“မူဆယ်မြို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းမှ ဒုတိယအကြိမ် စာဖတ်ဝိုင်းကို စာရေးဆရာ အောင်သင်း၏ “နှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါ” ဆောင်းပါးဖြင့် ကျင်းပပြုလုပ်ခဲ့”

 မူဆယ် - စက်တင်ဘာ(၆)

မူဆယ်မြို့ရှိ စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) မှ ဒုတိယအကြိမ် 
စာဖတ်ဝိုင်းကို စာရေးဆရာ အောင်သင်း၏ “နှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါ” 
ဆောင်းပါးဖြင့် ယမန်နေ့ နေ့လယ် (၁း၀၀) အချိန်တွင် မူဆယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမ၌ 
ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုနေ့၏ မူဆယ်မြို့ စာပေပညာရှင်များ၊ စာပေ၀ါသနာရှင်များ၏ စာဖတ်ဝိုင်းတွင် မူဆယ်မြို့မှ ပြန်ဆက် ခရိုင်ဦးစီးအရာရှိ ဦးအယ်လ်စိုးထန်တူး က ဒုတိယအကြိမ်စာဖတ်ဝိုင်းပြုလုပ်ရခြင်း အကြောင်းအား မိတ်ဆက် ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသော မူဆယ်စာရေးဆရာ အသင်းမှစာရေးဆရာမောင်ရီမွန်၊ ကဗျာဆရာဦးမျိုးခိုင်နှင့်အဖွဲ့များ၊ ဒေသခံ တိုင်းရင်း သားယဉ်ကျေးမှု အဖွဲ့များမှ တိုင်းရင်းသား လူငယ်များ၊ စာနယ်ဇင်း သတင်းထောက်များ၊ လူမှု ကူညီရေး ပရဟိတအဖွဲ့များက စာရေးဆရာ အောင်သင်း၏ “နှလုံးသားကိုလေးပေါ်တင်၍ ပစ်သော အခါ”   ဆောင်းပါးအား 
မိမိတို့ ဖတ်ရှု မှတ်သားထားသော မှတ်သားဖွယ်ရာများအား အပြန် အလှန် ဆွေးနွေးကြပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီးဦးဆောင် ပြုလုပ် ကျင်းပခြင်း အား အားပေးထောက်ခံ 
ကျေးဇူးတင်ကြောင်း၊ စာဖတ်ဝိုင်း ပြုလုပ်ခြင်းကြောင့် လူငယ်များ စိတ်ဝင် တစား ပါဝင်လာနိုင်ရန်
အဘက်ဘက်မှ ၀ိုင်းဝန်းကြိုးစားရန် လိုအပ်ကြောင်းနှင့် နောက်နောင် များတွင်လည်း 
ဆက်လက်ပြုလုပ်ပေးရန် လိုအပ်ကြောင်းတို့ကို လူမှုကူညီရေးပရဟိတအဖွဲ့ ကိုယ်စား 
ဦးအောင်လှိုင်ဝင်းက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း
သိရသည်။


Source : IPRD (Muse)