“ရှမ်းပြည်နယ်၊ ကယားပြည်နယ်တွင်း ဖမ်းဆီးရမိခဲ့သည့် ကာလတန်ဖိုး အမေရိကန်ဒေါ်လာ သန်း(၁၅၀)ကျော်ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ( ၁၈ )မျိုး၊ မီးရှို့ဖျက်ဆီးခဲ့”


တောင်ကြီး . ဇွန်(၂၆)

၂၀၁၉  ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့၊ ဇွန်(၂၆)ရက်နေ့တွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ် ပစ္စည်းများကို မီးရှို့ ဖျက်ဆီးသည့် အခမ်းအနား ရှမ်းပြည်နယ် တောင်ကြီးမြို့၊ အ ဝေရာ
မီးပုံးပျံကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်
ရှမ်းပြည်နယ်နှင့် ကကယားပြည်နယ်အတွင်း ၂၀၁၈ ခုနှစ်၊ ၂၀၁၉ ခုနှစ်အတွင်း ဖမ်းဆီးရမိခဲ့သည့်  သက်ဆိုင်ရာ တရားရုံးများက ပြစ်ဒဏ်ချမှတ်ပြီးသည့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဆပ်စပ်ပစ္စည်း များ၊ စုစုပေါင်း (၁၈)မျိုး၊ ကာလတန်းဖိုး အမေရိကန်ဒေါ်လာ သန်း(၁၅၀)ကျော်၊ တန်ဖိုးရှိသော မူးယစ်ဆေးဝါးများကို ထိုနေ့တွင်း မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းနှင့် ပမာဏထက်လည်း ယခင်နှစ်များထက် ပိုမိုဖမ်းဆီးရမိခဲ့သလို နှစ်စဉ်မီးရှို့ ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါး ပမာဏထက် ပိုမိုများပြားကြောင်း၊ ယခုနှစ်အလားတူ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့သည့် အခမ်းအနားကို ရန်ကုန်မြို့၊ မန္တလေးမြို့တို့တွင်လည်း ကျင်းပပြုလုပ်ခဲ့ရာ  တွင် ရှမ်းပြည်နယ်တောင်ကြီးမြို့တွင် ပြုလုပ်သည့် မူးယစ်ဆေးဝါးမီးရှိုးခဲ့ခြင်းမှာ 
အများဆုံးဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဇော်ခင်အောင် 
မှ မီဒီယာများသို့ ပြောကြားခဲ့ပါသည်။

ရှေးဦးစွာ  အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး အဖွဲ့နာယက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် တက်ရောက်ခဲ့ပြီး ဘိန်းစိုက်ပျိုးမှု ပြဿနာသည်ကြီးမာသည့် မူးယစ်ဆေး၀၀ါးဆိုင်ရာ ပြဿနာတရပ်အဖြစ်ရှိနေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 လွန်ခဲ့သော(၅)နှစ်ကျော်ကာလမှစတင်ကာ စိတ်ကြွရူးသွပ် ဆေးဝါး ပြဿနာသည်ကြီးထွားလာသည်ကိုတွေ့ရှိရကြောင်း၊ ဘိန်းစိုက်ပျိုးမှုအပြင် စိတ်ကြွဆေးဝါးထုတ်လုပ်မှု၊ သုံးစွဲမှုစသော စိန်ခေါ်မှုများနှင့် ထပ်မံရင်ဆိုင်နေရခြင်းအပေါ် ၂၀၁၅ခုနှစ်အလွန် မူးယစ်ဆေးဝါးလျှော့ချရေးလုပ်ငန်းစဉ်များနှင့်အညီ စတုတ္ထမူးယစ်ဆေးဝါးပပျောက်ရေး(၅)နှစ်စီမံကိန်းကို ၂၀၁၄−၂၀၁၅ခုနှစ်မှ ၂၀၁၈−၂၀၁၉ခုနှစ်အထိ တိုးမြှင့်၍ ထုတ်လုပ်မှု ပပျောက်ရေးနှင့် သုံးစွဲမှုပပျောက်ရေးလုပ်ငန်းစဉ်များကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော် စီမံခန့်ခွဲမှုအဖွဲ့မှလည်း ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(UNODC)၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)တို့နှင့်ပူးပေါင်းပြီး ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်ရှိ နောင်တရား၊ လွိုင်လင်၊ ဟိုပုံးနှင့် တာချီလိတ်မြို့နယ်များအတွင်း အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်းတံတားလုပ်ငန်းများ၊ ပညာရေး လုပ်ငန်းများ၊ ရေရရှိရေးလုပ်ငန်းများ၊ စွမ်းအင်လုပ်ငန်းနှင့် သာသနာရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရမှ မူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေးအတွက် အစိုးရဌာနဆိုင်ရာ အချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများဖြင့် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် မူးယစ်ဆေးဝါးကင်းစင်သော လူမှုဘဝပတ်ဝန်းကျင်ကို ဖန်တီးပြီး ခေတ်မှီတိုးတက်သည့် နိုင်ငံတော်ကြီးဖြစ်လာရန် ပြည်သူတစ်ရပ်လုံးက နိုင်ငံတော်အစိုးရနှင့်အတူ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်  ပြည်နယ်ဝန်ကြီးချုပ် မှ  ပြောကြားသွားခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်၍  မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီ:ကျော်ဆွေထံမှ ပေးပို့သောသဝဏ်လွှာအား ရှမ်းပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှ ဖတ်ကြားကြောင်း သိရှိရသလို (၃၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင်ဆုရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူ အသီးသီးတို့မှ ဆုချီးမြှင့်ပေးခဲ့ကြသည်။

L2 (LSO)