ပြတ်တောက်ခဲ့ရပြီး ခရီးသည်ပြည်သူများ လိုရာခရီးကို မ ရောက်နိုင်ကြဘဲ အခက်အခဲများကြုံ တွေ့ နေကြရကြောင်းနှင့် ကုန်စည်သည်ဆောင်ခြင်း
ရပ်တန့်ခဲ့ရ ကြောင်း ကျောက်မဲနှင့် သီပေါ ဘော်ကြို ဘုရားအနီး ယာဉ်မောင်းများ၊ နောက်ချိုအနီးရောက်ရှိနေသည့် ယာဉ်မောင်းများထံသို့ လည်းကောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများထံ သို့လည်းကောင်း စုံစမ်းမှုပြုစဉ် သိရှိရပါသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်များကို စတင် ပစ်ခတ်တိုက်ခိုက်ရခြင်းနှင့်ပတ်သက်ပြီး
ရှမ်းမြောက် မဟာမိတ်တပ်များဖြစ်သည့်
TNLA , MNDAA , AA တိုင်းရင်းသား လက်နှက်ကိုင် တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊
အစိုးရတပ်မ တော်ဘက်မှ စစ်ရေး ဖိအားပေးမှု များကြောင့် ယင်း ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း
TNLA တအာင်း တိုင်းရင်းသား လက်နှက်ကိုင်တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံမှ ဖြစ်စဉ်ဖြစ်သည့် နံနက်ပိုင်း၌ပင် ဆက်သွယ်
သတင်းစုံစမ်းခဲ့သော ပြည်တွင်းပြည်ပ သတင်းမီဒီယာကြီးများကို
အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။
L2 (LSO)


