“ကျောက်မဲမြို့ သိပ္ပံကျောင်းဝင်းအတွင်း မူးယစ်ဆေးဝါး စိတ်ကြွဆေးပြား ၃၄၉ ပြား၊ အလေးချိန် ၃၀ ဒဿမ ၄၁ ဂရမ်ခန့် မြို့မရဲစခန်း နယ်ထိန်း ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့”


ကျောက်မဲ - နိုဝင်ဘာလ (၁၂)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် နိုဝင်ဘာ(၁၂)ရက်၊ နံနက်(၈း၄၅)အချိန်ခန့်၌ ကျောက်မဲမြို့၊ ရပ်ကွက်(၁)၊ ရွှေညောင်ပင် ရပ်ကွက်လမ်းပေါ်ရှိ သိပ္ပံကျောင်းဝင်းအတွင်း မူးယစ်ဆေးဝါးများ သုံးစွဲနေကြောင်း ကျောက်မဲ မြို့မရဲစခန်းမှ သတင်းရရှိခဲ့သည့်အတွက် နယ်ထိန်းခေါင်းဆောင် 
ရဲအုပ် နိုင်မိုး ဦးစီးအဖွဲ့မှ အချိန်နှင့် တပြေးညီ သတင်းရရှိသည့် တည်နေရာသို့ 
သွားရောက်ခဲ့စဉ် မြင့်ကျော် ၊ အသက် (၂၅)နှစ်၊ ၊ နယ်မြေ ၅၊ ရပ်ကွက် ၉ နေသူ
အားတွေ့ရှိရပြီး ၎င်း၏ ခန္ဓာကိုယ်အား သက်သေများနှင့်အတူ 
ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။
ထိုသို့စစ်ဆေးမှုပြုရာတွင် မြင့်ကျော် ၏ အဝါရောင်လွယ်အိတ်အတွင်းမှ ပိုက်စဖြင့်ထည့် 
ထားသည့် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ ပြား၊ အဖြူရောင်ကော်ဘူးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၇ ပြား၊ အပြာနုရောင်ကပ်ခွာအိတ်နှင့် ထည့်ထားသည့် 
 ဆေးပြား ၂၀၀ ပြားပါ ၁ ထုပ်၊ အပြာရောင်ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် 
ဆေးပြား ၈၆ ပြားပါ ၁ ထုပ် စုစုပေါင်း ဆေးပြား ၃၄၉ ပြား၊ 
အလေးချိန် ၃၀ ဒဿမ ၄၁ ဂရမ်ခန့် ရှာဖွေ
သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖော်ပြပါ တရားမ၀င် စိတ်ကြွမူးယစ်ဆေးပြားများအား သုံးစွဲရန်နှင့် ရောင်းချရန်အလို့ငှာ 
လက်ဝယ်ထားရှိသူ မြင့်ကျော် အား မူးယစ်ဆေးဝါး ဥပဒေအရ အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း ကျောက်မဲမြို့၊ IPRD ၏ 
သတင်းရေးသားဖော်ပြမှုအရ သိရှိရသည်။





       IPRD (ကျောက်မဲမြို့)  


   Source ; MOI