“မူဆယ်မြို့နယ် ကျင်ဆန်းကျော့ကျေးရွာ မြန်မာ-တရုတ် နယ်စပ်မျဉ်း ရှိ ဌာနေပြည်သူစစ် လုံခြုံရေးကင်းစခန်းအား အမည်မသိလက်နှက်ကိုင်များမှ ၀င်ရောက်ပစ်ခတ်ရာ ပြည်သူ့စစ်(၃)ဦးသေဆုံး (၂)ဦး ဒဏ်ရာရ”
မူဆယ်မြို့နယ်၊
ကျင်ဆန်းကျော့ - ဒီဇင်ဘာ(၂)
မူဆယ်ခရိုင်၊
ကြူကုတ်ပန်ဆိုင်းမြို့အနီး၊ မြန်မာ-တရုတ် နယ်စပ် ကျင်ဆန်းကျော့ကျေးရွာရှိ ပြည်သူ့စစ်လုံခြုံရေးစခန်းကို
အမည်မသိလက်နှက်ကိုင်အဖွဲ့ တခုက အလစ်အငိုက် ၀င်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထိုစခန်းတွင်း
လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် ပြည်သူ့စစ် (၅)ဦး သေနပ်ထိမှန်ခဲ့ပြီး (၃)ဦးသေဆုံးခဲ့ကြောင်း
ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ကျင်ဆန်းကျော့
မှာရှိတဲ့ ဌာနေပြည်သူ့စစ် ကင်းစခန်းကို အမည်မသိ
လက်နှက်ကိုင်အဖွဲ့ တဖွဲ့က ရုတ်တရက် အလစ်အငိုက် ၀င်ပစ်တာ ပြည်သူ့စစ် (၃)ဦး အဲ့ဒီနေရာမှာဘဲ
ပွဲခြင်းပြီးသေဆုံးသွားတယ်…. ဒဏ်ရာရတဲ့ နှစ်ဦးကို
မူဆယ်ဆေးရုံကိုပို့တယ်… တဦးက နှဖူးကို ထိတာက မှန်စထိမှန်တာလို့ သိရတယ်… နောက်တဦးကိုတော့
ပေါင်ကို ကျည်ထိမှန်တဲ့ ဒဏ်ရာနဲ့ မူဆယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်”… ဟု မူဆယ်မြို့ခံ
တဦးထံ ဆက်သွယ်စုံစမ်းစဉ် ပြန်လည်ပြောပြခဲ့ခြင်းဖြစ်ပါသည်။
ကျင်ဆန်းကျော့ကျေးရွာ
မြန်မာ-တရုတ် နယ်စပ်မျဉ်းအနီးရှိ ဟိုနောင်းကင်းစခန်းရှိ လုံခြုံရေးယူထားသည့် ဌာနေပြည်သူ့စစ်များသည် နယ်စပ်မှ
နှစ်နိုင်ငံ ကုန်တင်ယာဉ်ကြီးများ ၀င်ထွက် ဖြတ်သန်းသွားလာနေသည့် လမ်းကြောင်းတွင် ကုန်သိုလှောင်ရုံ၊
ကားကြီးများ ညအိပ်ရပ်နားကွင်းများ ပြုလုပ်ပြီး ၄င်းတို့၏ ပြည်သူ့စစ် တပ်ဖွဲ့ရန်ပုံငွေ
ကောက်ခံနေသည့် နေရာတခုဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံဝမ်တိန်မြို့အနီး နယ်စပ်မျဉ်း၏
မြန်မာပိုင်နက်တွင်တည်ရှိကြောင်း သိရှိရသည်။
ဖြစ်စဉ်ဖြစ်ပွားပြီး
တနာရီကျော်ကျော်လောက်တွင် မူဆယ်မြို့မှ လူမှုရေးအသင်းအဖွဲ့များ ရောက်ရှိလာကြပြီး ဒဏ်ရာရရှိနေသည့်
ပြည်သူ့စစ်နှစ်ဦးကို မူဆယ် ပြည်သူ့ဆေးရုံသို့
ပို့ဆောင်ပေးခဲ့ကြကြောင်း သိရှိရသလို ဒီဇင်ဘာ(၂)ရက်၊ ည(၉း၂၀)ခန့်တွင် ဖော်ပြပါ ဌာနေပြည်သူ့စစ်စခန်းအား
အလစ်အငိုက်ဝင်ရောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့်
၎င်း ပြည်သူ့စစ်ကင်းစခန်းသည်နမ့်ခမ်းမြို့မ ပြည်သူ့စစ်တပ်ဖွဲ့မှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏
ကင်းစခန်းဖြစ်ကြောင်း စုံစမ်းမှုများအရသိရှိရသည်။
ယခုနှစ်တွင်
မူဆယ်မြို့နယ် နောင်ယန်းမြစ်ဆိပ်ရှိ
ဌာနေပြည်သူ့စစ် ကင်းစခန်းတခုအားလည်း TNLA လက်နှက်ကိုင် များမှ မေလတွင်း၌
အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် အရပ်သားအချို့
ယင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် (၂၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး အရပ်သား(၂၅)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တခုလည်းဖြစ်ပွားခဲ့ကြောင်း
၂၀၁၈ ခုနှစ်၊ မူဆယ်မြို့နယ်အတွင်း
ဆက်စပ် ဖြစ်စဉ်သတင်းများအရ သိရှိရသည်။
L2 (LSO)