“ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ မိထ္ထီလာ-တောင်ကြီး- ကျိုင်းတုံ-တာချီလိတ်လမ်းပေါ်ရှိ သံလွင်မြစ်ကူးတံတား(တာကော်)ပန္နက်တော်တင် မင်္ဂလာကျင်းပပြုလုပ်ခဲ့”


တောင်ကြီး - ဇူလိုင်(၁၁)

ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့်(အရှေ့ပိုင်း)ဆက်သွယ်ထားသည့် မိထ္ထီလာ- တောင်ကြီး- ကျိုင်းတုံ- တာချီလိတ်လမ်းမိုင်တိုင်အမှတ်(၂၈၃/၂နှင့်၂၈၃/၄)အတွင်း တည်ရှိသည့် သံလွင်မြစ်ကူး(တာကော်) တံတားအသစပန္နက်တော်တင်တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကို ပြီးခဲ့သည့် ဇူလိုင်(၁၁)ရက်နေ့ နံနက်(၉း၀၀)အချိန်က အဲ့ဒီတံတားတည်ဆောက်မည့် မြေနေရာ၌ပင် ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် တက်ရောက်ကာ ပန္နက်တော်တင်ပေးခဲ့ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ လာအိုနိုင်ငံများကို ဆက်သွယ် သွားလာနိုင်သည့် အာရှလမ်းမကြီးနှင့် ဆက်စပ်လျှက်ရှိကြောင်း၊ ဒေသတွင်းမှ ထွက်ကုန်များသာမက မြန်မာနိုင်ငံ၏ ဒေသအသီးသီးမှ ထွက်ကုန်များကိုပါ  
အိမ်နီချင်းနိုင်ငံများသို့ပေးပို့ တင်သွင်းနိုင်ခြင်းတို့ကြောင့် နိုင်ငံစီးပွားရေးအတွက် 
အဓိကအချက်အချာကြပြီး ကုန်စည်များလျင်မြန်ချောမွေ့စွာ ပို့ဆောင်နိုင်ရေးနှင့် 
သယ်ယူပို့ဆောင် ကုန်ကျစရိတ်များ လျော့ကျနိုင်ရေး အတွက် တန်(၄၀)အထက် 
ယာဉ်ကြီးများမှာ အဆိုပါလမ်းပေါ်တွင် ဖြတ်သန်းသွားလာလျှက်ရှိပြီး 
လမ်းမကြီးပေါ်ရှိ တံတားများအား တန်(၆၀)ခံနိုင်ဝန် ရှိသော  
တံတားများအဖြစ်သို့ အဆင့်မြှင့်တင် တည်ဆောက်ခြင်းဖြစ်ကြောင်း  
ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွ၌် က အခမ်းအနား၌ 
ထည့်သွင်း ပြောကြားခဲ့ပါသည်။

ထို့နောက်တွင် ဆောက်လလုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဦးကျော်လင်း မှ လက်ရှိအသုံးပြု လျှက်ရှိနေသည့်  သံလွင်မြစ်ကူးတံတား(တာကော်) အဟောင်း ၏ ကြံ့ခိုင်မှုအခြေအနေ နှင့် ယခုလက်ရှိ အသစ်တည်ဆောက်မည့် တံတား၏ ဆိုင်ရာအချက်အလက်များအား
ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်၍ မင်္ဂလာအချိန်သို့ ကျရောက်ပြီဖြစ်ကြောင်း အခမ်းအနားမှူးမှ ကြေငြာလိုက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်၊ ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်၊ မိုင်းပျဉ်းမဲဆန္နနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်နှင့် ကွန်ဟိန်းမဲဆန္နနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ် နန်းခင်စောတို့က အသစ်တည်ဆောက်မည့်  တံတားပန္နက်တင်မင်္ဂလာကို မင်္ဂလာအချိန်တွင် ပန္နက်တော်များ ရိုက်သွင်းပေးခဲ့ကြသလို  အမွှေးနံ့သာရေများ ပက်ဖြန်းခြင်း မင်္ဂလာတို့အား ပြုလုပ်ခဲ့ကြသည်။
ထို့နောက်တွင် တံတားသစ်တည်ဆောက်မည့် တည်နေရာ အနီး၌ စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးကြပါသည်။ 

ယခင်အသုံးပြု ဖြတ်သန်းသွားလာခဲ့သည့် သံလွင်မြစ်ကူးတံတား (တာကော်)မှာ  
သက်တမ်းအားဖြင့် (၄၅)နှစ်ခန့် ခဲ့ပြီဖြစ်သလို  ယိုယွင်းပျက်စီးမှုများလည်း တွေ့ရှိ
လာသည့်အတွက် အဆိုပါ တံတား]ခံနိုင်ဝန်အားကို ယခင် ခွင့်ပြုတန်ချိန်ထက် တံတားခံနိုင်ဝန်အား(၂၄)တန် ထိလျှော့ချခွင့်ပြုထားသဖြင့် ယာဉ်ကြီးများ အဆင်ပြေချောမွေ့စွာဖြတ်သန်းသွားလာနိုင်ခြင်းမရှိကြောင်း၊ သို့ဖြစ်၍ 
ယခုဖော်ပြပါ   သံလွင်မြစ်ကူး တံတား(တာကော်)အား တံတားခံနိုင်ဝန် 
တန်(၆၀)အထက် ရှိသော တံတားအသစ် ကို ပြန်လည် 
တည်ဆောက်ရန်လိုအပ်ခဲ့ပါသည်။

ယခုတည်ဆောက်မည့် တံတားအူကြောင်းသည် တံတားဟောင်း ကွန်ဟိန်းဘက်ကမ်းတွင် 
(၃၀)မီတာနှင့် မိုင်းပျဉ်း ဘက်ကမ်းတွင်(၂၀)မီတာ အကွာတို့တွင် တံတားပေအရှည် 
(၃၅၁)မီတာဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း
သိရှိရသည်။