“နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ ခရစ္စမတ်ပွဲတော်နှင့် ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားသို့ တက်ရောက်”
နေပြည်တော် - ဒီဇင်ဘာ (၂၁)
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် ယနေ့ညနေ ၅ နာရီခွဲတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ နေအိမ်၌ကျင်းပသည့် ခရစ္စမတ်ပွဲတော်နှင့် ကျေးဇူးတော် ချီးမွမ်းခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် သမ္မတဟောင်း ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်ဇနီးဒေါ်ရင်မေ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး ဒေါ်နန့်ကြင်ကြည်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့်ဇနီး၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၏ဇနီး၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့်ဇနီး၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ် များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်ဇနီး၊ ပြည် ထောင်စုဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းနှင့်ဇနီး၊
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြနှင့်ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး၊ ကယား ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုးနှင့်ဇနီး၊ ဒုတိယဝန်ကြီးများနှင့်၎င်းတို့၏ ဇနီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးအဖွဲ့ဝင်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီဝင်များ၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရစ်ယာန်အသင်းတော်များမှ သင်းအုပ် ဆရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့်ဇနီး ဒေါက်တာရွှေလွှမ်း တို့က ကြိုဆိုနှုတ်ဆက်ကြသည်။
အခမ်းအနားကို Rev.M.D.Chang Hkaw က ခရစ္စမတ်ဆုမွန်ကောင်း တောင်း၍ ဖွင့်လှစ်ပေးပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ခရစ္စမတ်ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် Sang Pi က ခရစ္စမတ်ဓမ္မတေး သီဆိုချီးမွမ်းသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ခရစ္စမတ်နှုတ်ခွန်းဆက် ဆုတောင်းစကားပြောကြားသည်။
ယင်းနောက် Jesse Van Bawi က ခရစ္စမတ်ဓမ္မတေးသီချင်းသီဆိုသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ခရစ္စမတ်နှုတ်ခွန်းဆက် ဆုတောင်းစကားပြောကြားသည်။
ယင်းနောက် Rev.Dr. Toe Toe က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံသူနိုင်ငံသားများနှင့် နိုင်ငံအကြီးအကဲများအတွက် ဆုတောင်းမေတ္တာပို့သသည်။
ထို့နောက် Monsignor Basilio Soe Lin Aung က ခရစ်ယာန်ဂိုဏ်းပေါင်းစုံ များကိုယ်စား နှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် Jennifer Ngun Sui Par က ခရစ္စမတ်ဓမ္မတေးသီချင်း သီဆို သည်။
ထို့နောက် သိက္ခာတော်ရဆရာ Dr. Aye Min က ခရစ္စမတ်ဒေသနာတော်ကို ဟောကြားပြီး ခရစ္စမတ်နှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် အခမ်းအနားသို့ တက်ရောက်လာ ကြသူများသည် ခရစ်တော်မွေးနေ့ မိတ်သဟာယညစာကို အတူတကွသုံးဆောင်ကြ သည်။
ညစာသုံးဆောင်နေစဉ်အတွင်း တေးသံရှင်များက ခရစ္စမတ် တေးသီချင်းများ ကို သီဆိုကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့သည် ခရစ္စမတ်အထိမ်းအမှတ် ကိတ် ကို အတူတကွလှီးဖြတ်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော် နှင့်ဇနီး ဒေါ်စုစုလွင်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာရွှေလွှမ်း တို့က
တို့က ဦးဆောင်၍ ခရစ္စမတ်အထိမ်းအမှတ် ဖယောင်းတိုင်ကို ထွန်းညှိပေးကြသည်။
ယင်းနောက် The Most Revd. Stephen Than Myint Oo က ခရစ္စမတ် ဆုမွန်ကောင်းတောင်းပေးသည်။
ထို့နောက် ခရစ္စမတ်တေးသီချင်းများသီဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
Source; president-office.gov.mm







