နေပြည်တော် - ဒီဇင်ဘာ (၁၈)
ရှမ်းပြည်နယ်မြောက်ပိုင်း
လားရှိုးမြို့ရှိ မူးယစ်တပ်ဖွဲ့စု(၂၄) တပ်ဖွဲ့ဝင်များနှင့်
နယ်မြေခံလုံခြုံရေး တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ ဒီဇင်ဘာ (၁၇)ရက်၊
ည(၇း၀၀)အချိန်တွင် လားရှိုး-မူဆယ်သွား ဟိုင်းဝေးလမ်းပေါ်ရှိ
လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာ၊ အိုရီယမ်တယ်
တိုးဂိတ်အနီး၌ သတင်းများအရ မသင်ကာသော ကားများကိုရပ်တန့်စေပြီး ၄င်းကားပေါ်ပါ တင်ဆောင်လာသည့်
ပစ္စည်းများအား ရှာဖွေစစ်ဆေးမှုများပြုလုပ်နေစဉ် ယိန်းဆော်
မောင်းနှင် လာသည့် CANTER အမျိုးအစား မော်တော်ယာဉ်၏
ကားအတွင်း၏ နောက်ခန်းကြမ်းခင်းအောက်ပိုင်းရှိ အံဝှက်အတွင်းမှ ဘိန်းဖြူ ဟုယူဆရသည့် အမှုန့်များထည့်ထားသည့် ရောင်စုံဆပ်ပြာခွက်(၈၈၀)ခွက်၊ အလေးချိန်အားဖြင့်
(၉ ဒသမ ၆၈)ကီလိုအား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသလို ၄င်းနှင့်အတူ မြန်မာငွေ
ကျပ်(၁၉၅,၀၀၀/ိ)ကိုလည်း တပါတည်းသိမ်းဆည်းရမိခဲ့ကြောင်း
သိရှိရပါသည်။
(၉ ဒသမ ၆၈)ကီလိုအား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသလို ၄င်းနှင့်အတူ မြန်မာငွေ
ကျပ်(၁၉၅,၀၀၀/ိ)ကိုလည်း တပါတည်းသိမ်းဆည်းရမိခဲ့ကြောင်း
သိရှိရပါသည်။
သို့ဖြစ်၍
ဖော်ပြပါ တရာမ၀င်မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် ယိန်းဆော်
(၁၈)နှစ် ကို လားရှိုးမြို့နယ် မူးယစ်တပ်ဖွဲ့စု (၂၄)မှ တာဝန်ရှိသူ မှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာဥပဒေအရ
အရေးယူထားကြောင်း သက်ဆိုင်ရာမှ
သတင်းထုတ်ပြန်မှုအရ သိရရှိရသည်။
Source: ရဲဇာနည်
