“နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ၊ ဝန်ကြီးချုပ်တို့နှင့်တွေ့ဆုံ”
ကတ္တမန္ဒူး - နိုဝင်ဘာ (၃ဝ)
နီပေါ ဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ ၌ ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ(၃၀)ရက်နေ့တွင် နီပေါ
ဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ၊ ဝန်ကြီးချုပ်၊ ကွန်ဂရက် ပါတီဥက္ကဋ္ဌ တို့နှင့်
သီးခြားစီတွေ့ဆုံခဲ့ပါသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နီပေါဖက်ဒရယ်
ဒီမိုကရက်တစ် သမ္မတနိုင်ငံ
သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီနှင့် ဒေသစံတော်ချိန် နံနက် (၁ဝး၃၀)အချိန်တွင် ကတ္တမန္ဒူးမြို့ရှိ
သမ္မတအိမ်တော်၌ တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ်
နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မြဲရေး၊ နှစ်နိုင်ငံပြည်သူများ အကြား
ပိုမိုထိတွေ့ဆက်ဆံရေး၊ ဘုရားဖူးခရီးသွားလုပ်ငန်း မြှင့်တင်ရေးနှင့် နှစ်နိုင်ငံကုန်သွယ်ရေးနှင့်
ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သိရသည်။
ထိုနေ့တွေ့ဆုံပွဲသို့ ပြည်ထောင်စုအစိုးရအဖွဲ့
ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဦးကျော်တင်၊
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊
နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး
သီရိပျံချီ ဦးထွန်းနေလင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည်
နီပေါဖက်ဒရယ်ဒီမို ကရက်တစ်သမ္မတနိုင်ငံ သမ္မတအိမ်တော် ဧည့်သည်တော်မှတ်တမ်းတွင်
လက်မှတ်ရေးထိုးသည်။
ထို့နောက်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒေသ စံတော်ချိန် နံနက် (၁၁း၃၀)တွင်
နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ကေ၊
ပီ၊ ရှာမာ အိုလီနှင့် ကတ္တမန္ဒူးမြို့ရှိ Hotel
Annapurna ၌
သီးသန့် တွေ့ဆုံသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်
နီပေါ ဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ကေ၊ ပီ၊ ရှာမာ အိုလီ တို့သည် Hotel Annapurna ၌ ကျင်းပသည့်
မြန်မာ-နီပေါ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ကြသည်။
နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံခေါင်းဆောင်များအကြား
အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များ
ဆောင်ရွက်နိုင်ရေးကိစ္စ ၊
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုင်ရာကိစ္စ၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးဆိုင်ရာကိစ္စ၊
နှစ်နိုင်ငံ ဆက်ဆံရေးနှင့်
ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍
ရင်းနှီးပွင့်လင်းစွာ
အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နီပေါနိုင်ငံဝန်ကြီးချုပ်အနေဖြင့်
နှစ်ဖက်အဆင်ပြေမည့် အချိန်တွင်
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်နိုင်ရေး ဖိတ်ကြားခဲ့သည်။
နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ
ပြည် ထောင်စုဝန်ကြီး ဦးမင်းသူနှင့်
ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ နီပေါဖက် ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ
မြန်မာသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်
နီပေါ ဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ကေ၊ ပီ၊ ရှာမာ အိုလီတို့သည် အဆိုပါဟိုတယ်၌ ဆက်လက်ကျင်းပသည့်
နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေး ထိုးပွဲ အခမ်းအနားသို့
တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်
နီပေါဖက်ဒရယ်ဒီမိုကရက် တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်တို့ ရှေ့မှောက်၌ “မြန်မာနိုင်ငံနှင့်
နီပေါနိုင်ငံတို့အကြား
ကုန် သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို” အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးကျော် တင်နှင့် နီပေါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Pradeep Kumar Gyawali တို့က
လက် မှတ်ရေးထိုကြပြီး အပြန်အလှန်
လဲလှယ်ကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်
အဖွဲ့ဝင်များနှင့်အတူ
နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်က Hotel Annapurna ၌ တည်ခင်းဧည့်ခံသည့်
ဂုဏ်ပြု နေ့လယ်စာစားပွဲသို့ တက်ရောက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်အား
ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်ဟောင်းနှင့်
ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ Mr.
Sher Bahadur Deuba က
Soaltee Crowne Plaza Hotel ၌
လာရောက် တွေ့ဆုံသည်။
ညပိုင်းတွင်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင်များနှင့်အတူ
Soaltee Crowne Plaza
Hotel Ballroom ၌ ကျင်းပသည့်
ထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာသည့် နိုင်ငံ့အကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများ
အား ကြိုဆိုဂုဏ်ပြုသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
Source ; Myanmar State Counsellor Office





