“ကျောက်မဲမြို့ဘက်ခြမ်း ဂုတ်တွင်းလမ်းပိုင်း၌ ၁၂ဘီး ကုန်တင်ယာဉ်ကြီးတစ်စီး လမ်းကွေ့၌ အရှိန်မထိမ်းနိုင်ဘဲ ကျွန်းပင်အား ၀င်တိုက်မိခဲ့ရာ တစ်ဦးသေဆုံး”


ကျောက်မဲ - ဒီဇင်ဘာ(၂၀)

ရှမ်းပြည်နယ်(မြောက်ပိုင်း) မန္တလေး - လားရှိုး- မူဆယ် ပြည်ထေင်စုလမ်းမကြီး၏ ဂုတ်တွင်းလမ်းအပိုင်း ကျောက်မဲဘက်ခြမ်းတွင် ၁၂ ဘီး ကုန်တင်ယာဉ်ကြီးတစ်စီးမှာ ၄င်းတင်ဆောင်လာသည့် ကုန်တန်ချိန်နှင့် မောင်းနှင်နေသည့် အရှိန်ကို ရုတ်တရက်မထိမ်းနိုင်တော့ဘဲ လမ်းနဘေးရှိ ကျွန်းပင်အားဝင်တိုက်မိခဲ့ပြီး ယာဉ်ပိုင်ရှင်ဖြစ်သူ သေဆုံးခဲ့ကြောင်းနှင့် ဖော်ပြပါ ယာဉ်မတော်တဆမှုနှင့်ပတ်သက်ပြီးယာဉ်မောင်းဖြစ်သူ တောင်းတွင်းကြီးမြို့၊ ရွှေအိုး(၁)ရပ်ကွက်နေသူ ၁၂ ဘီး ယာဉ် မောင်း ရဲဇော်(၃၃)နှစ်အား ကျောက်မဲမြို့မရဲစခန်းမှ ယာဉ်(ပ)၂၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၀၄-က ဖြင့် အရေးယူအမှုဖွင့်ထားကြောင်း ကျောက်မဲရဲစခန်းမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ(၂၀) နံနက်ပိုင်း( ၅း၀၀)အချိန်ခန့်တွင် ကုန်တင် ၁၂ဘီး ယာဉ်ကြီးတစ်စီး  သည် ယာဉ်မောင်း ရဲဇော် (၃၃)နှစ်၊ မောင်းနှင်လာခဲ့ရာ မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး၏ ဂုတ်တွင်းလမ်းအပိုင်းမှ ကျောက်မဲ-နောင်ချိုလမ်းအပိုင်းကို စတင်ကာ အဆင်းလမ်းအတိုင်း ဖြတ်သန်း မောင်းနှင်လာစဉ် ဂုတ်တွင်းလမ်းပိုင်းမိုင်တိုင်အမှတ် (၈၇)အနီးရှိ  ကွေ့အဆင်းတွင် အရှိန်မထိန်းနိုင်တော့ဘဲ လမ်းနဘေးရှိ ကျွန်းပင်အားဝင်တိုက်မိရာမှ ကားနှင့် သစ်ပင်ကြားတွင် ညပ်မိခဲ့သည့် ရှေ့ခန်းတွင် လိုက်ပါစီးနင်း လာသူ ယာဉ်ပိုင်းရှင် အုံနာ-စပယ်ယာ ဖြစ်သူမှာ သေဆုံးသွားခဲ့ကြောင်းနှင့် ထိုကားနှင့် သစ်ပင်ကြားညှပ်မိ နေသည့်အတွက် ခက်ခဲစွာဆွဲထုတ်ခဲ့ရကြောင်း၊ ထိုဖြစ်စဉ် ဖြစ်ပွားနေစဉ် ဂုတ်တွင်းလမ်းအပိုင်းကို ဖြတ်သန်း
မောင်းနှင်ခဲ့သည့် ယာဉ်မောင်းတစ်ဦးမှ မြင်တွေ့သိရှိခဲ့သည်များအပေါ် ပြန်လည်ပြောပြခဲ့ပါသည်။

“အခုဖြစ်သွားတဲ့ကားက ဘရိတ်ပေါက်ပြီးတော့ လမ်းဘေးထိုးကျပြီးတော့ သစ်ပင်ဝင်တိုက်တာပါ။ သစ်ပင်နဲ့ ညပ် သွားတာပါ။ အုံနာစပယ်ရာ သေဆုံးသွားတာပါ။ ခက်ခက်ခဲခဲထုတ်ခဲ့ရပါတယ်။ 
ထုတ်ပြီးတော့ ကျောက်မဲဆေး ရုံကို ပို့ဆောင်ပေးခဲ့တာပါ။” …… ဟု
ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း(နောင်ပိန်)မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ကြောင်းကိုလည်း ဒေသခံ သတင်းမီဒီယာများတွင် ဖော်ပြထားပါသည်။
ယခု ဒီဇင်ဘာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အချိန်အခါမဟုတ် မိုးများအဆက်မပြတ် ရွာသွန်းခဲ့သည့်အတွက် ရှမ်းပြည်မြောက်ပိုင်း ဟိုင်းဝေးလမ်းမကြီးဖြစ်သော မူဆယ်နှင့်လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းမကြီး တလျှောက်၌ ယာဉ်မတော်တဆမှုများ နေ့စဉ်ပင်တစ်ခါထက်မနည်း ဖြစ်ပါးခဲ့သလို ၄င်းဖြစ်ပွားခဲ့သည့်ယာဉ်မတော်တဆမှုများသည်လည်း ထိခိုက်ဒဏ်ရာရရှိသူများရှိသလို သေဆုံးသူများလည်း ရှိခဲ့ကြောင်း ဒီဇင်ဘာ(၁၈)ရက်နေ့ နံနက်ပိုင်းတွင်လည်း လားရှိုးနှင့် သိန္နီလမ်းအပိုင်းမှ လားရှိုးဘက်မှ မူဆယ်ဘက်သို့ နွားများတင်ဆောင်မောင်းနှင်လာသည့် ကားကြီးတစ်စီးမှာ ၁၂ မိုင်တောင်ကို တက်နေစဉ် ၄င်းကုန်ချိန်ကို မနိုင်တော့ဘဲ နောက်ကို ပြန်လိမ့်သွားခဲ့ရာတွင် ၄င်းနွားကား၏နောက်မှ မောင်းနှင်လာသည့် တွဲကားကြီးကို နောင်ပြန်တိုက်မိခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည့် သတင်းကိုလည်း ကြားသိခဲ့ရကြောင်း 
ဒေသခံ ခရီးသွားပြည်သူ တစ်ဦးမှ လားရှိုးမီဒီယာဂရုသို့ ၄င်းခရီးသွားနေစဉ် ကြုံတွေ့ခဲ့သည့် ယာဉ်မတော်တဆမှုနှင့်ပတ်သက်ပြီး ယခုလို ထပ်မံပြောပြခဲ့ပါသည်။

သို့ဖြစ်၍ ယခုလို မိုးရုတ်တရက် နေ့ဆက်ပြီးရွာလိုက်သည့်အတွက် လမ်းများသည် မိုးရေကြောင်း ရွှန့်များရှိသည့်နေရာများရှိသလို မိုးရေဖြင့်လမ်းများချောနေသည့်အတွက် ရှမ်းမြောက်လမ်းအပိုင်းကို မောင်းနှင်သွားလာနေသည့် ယာဉ်မောင်းများတိုင်းမှာ ယခုရက်ပိုင်း မိုးရွာသွန်းသည့်အချိန်အခါ၌  တောင်ပေါ်လမ်းကို သတိရှိစွာ မောင်းနှင်သွားလာ နိုင်ကြစေရေးအတွက် အဆိုပါလမ်းအပိုင်း၌ ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆ မှုသတင်းများအား ရေးသားဖော်ပြလိုက်သည်။

L2 (LSO)

Photo ;   f b