“ရှမ်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ရှမ်း/မြောက် လားရှိုးမြို့နယ်တွင်းရှိ ကျေးရွာများမှ တောင်သူ (၁၄၇)ဦးကို လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ(၇)လက်မှတ် ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်”


 လားရှိုး - ဇူလိုင်(၇)

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် သည် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ ကျေးရွာများမှ တောင်သူ(၁၄၇)ဦး ကို လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)လက်မှတ် ပေးအပ်ခြင်း အခမ်းအနားကို ဇူလိုင်(၇)ရက်၊ နံနက်(၉း၀၀)အချိန်က လားရှိုးမြို့၊ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
လားရှိုးမြို့နယ်တွင်းရှိ နမ့်တွန်း၊ ဆုံကွယ်၊ ဟူးမွန်၊ မန်အိုင်၊ ဟန်နား ကျေးရွာအုပ်စု တို့မှ တောင်သူ(၁၄၇)ဦးကို လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)ကို ပေးခဲ့ခြင်းဖြစ်သလို သက်ဆိုင်သည့် တောင်သူများအတွက် ပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများကိုယ်တိုင် အခမ်းအနားဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။
နမ့်တွန်းကျေးရွာအုပ်စုမှ တောင်သူ(၆၀)ဦး ဆုံကွယ်ကျေးရွာအုပ်စုမှတောင်သူ(၂၅)ဦး ဟူးမွန်ကျေးရွာအုပ်စု မှတောင်သူ(၄)ဦး၊ မန်အိုင်ကျေးရွာအုပ်စုမှတောင်သူ(၁၉)ဦး၊ ဟန်နားကျေးရွာအုပ်စုမှတောင်သူ(၃၉)ဦး တို့အတွက် ၄င်းကျေးရွာအသီးသီး၏ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက တောင်သူများကိုယ်စား 
လက်ခံရယူပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ထို့နောက် တွင် တောင်သူများကိုယ်စား ဆုံကွယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းလူက
ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပါသည်။

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် သည် အဖွဲ့ဝင် အဖြစ်လိုက်ပါလာသည့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ လားရှိုးမြို့ ရပ်ကွက်(၁၂)၊ အ ဝေရာ လမ်း၌ လားရှိုးမြို့နယ် စည်ပင်သာယာရေး ဌာန ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် လုပ်ငန်း  ခွင့်ပြုငွေကျပ် သန်း(၂၇.၅၆၅) ဖင့် နရသိန် ကုမ္ပဏီက ဆောင်ရွက်ခဲ့သည့် ကတ္တရာ ထပ်ပိုးလွှခင်းခြင်းလုပ်ငန်း၏ လမ်းအရှည်(၂၅၀၀)ပေ၊ လမ်းအကျယ်(၁၂)၊ လမ်းအမြင့်(၃)လက်မရှိသော ကတ္တရာ ထပ်ပိုးထားသည့် လမ်းမကြီးများ၏ ပြီးစီးနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ဖြည့်စွက် မှာကြားခဲ့ပါသည်။
ဆက်လက်၍ လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာအနီးရှိ အရှည်ပေ(၇၅၀)ပေ၊ အကျယ်(၃၀၀)ပေ၊ အမြင့်(၁၆)ပေရှိ ကုန်းပေါင်းဆည်(ခ)ဟိုပိတ်ဆည် (ခ)အောင်ချမ်းသာဆည် (၁၀၀)ဧကခ န့်သောက်သုံးရေ အကျိုးပြုနိုင်ပြီး ရေလှောင်ပမာဏ ဂါလံ(၁၀၀.၄)သိန်းရှိ ဆည်အား ဦးထွန်းခင်သန်း၊ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)၊ ဆည်မြောင်း နှင့် ရေ အသုံးချဦးစီးဌာန ရှမ်း/မြောက်က သဲ၊ နှုန်း တူးဖေါ်ခြင်းလုပ်ငန်း ဆောင်ရွက်လျှက်ရှိသည့် အပေါ် ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များနှင့် ဖြည့်ဆည်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို မှာကြားခဲ့ကြောင်း သိရှိရသလို  ပြည်နယ်ဝန်ကြီးချုပ်မှ ဒေသခံတိုင်းရင်းသား ပြည်သူများကို ရင်းရင်းနီးနိး တွေ့ဆုံ 
နုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

Source & Photo ; IPRD (LSO)