“လားရှိုးမြို့နယ် မန်ဆန်းရေကျ ဘုန်းတော်ကြီးကျောင်းသို့ နားမခေါ်ကျေးရွာအုပ်စု ဟိုးနားရွာ မှ ဒေသခံ ရွာသား(၃၀၀)ကျော်ခန့် မနက်အစောပိုင်းတွင် တိုက်ပွဲရှောင် ရောက်ရှိလာ”



လားရှိုး - ဒီဇင်ဘာ(၁၃)

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် နားမခေါ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ပြီးခဲ့သည့် ဒီဇင်ဘာ(၁၀)ရက် မနက်ပိုင်းက နားမခေါ်ကျေးရွာအုပ်စု ဟိုနားရွာအရှေ့ဘက်ခြမ်း နှစ်မိုင်ခန့်၌ တိုက်ပွဲများဖြစ်ပွားခဲ့သည့်အတွက်  ဒေသခံကျေးရွာများ၌ နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများမှ နားမခေါ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ တိုက်ပွဲရှောင်ရောက်ရှိခဲ့ကြကြောင်း အနီးနားကျေးရွာမှ ရွာသားတဦးထံက သတင်းရရှိသည်။

“တိုက်ပွဲရှောင်လာကြတဲ့ ဒေသခံရွာသားတွေဟာ စိုက်ပျိုးထားရှိတဲ့ စားပင်သီးပင်များကို ရိတ်သိမ်းခြင်း မပြုလုပ်ရသေးတဲ့အတွက် သူတို့တွေရဲ့ လယ်ယာတွေ တောင်ယာ ဥယာဉ်ခြံတွေက စိုက်ပျိုးပင်တွေအတွက် စိုးရိမ်ပူပန်တာတွေကြုံတွေ့နေကြရတယ် ….” ဟု တိုက်ပွဲရှောင်လာသည့် ဒေသခံရွာသားအိုက်စိုင်းက လားရှိုးမီဒီယာဂရု သို့ဆိုသည်။

သီပေါမြို့နယ် ဟိုနားရွာအနီး တိုက်ပွဲတွေဖြစ်တဲ့အတွက် ဟိုနားကျေးရွာအုပ်စုမှ ဒေသခံတိုင်းရင်းသားပြည်သူ ( ၃၀၀ )ကျော်ခန့် မှာ နားမဘေုန်းခေါ် 
ဘုန်းတော်ကြီးကျောင်းသို့ တိုက်ပွဲရှောင်ရောက်ရှိခဲ့ကြခြင်းဖြစ်ကြောင်းနှင့် 
၎င်းတိုက်ပွဲရှောင်ပြည်သူများ၏ စားရေးသောက်ရေးအတွက် လည်း 
အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့ခဲ့ကြရကြောင်းအဆိုပါ 
ကျေးရွာအုပ်ချုပ်မှု တာဝန်ရှိသူများထံ
စုံစမ်းမေးမြန်းမှုအရ သိရှိရပါသည်။

ထိုဒေသတ၀ိုက်ကို ၄င်းတို့စစ်ကြောင်းများ ဖြန့်ကျက်သွားလာနေကြသည့် တိုင်းရင်းသား လက်နှက်ကိုင်နှစ်ဖွဲ့ထဲမှ တဖွဲ့နှင့် အစိုးတပ်မတော်စစ်ကြောင်းတို့ ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ခြင်း 
ဖြစ်နိုင်ကြောင်း အဆိုပါ ကျေးရွာနေပြည်သူများက ဆက်သွယ်စုံစမ်းမေးမြန်းမှုပြုစဉ်ပြန်
လည်ပြောပြခဲ့ခြင်းဖြစ်ပါသည်။

အစိုးရ တပ်မတော် စစ်ကြောင်းတွေနဲ့ ဖော်ပြပါ ဒေသတ၀ိုက်တွင် ဒီဇင်ဘာလဆန်းပိုင်းကာလ၌  SSPP/ SSA ရှမ်းတိုင်းရင်းသား လက်နှက်ကိုင်အဖွဲ့နဲ့လား၊ RCSS / SSA တောင်ပိုင်း ရှမ်းတိုင်းရင်းသားလက်နှက်ကိုင် အဖွဲ့နဲ့လား ဆိုတာကို သေသေခြာခြာ 
မခွဲခြားနိုင်ကြောင်း  ဒေသခံရွာသားများက မေးမြန်းစုံစမ်းမှုပြုသည့် 
ရှမ်းမြောက် အခြေစိုက် သတင်းအေဂျင်စီတခုဖြစ်သည့်  လားရှိုးမီဒီယာဂရု 

သို့   ပြန်လည်ပြောကြားခဲ့တာပါ။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း၌လည်း မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့များနှင့် RCSS/SSA တောင်ပိုင်းတပ်ဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားခဲ့သေးကြောင်း နှင့် နှစ်ဘက်စစ်ရေးတင်းမာမှုများ
ရှိခဲ့သောကြောင့် ဒေသခံတိုက်ပွဲရှောင်ပြည်သူ (၈၀၀)ကျော်ခန့် သီပေါမြို့နယ် 
နားမခေါ်ဖုန်းကြီးကျောင်းနှင့် မန်စန်ဘုန်းကြီးကျောင်းတို့တွင် 
တိုက်ပွဲရှောင်ပြည်သူများ ခိုလုံခဲ့ကြရကြောင်း 
ဆက်စပ်သတင်းများအရသိရှိရသည်။

L2 (LSO)