“ဆေးသုပ် လုပ်အားခငွေ ကျပ် သိန်း(၁၀၀)ကျော်ခန့် ကို လုပ်ငန်းရှင် ဘက်ကနေ ရှင်းမပေးဘူး ဟုဆိုကြကာ လားရှိုးမြို့တွင်း မိန်းလမ်းမကြီးများပေါ်ကို စည်တန်း လှည့်လည် ဆန္ဒ ထုတ်ဖော်ခဲ့ သူတွေကို လုပ်ငန်းရှင် ဘက်က ဘာမှ လိုက်လျှောမှာ မဟုတ်ကြောင်းနှင့် သက်ဆိုင်သည့် တရား ဥပဒေ အတိုင်း ထိထိ ရောက်ရောက် ပြန်လည် တုန့်ပြန်ဖို့ဘဲ ရှိကြောင်း ယနေ့တွင် ပြောကြားခဲ့”
လားရှိုးမြို့၊ သြဂုတ်(၁)
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ခေတ်မှီ အပန်းဖြေ
ရေပန်းဥယဉ်ကြီး Gold Luck Water Park ကို တည်ဆောက် ပိုင်ဆိုင်သည့် လုပ်ငန်းရှင်ကြီးမှ
အလုပ်သမားများကို ဆေးသုပ် လုပ်အားခငွေ ကျပ် သိန်း(၁၀၀)ကျော်ခန့် ကို ရှင်းမပေးဘူး ဟုဆိုကြကာ
ပြီိးခဲ့သည့် ဇူလိုင်လကုန်ရက်တွင် လားရှိုးမြို့တွင်း မိန်းလမ်းမကြီးများပေါ်၌ စည်တန်း လှည့်လည် ဆန္ဒ ထုတ်ဖော်ခဲ့ကြကြောင်းနှင့်
လုပ်အားခငွေ သိန်းတစ်ရာကျော်ခန့်ကို လုပ်ငန်းရှင်ဖြစ်သူ ဘက်မှ ရှင်းလင်းပေးနိုင်ရေးအတွက်
ယင်းကဲ့သို့ မြို့တွင်း လှည့်လည် ဆန္ဒထုတ်ဖော်နေခြင်း ပင်ဖြစ်ကြောင်း ကို ပိတ်ဆိုင်းဘုတ်များ
ကိုင်ဆောင်ပြီး အဆိုပါ လုပ်ငန်းရှင်ကြီး အမည်ကို ရေးကာ လုပ်အားခငွေ များအားလုံးကို
ရှင်းလင်းပေးစေရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ ယင်း ဖြစ်စဉ် သတင်းများကိုလည်း
သက်ဆိုင်ရာ ရုပ်သံ သတင်း မီဒီယာများနှင့် ပြည်တွင်း ပြည်ပ သတင်းမီဒီယာအချို့က နေ့ခြင်းကိုပင် ထုတ်ပြန်မှုများ ပြုလုပ်ခဲ့ကြပါသည်။
Gold
Luck Water Park လုပ်ငန်းရှင်ဖြစ်သူ MD ဦးရဲနိုင်
မှ ဘာမှကို သူတို့ကို ကျွန်တော်အနေနဲ့ ရှင်းပေးစရာငွေ မကျန်ပါဘူး….။ သူတို့ဘက်ကဘဲ ပြန်လျှော်ရလိမ့်မယ်…။
စာရင်းတွေကို အားလုံးထုတ်ပြလို့ရပါတယ်….။
ဟု
ဆက်သွယ် စုံစမ်းမေးမြန်းစဉ် ပြောပြခဲ့ပါသည်။
လားရှိုးမြို့ရှိ
အပန်းဖြေ ရေပန်းဥယဉ်ကြီး Gold Luck Water
Park အတွင်းရှိ ခေတ်မှီ သဘာဝ ပင်လယ် ရေလှိုင်းကြီးများ
စီးနှင်း ရေကစားနိုင်သည့် ကန်ကြီးအတွင်းကို ရေလုံ ဆေးများနှင့် အခြားသော ဆေးများကို
လူအားဖြင့်ပင် ဆေးသုပ် အတတ်ပညာ နည်းပညာဖြင့် သုပ်လုပ်ငန်းကို အပြီးသပ် ပုတ်ပြတ် လုပ်ဆောင်ပေး
နိုင်ရန်အတွက် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်း လုပ်ငန်းရှင် MD ဦးရဲနိုင် နှင့် လေဘယ်ကန်ထရိုက် ဦးယောဟန်၊ သူ၏ အလုပ်သမားများ
သဘောတူညီစွာ လုပ်ငန်းစာချုပ် ကိုချုပ်ဆို
အလုပ်အပ်နှံခဲ့ကြောင်း၊ လုပ်ငန်းပြီးစီးမှု ကာလကို တလခန့် စာချုပ်ချုပ်စဉ် သပ်မှတ်ထားခဲ့သော်လည်း
လက်ရှိ၌ လုပ်ငန်းများပြီးစီးခြင်း မရှိသေးကြောင်း၊ ……. ၄င်း တို့သည်
လုပ်ငန်းပိုင်းကို ကောင်းစွာ လုပ်ကိုင်တတ်ဘူးခြင်း၊
ကောင်းစွာလုပ်ကိုင်နိုင်ရေး သင်ကြား လုပ်ဆောင်နိုင်သူများလည်း မဟုတ်ကြောင်းနှင့် ရေလုံဆေးများကို
သုပ်သည့်အခါ၌ ခေတ်မှီ နည်းပညာပိုင်းကို ကောင်းစွာ
တတ်သိနားလည်ပြီးသူ မဟုတ်ကြသည့်အတွက်ပင် လုပ်ငန်းပြီးစီးခြင်းမှာ လုံးဝ မရှိဘဲ လုပ်ကြံသတင်းများ ကို မဟုတ်မမှန် ထုတ်တတ်သူများ
ဆိုပြီးလည်း တမြို့လုံး နီးပါးဖြစ်သည့် မြို့နေပြည်သူများအနေဖြင့် ဝေဖန်ပြောဆို နေသည့်
စကားများကို ၄င်းတို့ အပေါ် ပြည်သူအချို့က အတော်ကိုယ်ပင် စိတ်ဆိုးနေသူများပင်ရှိကြောင်း
သိရှိရပါသည်။
လားရှိးမြို့တွင်းသို့
လုပ်အားခငွေများ လုပ်ငန်းရှင် ဖြစ်သူဘက်က ရှင်းမပေးသည့် အတွက် မြို့တွင်းမိန်း လမ်းမကြီးများပေါ်သို့
စီတန်းလှည့်လည်ပြီး ဆန္ဒ ထုတ်ဖော်နေ ကြသူများကို သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်
ခွင့်ပြု လုပ်ဆောင်စေခိုင်းခြင်းသည် ဆန္ဒထုတ်ဖော်နေကြရခြင်း၏ အဓိက အကြောင်းချင်းရာ ဖြစ်နေပြီး
မဟုတ်သည့် လုပ်ကိုင်မှု၊ ပြောဆိုမှုတွေကို မည်သည့် နီးနှင့်မျှကိုလည်း လက်ခံပေးမည် မဟုတ်သလို
ပြန်လည် သီးခံကာ ခွင့်လွှတ်ပေးမည် မဟုတ်ကြောင်းကို
လုပ်ငန်းရှင် ကြီး၏ ကိုယ်စား Gold Luck Water Park ရုံးမှ တာဝန်ရှိသူတဦးကနေ အတည်ပြု
ပြောကြားခဲ့ပါသည်။
လုပ်ငန်းရှင်
MD ဦးရဲနိုင် သည် သူ၏ လုပ်ငန်းများအပေါ် အစဉ်သဖြင့်
တည်ဆောက်ပြီးစီးမှုအပိုင်း ကဏ္ဍများအပေါ် နေ့စဉ်ကိုပင် စစ်ဆေးမှုများ၊ ကြည့်ရှု မှတ်တမ်းပြုခြင်းများကို
ပြုလုပ်ထားတတ်သူ ဖြစ်ကြောင်း၊ သူတို့ကို လုပ်အားခငွေတွေ ရှင်းပေးပါ ဆိုရင် လုပ်ငန်း
သဘောအရ လုပ်ငန်းပြီးစီးပါပြီ … အပ်နှံပါတယ်… အဲ့ဒီမှာ အလုပ်စပြီး အပ် နှံခဲ့တဲ့အချိန်ကစပြီး
လုပ်ငန်း လုပ်ဆောင်မှု ကြာမြင့်ချိန်၊ လုပ်ငန်းပြီးစီးခြင်းကို သက်ဆိုင်ရာ ပညာရှင်များဖြင့်
စစ်ဆေးပြီး လုပ်ငန်းရှင်ဘက်ကနေ လက်ခံလိုက်ပြီဆို ရင်တော့ လုပ်အားခကို ရှင်းပေးရတော့မှာပေါ့
….၊ မရှင်းပေးဘူးဆိုရင်တော့ အခုလုပ်ခဲ့သလိုမျိုး ဆန္ဒ ထုတ်ဖော်တာတွေ၊ အလုပ်သမားရုံးလိုမျိုးကို
တိုင်ကြားတာမျိုး တွေလုပ်တယ်ဆိုရင် သဘာဝ ကျပါတယ်… အခု ဟာက လုပ်ငန်းလည်း လာရောက်အပ်နှံခြင်းမရှိ၊
သတင်းလဲမပြီး၊ သပ်မှတ်လုပ်ကိုင်ခြင်း ကာလကိုလည်း အဆပေါင်းများစွာကို ကျော်နေပြီ…၊ အဲ့တာကို
လုပ်အားခငွေတွေကို လုပ်ငန်းရှင်ဘက်ကနေ ရှင်းမပေးဘူးဆိုပြီး ဆန္ဒထုတ်ဖော်နေခြင်းကို ကျွန်တော်တို့ဘက်ကလည်းဘဲ
ပြင်းပြင်းထန်ထန် ရှုမ့်ချပါတယ်… တည်ဆဲ တရား ဥပဒေနဲ့အညီ ဆက်ပြီး ထိထိ ရောက်ရောက်ကို
တုန့်ပြန်သွားမှာဖြစ်ပါတယ်….၊
အလုပ်
လက်ခံခဲ့တဲ့ လေဘယ်ကန်ထရိုက်နဲ့ သူ့ရဲ့ အလုပ်သမားတွေ … ဆန္ဒ ထုတ်ဖော်ခဲ့သူတွေကိုလည်းဘဲ
တရားဥပဒေ ဘောင်ထဲကနေဘဲ ပြန်လည်လုပ်ဆောင်သွားမှာပါ…။
MD
ဦးရဲနိုင် မှ ယခုရက်ပိုင်းမှာပင် ရန်ကုန်သို့သွားရောက်ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကိုလည်း
သတင်းထောက် ခွန်ဇော်ဦး ဆိုသူက သတင်းဖြစ်စဉ်
ကို လာရောက်မေးမြန်း အင်တယဗျူးလိုတယ် ဘာညာနဲ့ပေါ့ ဖုန်း ဆက်လာပါတယ်… အဲ့ဒီမှာ မနက်ကတည်းကကို
တဘက်သပ် ရေးချင်ရာရေးထားတဲ့ သတင်းတွေကို သူ့ ဖေ့ဘုတ်က တင်ပြီးခဲ့ပါပြီ…။
တရားဝင်မဟုတ်သည့်
လိုင်စင်မဲ့ကားကို ခွန်ဇော်ဦး ကိုယ်တိုင် စီးနှင်းမောင်းနှင်လာခဲ့သည့်အတွက် လုပ်ငန်းရှင်ကြီး
ဦးရဲနိုင် မှ မှန်ကန်စွာဖြင့် အစဉ် နိုင်ငံ၏ တည်ဆဲ တရားဥပဒေနှင့်အညီနေထိုင် လုပ်ကိုင်ပြောဆို
သွားလာနေတတ် သူဖြစ်လို့ သက်ဆိုင်ရာ ယာဉ်ထိမ်း တာဝန်ရှိသူကို သတင်းထောက် ခွန်ဇော်ဦး ဆိုသူက မိမိထံကို တရားမ၀င် လိုင်စင်မဲ့ကားကို
စီးပြီး လာရောက်ကြောင်း၊ သတင်းပို့ခဲ့သည့်အတွက် သက်ဆိုင်ရာ ယဉ်ထိမ်း တာဝန်ရှိသူများမှ လားရှိုးမြို့၊ ရပ်ကွက်(၁၁) ၊ ဂေါက်ကွင်း အနီးရှိ
Gold Luck Water Park တည်ရှိရာ ရေပန်းဥယဉ်ကြီး၏
တာဝန်ရှိ ၀န်ထမ်းများ ရုံးဘက်သို့ လာရောက်နိုင်ရေး သပ်မှတ် ဂိတ် တံခါးများကို သက်ဆိုင်ရာ
တာဝန်ရှိ စောင့်ကြပ်သူများက ပိတ်ထားကြပြီး
အထက်အကြီးအကဲများက ဖွင့်ရန် ခွင့်ပြုမှသာလျှင် မည်သူပင်လာသည်ဖြစ်စေ၊ ပြန်ရန်အတွက်ဖြစ်စေ
တံခါးကြီးကို လျှပ်စစ်မီးအသုံးပြု အော်တို
ဖွင့်ပေးခြင်း စနစ်နဲ့ ဖွင့်ပေးရတာပါ…. ။
ဒါ
ဟာ စည်းကမ်း နဲ့ လုံခြုံရေးအတွက် လုပ်တာပါ…။
အဲ့တာကိုလည်း
လုပ်ငန်းရှင်ကြီး ဦးရဲနိုင် က ထောင်ပြီး လိုင်စင်မဲ့ကား စီးနင်းမောင်းနှင်လာခဲ့သူကို
တိုင်ကြားဖမ်းခိုင်းတယ်ဆိုပြီး သတင်းမီဒီယာတွေအချို့ကလည်း သတင်းတွေကို မဟုတ်မမှန် ရေးသားထုတ်ပြန်ကြတာတွေ
ရှိခဲ့ပါသေးတယ်…. ။
တရား
ဥပဒေ ဆိုတာကို ဘယ်သူကမျှ အထက်ကနေ နေပြီး လုပ်ချင်ရာကို လုပ်လို့ မရနိုင်ပါဘူး…။
သတင်းထောက်
ခွန်ဇော်ဦး ကိုဘာဖြစ်လို့ လိုင်စင်မဲ့ကားစီးတာကို ဖမ်းတာလဲ ဆိုပြီး ပြောနေသူတွေ ရေးနေသူတွေ
ရှိခဲ့သေးတယ်… သတင်းထောက် ဘဲဖြစ်ဖြစ်၊ နိုင်ငံတော် ၀န်ထမ်းဘဲဖြစ်ဖြစ်၊ အစိုးရအဖွဲ့
အကြီးအကဲဘဲ ဖြစ်ဖြစ် တရား ဥပဒေ ဆိုတာကို လိုက်နာကြရမှာဖြစ်ပြီး မလိုက်နာကြဘဲ ဖောက်ဖျက်လုပ်ဆောင်ရင်တော့
သက်ဆိုင်ရာကနေ ပြထန်းပြီး ဥပဒေများအတိုင်းဘဲ အရေးယူဆောင်ရွက်ခြင်း ကို လိုအပ်သလို လုပ်ဆောာင်သွားမှာဖြစ်လို့
ခံရမှာပါဘဲ … ဟု Gold Luck မှ တာဝန်ရှိ အကြီးအကဲ
တဦးက သတင်းထောက်များကို အတည်ပြု ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
DVB
သတင်းထောက် ခွန်ဇော်ဦး ကို တရားမ၀င် လိုင်စင်မဲ့ကား ကိုယ်တိုင် လိုက်ပြီး မောင်းနှင်
စီးနှင်းသည့်အတွက် လားရှိုးယဉ်ထိမ်းတပ်ဖွဲ့ တာဝန်မှူး က တရားလိုပြုပြီး သက်ဆိုင်ရာ
ယာဉ်စည်းကမ်း၊
လမ်းစည်းကမ်း များနှင့်ပတ်သက်သည့် ဥပဒေများနှင့် အညီ အရေးယူဆောင်ရွက်ခဲ့သည့်အတွက် ခွန်ဇော်ဦးကို ဇူလိုင်လကုန်ပိုင်း(၂၈)ရက်နေ့၌ လားရှိုးမြို့
ယာဉ်ထိမ်းတာဝန်ရှိသူများက ဖမ်းဆီးခဲ့ပြီး လားရှိုးမြို့နယ်တရားရုံးကို ဇူလိုင်လ (၃၀)ရက်နေ့၌
ရုံးထုတ် ယမန်ယူခဲ့ပြီး တရားရုံးဘက်မှ အာမခံ ရရှိနိုင်ရေးအတွက် ခွန်ဇော်ဦး ဘက်ကနေ
အိမ်ပိုင်ရှိသူ နှစ်ဦးကနေ အာမခံကိစ္စများ လုပ်ဆောင်ခဲ့ပြီး တရားသူကြီးကနေ ခွန်ဇော်ဦးကို
အာမခံ ပေးခဲ့ကြောင်း သိရှိရပြီး အဲ့ဒီနေ့မှာဘဲ တရားရုံးတွင်းမှာကို သတင်းထောက် အချို့ကို
အင်တာဗျူး ပြန်လ်ာဖြေဆို ခဲ့ပြီး သူလိုင်စင်မဲ့ကားစီးလို့
အ ရေးယူခံရတယ် အခြားသူတေါလည်း ရှမ်းပြည်မြောက်ပိုင်းမှာ သိန်းချီပြီး လိုင်စင်မဲ့ကား
စီးနှင်းမောင်းနှင် နေကြတာကို အစိုးရတာဝန်ရှိသူများအနေနဲ့ ထိရောက်သော လုပ်ဆောင်မှုများ လုပ်ဆောင်နိုင်ရေး
ပြောသွားတာပါ…။ လုပ်ငန်းရှင် ဦးရဲနိုင် က
သူ့ကို လိုင်စင်မဲ့ကားနဲ့လာလို့ ဆိုပြီး ယာဉ်ထိမ်းကို
တိုင်ပြီးဖမ်းခိုင်းပါတယ်… သူ့တံခါးကို နာရီဝှက် ခန့် ဖွင့်မပေးဘဲ ပိတ်ထားပြီးလုပ်တယ် ဆိုပြီး ဟုတ်မှန်ခြင်း ရာခိုင်နှုန်းပြည့်
မရှိသည့်
စကားကို ရယ်ဖွယ်ရာ ပြော သွားတာပါ…။
စကားကို ရယ်ဖွယ်ရာ ပြော သွားတာပါ…။
သတင်းမီဒီယာ
ကောင်စီကို တိုင်ကြားထားတာတွေရှိလို့ သွားရောက်ပြီး ဖြစ်စဉ်မှန်ကို ပြောဆိုသွားမှာဖြစ်သလို
သက်သေခံ CCTV ဖိုင်တွေလည်း တင်ပြသွားမှာဖြစ်ကြောင်းနှင့် Gold Luck Water Park မှ တာဝန်ရှိသူ
တဦးလည်း လုပ်ငန်းရှင် MD ဦးရဲနိုင်နှင့် အတူ လိုက်ပါသွားမှာဖြစ်ပြီး ၄င်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း
၏ တရားဝင် သတင်းအေဂျင်စီ လုပ်ငန်းကို သတင်းမီဒီယာ နည်းဥပဒေ၊ ကျင့်ဝဋ် နှစ်ကာလများစွာ
သိရှိ နားလည်တတ်ကျွမ်းသူ လိုက်နာ ဆောင်ရွက်ခဲ့သည့် နည်းပညာပိုင်းကိုလည်း ကိုယ်တိုင်တတ်သိနားလည်
လုပ်ဆောင်နေသူ ဖြစ်သောကြောင့် မှန်မှန်ကန်ကန် ဖြစ်သွားစေချင် သလို မဟုတ်မမှန် မဖြစ်ဖို့ သတင်းထောက်ဘက်ကို သတင်းမီဒီယာကောင်စီ လူကြီးတွေက
ကျင့်ဝဋ် ဆိုတာနဲ့အညီ မှန်မှန် ကန်ကန် ဆောင်ရွက်ဆုံးဖြတ် ပေးကြဖို့ လုပ်စရာရှိတာကို
လုပ်မယ် ဟုလည်း ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
လင်းလင်း
(လားရှိုး)



