“ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ရာသီတုတ်ကွေးရောဂါပိုးရှိသူ H1 N1 positive ကလေး(၂)ဦး စစစ်ဆေး တွေ့ရှိခဲ့ရကြောင်းနှင့် ရှမ်းပြည်နယ်တခုလုံး ရောဂါပိုးရှိသူ (၇)ဦး စစ်ဆေးတွေ့ရှိ”
တောင်ကြီး-ဇူလိုင်(၁၀)
ရှမ်းပြည်နယ်မြို့တော် တောင်ကြီး အမျိုးသမီးနှင့်ကလေးဆေးရုံကြီးတွင်
H1N1 positive ရာသီတုတ်ကွေး
ရောဂါဖြစ်ပွားလျှက်ရှိသူ (၂)ဦးရှိကြောင်းနှင့်
ရှမ်းပြည်နယ်တခုလုံးတွင် ရောဂါပိုးရှိသူ (၇)ဦးရှိကြောင်းကို ဇူလိုင်(၁၀)ရက်၌
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က မီဒီယာများကို
အတည်ပြုပြောကြားခဲ့သည်။
ဇူလိုင်(၉)ရက်နေ့က ၆
နှစ်အရွယ် ကလေးငယ်တဦး ရောဂါဖြစ်ပွားတာကို စစ်ဆေးတွေ့ရှိခဲ့ရပြီး ဇူလိုင် (၁၀)ရက်မှာတော့
မောင်နှမတော်စပ်သူ နောက်ထပ် ကလေးငယ် တဦးကို
မောင်နှမှချင်းကူးစက်တဲ့အတွက် ရောဂါပိုးရှိနေကြောင်း ရောဂါပိုးရှိတဲ့
ကလေးတယောက်ကို ထပ်မံတွေ့ရှိတာဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တခုလုံး
အတိုင်းအတာနှင့် ရာသီ တုတ်ကွေးရောဂါ H1
N1 positive ရောဂါပိုးရှိသူ (၇)ဦး ကို စစ်ဆေးတွေ့ရှိထားကြောင်း သတင်းမီဒီယာများကို
ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်းရှိ အခြားသောတိုင်းနှင့်ပြည်နယ်များ၌ ဖော်ပြပါ
ရာသီတုတ်ကွေးရောဂါ H1 N1 ရောဂါပိုးရှိသူများကို စတင် စစ်ဆေးတွေ့ရှိနေပြီဆိုတည်းကပင်
ရှမ်းပြည်နယ်တွင်း
ကျန်းမာရေးတာဝန်ရှိသူ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများက ကြိုတင်
ပြင်ဆင်ဆောင်ရွက်မှုများ
ရောဂါပိုးရှိနေသည့် အခြားသော ဒေသများမှ
ကူးစက်နိုင်ခြင်းမရှိစေရေးအတွက် အတတ်နိုင်ဆုံး
ပြုလုပ်ခဲ့တဲ့အတွက်
အဲ့ဒီရောဂါနဲ့ သေဆုံးသူ ရှမ်းပြည်နယ်အတွင်း၌ မရှိခဲ့ကြောင်း
ဆက်လက်ပြောကြားခဲ့ပါသည်။
ရှမ်းပြည်နယ်အတွင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများအနေဖြင့်လည်း
ယင်း ရာသီတုတ်ကွေးရောဂါပိုး ရှိနေသကဲ့သို့ သံသယ ဖြစ်နေပါကလည်း သက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်း၊
ကိန်းမာရေးဌာနတွေကို ချက်ခြင်း သွားရောက် ပြသကြရန်နှင့် လက်ရှိ ရှမ်းပြည်နယ်အတွင်း ရောဂါပိုးရှိသူ လူနာများမှာလည်း အချိန်မှီဆေးကုသမှုပြုနေပြီဖြစ်သည့်အတွက်
ပြည်သူများအနေဖြင့် စိုးရိမ်ကြောင့်ကျ ခြင်းမရှိကြရန် ကိုလည်း ပြည်နယ် လူမှုရေးဝန်ကြီး
ကပြောကြားခဲ့ကြောင်း သိရှိရသလို မြန်မာတနိုင်ငံလုံးအတိုင်းအတာ အနေနှင့်
ရာသီတုပ်ကွေး သံသယလူနာ (၅၁၇) ဦး
ရှိခဲ့ပြီး ဓာတ်ခွဲစစ်ဆေးခဲ့ရာ
ရောဂါပိုးတွေ့ရှိသူပေါင်း (၁၈၆)ဦး ရှိပြီး
သေဆုံးသူ (၃၄) ဦး ရှိခဲ့ကြောင်း
ကျန်းမာရေးနှင့် အားကစား
ဝန်ကြီးဌာနက ယခုနှစ်
ဇူလိုင်(၉)ရက်နေ့အထိ စစ်ဆေးတွေ့
ရှိခဲ့သည့် ရောဂါပိုးရှိသူ လူနာများဦးရေနှင့် သံသယလူနာဦးရေ
အပါအ၀င်
သေဆုံးသူ လူနာဦးရေကို
သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။
L2 (LSO)