“တာချီလိတ်မြို့၌ ပန့်ဆီဆိုင်ပိုင်ရှင် တဦးအား နေ့ခင်းအချိန်၌ပင် မြို့လည်ခေါင် အာခါမီးပွိုင့်တွင် သေနပ်ပတ်ခံရပြီး သေဆုံး”
တာချီလိတ်-
ဇန်န၀ါရီ(၃၁)
ရှမ်းပြည်နယ်အရှေ့ပိုင်း
တာချီလိတ်မြို့တွင် မြို့ခံလုပ်ငန်းရှင်ကြီးတဦးကို အမည်မသိ လက်နှက်ကိုင်သူများက သေနပ်(၅)ချက်ပစ်ခတ်သွားသောကြောင့်
် ၄င်းလုပ်ငန်းရှင်မှာ
အခင်းဖြစ်နေရာ၌ပင် သေဆုံးခဲ့ကြောင်း
ဒေသအခြေစိုက်
တာချီလိတ်သတင်းအေဂျင်စီမှ ဖော်ပြခဲ့ပါသည်။
ဖြစ်စဉ်မှာ
ဇန်န၀ါရီ (၂၉)ရက်၊ မွန်းလွဲ (၁း၃၀)ခန့်အချိန်၌ တာချီလိတ်မြို့၊
လုပ်ငန်းရှင် ဦးအာဖာ
၏ကားသည် အာခါဈေးမီးပွိုင့်၌ မီးနီမိနေစဉ်
အမည်မသိ
လက်နှက်ကိုင်ဆောင်သူ နှစ်ဦးက ဆိုင်ကယ်စီးလာပြီး ဦးအာဖာ ဦးခေါင်းကို
သေနပ်(၅)ချက်ခန့်
ပစ်သွားပြီး ထိုနေရာ၌ပင် ပစ်ခတ်ခံရသူ ဦးအာဖာ သေဆုံးသွားကြောင်း မျက်မြင်တဦးက
ပြောကြားခဲ့ကြောင်း၊ ၄င်း ဦးအာဖာ သည် ယခင် ခွန်ဆာလက်နှက်ချအဖွဲ့ဝင် တဦးဖြစ်ခဲ့ပြီး
လက်ရှိတွင် တာချီလိတ်မြို့တွင် တပင်ရွှေထီးဓါတ်ဆီပန့်ဆိုင်များကို ပိုင်ဆိုင်သူ အသက်(၅၁)နှစ်အရွယ်ဖြစ်ကြောင်း၊
အဆိုပါဖြစ်စဉ်အပေါ်တွင် ဒေသခြေစိုက်
သတင်းအေဂျင်စီ ကသက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ ဆက်သွယ်
စုံစမ်းခဲ့သော်လည်း တစုံတရာပြန်လည်ဖြေကြားခဲ့ခြင်း မရှိကြောင်း၊ မြို့ခံပြည်သူများမှာ
ယင်းကဲ့သို့ နေ့ခင်း
အချိန်မျိုး၌ပင် လူစည်ကားသည့် အာခါဈေးမီးပွိုင့်လိုနေရာမျိုးတွင်
သေနပ်ဖြင့်ပစ်ခတ်
သွားသည့် ဖြစ်စဉ်မျိုးဖြစ်ပွားခဲ့ခြင်းမှာ လုံခြုံရေးပိုင်းဆိုင်ရာ
အခြေအနေမှာ
စိုးရိမ်ဖွယ်အခြေအနေမျိုး ပင်ဖြစ်နေကြောင်း
သုံးသပ်ပြောဆိုနေကြသည်ဟု
သိရှိရပါသည်။
တာချီလိတ်မြို့သည်
မြန်မာနှင့် ထိုင်း နိုင်ငံ နယ်စပ်မြို့ဖြစ်ကာ
ယင်းဖြစ်စဉ်ကဲ့သို့သော သေနပ်ပစ်ခတ်သည့်
ဖြစ်စဉ်မျိုး မကြာခဏ ဆိုသလို
ဖြစ်ပွားတတ်ကြောင်း လည်း အဆိုပါ ဒေသခံများကပြောဆိုနေကြ
ကြောင်း
သိရှိရသည်။