လားရှိုး-ဒီဇင်ဘာ(၂၉)
မှုခင်း ကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုအန္တရာယ်တားဆီး
ကာ ကွယ်ရေးနှင့် ပတ်သက်၍
အသိပညာပေး ဟောပြောပွဲကို ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊
ဟူးမွန် ရပ်ကွက်ရှိ မိုင်ဆုန်ခန်းမဆောင်တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ(၂၉)ရက်၊
နံနက်(၁၀း၀၀)အချိန်တွင် ဟောပြောပွဲစတင်ပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏
ရဲသတင်းပြန်ကြားရေး
မှ သိရှိရသည်။
အဆိုပါဟောပြောပွဲ၌ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ချစ်ညို
ဦးစီးသည့် တပ်ဖွဲ့ဝင်များက
ဟောပြောခဲ့ကြခြင်းဖြစ်ကာ မှုခင်း ကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ်
တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုအန္တရာယ်တားဆီး ကာ ကွယ်ရေးနှင့် သက်ငယ်မုဒိမ်းမှုမဖြစ်ပွားစေရေး
အတွက် မိဘအုပ်ထိန်းသူများ သိသင့်သိထိုက်သည့် အချက်များ၊ ယာဉ်အန္တရာယ်
ကင်းရှင်းစေရေး အတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသလို ယင်းဟောပြောပွဲသို့ ရပ်ကါက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ ရပ်ဖများနှင့် ရပ်ကွက်နေ ပြည်သူများ
စုစုပေါင်း အင်အား(၅၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
စုစုပေါင်း အင်အား(၅၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
Source ; ရဲပြန်ကြား
