“မိုးမိတ်မြို့နယ်အတွင်းရှိ မိုးဟောက်ကျေးရွာအုပ်စုတွင် တန်ဖိုးငွေကျပ် ၁၃၅၇ . ၀၆ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ”
မိုးမိတ် - ဒီဇင်ဘာ (၂၀)
ဒီဇင်ဘဘာ(၁၉)ရက်နေ့တွင် မိုးမိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တန်ဖိုးငွေကျပ်
၁၃၅၇ . ၀၆ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများကိုဖမ်းဆီးရမိခဲ့ကြောင်း သက်ဆိုင်ရာမှ
သတင်းထုတ်ပြန်ခဲ့ပါသည်။
အဆိုပါ မူးယစ်ဆေးဝါးများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရန်အတွက်
ဒီဇင်ဘာ ၁၉ ရက်နေ့ (၆း၃၀)အချိန် မိုးမိတ်ခရိုင်ရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မိုးမိတ်မြို့နယ်၊ မိုးဟောက်ကျေးရွာအုပ်စု၊ ရွှေသဲဝကျေးရွာနေ အားတီရှင်း(ခ)အားရှင်းနှင့် ၎င်း၏ ဇနီးဖြစ်သူ မယန်းလွင်ဖန်း တို့၏နေအိမ်ဈေးဆိုင်တဲအား ဝင်ရောက်ရှာဖွေရာ ၎င်းတို့နှင့်အတူ သန့်ဇင်ထူး၊ အိုက်ဝှာ၊ ယန်ဝူး၊ အားမိုးတို့နှင့် ၎င်းဈေးဆိုင်တဲ၏အနောက်ဘက်ရှိတဲအတွင်းမှ လင်းလက်၊ နေလင်း၊ မင်းသူ တို့အား တွေ့ရှိ၍ရှာဖွေရာ အားတီရှင်း(ခ)အားရှင်းနှင့် မယန်းလွင်ဖန်း တို့၏အိပ်ခန်းအတွင်းနှင့် သန့်ဇင်ထူး၊ အိုက်ဝှာ၊ ယန်ဝူး၊ အားမိုးတို့အိပ်သည့်ကွပ်ပြစ်ခြေရင်းရှိ လွယ်အိတ်အတွင်းတို့မှ ဆပ်ပြာခွက် (၆၂၇)ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၆ ဒသမ ၂၇၄ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၅၀ ပြား၊ လင်းလက်၊ နေလင်းနှင့် မင်းသူတို့ အိပ်နေသည့် ခြေရင်းကော်ပုံး ပေါ်ရှိ ကြွပ်ကြွပ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ ပြားနှင့် မြန်မာငွေ ၅၇၀,၀၀၀ ကျပ် တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် အားတီရှင်း(ခ)အားရှင်း(၃၃)နှစ်၊ မယန်းလွင်ဖန်း(၃၁)နှစ်၊ သန့်ဇင်ထူး (၂၉)နှစ်၊ အိုက်ဝှာ(၃၃)နှစ်၊ ယန်ဝူး(၃၀)နှစ်၊ အားမိုး(၃၆)နှစ်၊ လင်းလက်(၁၉)နှစ်၊ နေလင်း(၁၈)နှစ်နှင့် မင်းသူ (၃၃)နှစ်တို့အား
မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သက်ဆိုင်ရာမှ သတင်းထုတ်ပြန်ဖော်ပြမှုအရ သိရှိရသည်။
Source ; ရဲဇာနည်
