“တရုတ်နှင့် မွန်ဂိုးလီးယားကြားတွင် လေကြောင်းလမ်း ဖွင့်လှစ်”


ယူလန် ဘာတာ - ဧပြီ ()

 မွန်ဂိုးလီးယား အမျိုးသားလေကြောင်းလိုင်း(MIAT)မှ လေယာဉ်အားတွေ့ရစဉ်(ဓာတ်ပုံ- အင်တာနက်)

၂၀၁၉ ခုနှစ်၊ မတ်(၃၁)ရက်နေ့က တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ကွမ်ကျိုးနှင့် မွန်ဂိုးလီးယားနိုင်ငံ ယူလန်ဘာတာမြို့တော်ကို ဒေသတွင်းမွန်ဂိုးလီးယားအမျိုးသားလေကြောင်းလိုင်း ပျံသန်းမှုခရီးစဉ်သစ် တခုအဖြစ် ပထမဆုံးသော တိုက်ရိုက် လေကြောင်းလိုင်းတခုအဖြစ် စတင်ပျံသန်းပြေးဆွဲနိုင်ခဲ့ကြောင်းနှင့်  ထိုနေ့၏ (၁၀း၄၀)တွင် မွန်ဂိုးလီးယားနိုင်ငံ၏ Chinggis Khaan အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကွမ်ကျိုးသို့  ဖွင့်ပွဲအခမ်းအနားပြုလုပ်ကာ စတင် ထွက်ခွာပျံသန်းခဲ့ကြောင်း  
MIAT ဥက္ကဋ္ဌ Davaakhuu Battur က ဖွင့်ပွဲ၌ ပြောကြားခဲ့သည်ဟု 
သိရှိရပါသည်။

ဖော်ပြပါ လေကြောင်းလိုင်းသစ်အား စတင်ပျံသန်းနိုင်ခဲ့ခြင်းသည်   
တရုတ်နှင့် မွန်ဂိုးလီးယား နှစ်နိုင်ငံကြား ခရီးသွားလုပ်ငန်းနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ၊ ကုန်သွယ်ရေးတို့ကို အလွန်အထောက်အကူပြုမည့် လေကြောင်းလိုင်း လမ်းကြောင်းတခုဖြစ်လာမည်ဟု မိမိအနေဖြင့် ယုံကြည်ထားပါကြောင်း  MIAT ဥက္ကဋ္ဌ  Davaakhuu Battur က ဖွင့်ပွဲအခမ်းအနား၌ ထည့်သွင်း ပြောကြားခဲ့သည်ဟုလည်း သိရှိရပါသည်။

အဆိုပါ လေကြောင်းလိုင်းသစ်ကို စတင်ပျံသန်းနိုင်ခဲ့ခြင်းမှာ တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်၏ မြို့တော် ကွမ်ကျိုးနှင့် မွန်ဂိုးလီးယားနိုင်ငံ၏ မြို့တော် ယူလန်ဘာတာ ကြားတွင် ဒေသတွင်း လေကြောင်းပျံသန်းမှု ကွန်ယက်များချဲ့ထွင်ကြိုးပမ်းရန် မွန်ဂိုးလီးယား အမျိုးသား လေကြောင်းလိုင်း (MIAT) ၏ အားထုတ်မှုတစ်ရပ် ဖြစ်ကြောင်း ၄င်းလေကြောင်းလိုင်းမှ 
သတင်းထုတ်ပြန်ခဲ့သည်ဟု သိရှိရပါသည်။

ခရီးစဉ်များကို အပတ်စဉ် ကြသပတေးနေ့နှင့် စနေနေ့ များတွင် ပုံမှန်ပြေးဆွဲသွားမှာဖြစ်ကြောင်း ၄င်းလေကြောင်းလိုင်း ကုမ္ပဏီမှ သိရှိရသလို ယင်း MIAT လေကြောင်းလိုင်းမှာ ယခုခါ တရုတ်နိုင်ငံအတွင်း ဟောင်ကောင်၊ ဘေဂျင်းနှင့် ကွမ်ကျိုးသို့ တိုက်ရိုက် လေကြောင်းခရီးစဉ် သုံးခု ပြေးဆွဲလျက်ရှိကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက 
ထုတ်ပြန်ကြေငြာခဲ့ပါသည်။




Source ; http://xinhuamyanmar.com/world/asia/22023-2019-04-01-10-17-37