“ရှမ်းပြည်နယ်အတွင်း မိုးများအဆက်မပြတ်ရွာသွန်းခဲ့သောကြောင့် မိုင်းဖြတ်မြို့နယ်တွင် တောင်ကမ်းပါးယံ ပြိုကျပြီး ခေတ္တလမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သလို ကလောမြို့တွင်း၌လည်း ကလောချောင်းရေလျှံမှုဖြစ်ပွားခဲ့”


ရန်ကုန် - စက်တင်ဘာ ()

စက်တင်ဘာ ၅ ရက်၊ နံနက်(၆း၄၅)အချိန်က ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်အတွင်းတွင် မိုးများအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် မိုင်းဖြတ်နှင့် ကျိုင်းတုံ သွားလမ်းအပိုင်း ပြည်ထောင်စုလမ်းမကြီး၏ ကီလိုမီတာအမှတ် (697) နှင့် (698)  အကြား၊ ဆိုင်းလေ ရွာအနီး၌ တောင်ကမ်းပါး ပြိုကျမှုဖြစ်ပွားခဲ့သော ကြောင့် အဆိုပါလမ်းအပိုင်းကို ယာဉ်များသွားလာမောင်းနှင်နိုင်ခြင်းမပြုနိုင်တော့ဘဲ ခေတ္တအချိန်ပိုင်း ထိုလမ်းအပိုင်းမှာ ပိတ်ဆို့ခြင်းဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖော်ပြပါ လမ်းပိတ်ဆို့မှု ဖြစ်ပွားရာသို့ မိုင်းဖြတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင် နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊  မြို့နယ်လမ်းဦးစီးအရာရှိ (မြို့ပြ)ဒေါ်ကေခိုင်ဇော်  ဦးဆောင်၍ တောင်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့သည့် လမ်းအပိုင်းကို ခရီးသွားယာဉ်များ 
 
အချိန်ကြန့်ကြာမှု မရှိစေရေး၊ ခရီးသွားယာဉ်မှန်သမျှ လွယ်ကူချောမွေ့စွာဖြင့် မောင်းနှင်သွားလာနိုင်ကြစေရေးအတွက် မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်လမ်းဦးစီးဌာနဝန်ထမ်းများ၊ သော်တာဝင်းဆောက်လုပ်ရေးကုမ္ပဏီမှ လမ်း လုပ်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများက Backhole စက် တစ်စီးနှင့်  မြေသယ်ယာဉ် တစ်စီး တို့အားအသုံးပြုကာ အဆိုပါ လမ်းကြောအပိုင်း ပိတ်ဆို့ခြင်းအပေါ် ပူးပေါင်းရှင်းလင်း ဆောင်ရွက်ခဲ့ရာတွင်  ထိုနေ့၏ နံနက် (း၀၀) အချိန်ခန့်တွင် ခရီးသွားယာဉ်ကြီး၊ ယာဉ်ငယ်များအားလုံး လွယ်ကူချောမွေ့စွာ မောင်းနှင်သွားလာ နိုင်ခဲ့ကြပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှသတင်းထုတ်ပြန်မှုအရ သိရှိရသည်။
ထို့အတူ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ကလောမြို့နယ်တွင်လည်း မိုးများအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် စက်တင်ဘာ(၅)ရက် ညနေပိုင်း၌ တောင်ကျရေချောင်းများမှ ကလောချောင်းအတွင်းသို့ စီးဝင်ကာ ချောင်းရေလျှံမှုဖြစ်ပွားခဲ့ကြောင်း သိရှိရပြီး ကလောမြို့တွင်း၏ ရပ်ကွက် () မှ အိမ်ထောင်စု (၅၂) စုအိမ်ခြေ (၄၇) အိမ်နှင့် ရပ်ကွက် () မှ အိမ်ထောင်စု (၄၄) စု အိမ်ခြေ (၃၃)လုံးတို့ကို ချောင်းရေများဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ဖော်ပြပါ ရောကီးရေလျှံမှုများဖြစ်ပွားလျှက်ရှိသည့်  ရပ်ကွက်များသို့ ကလောမြို့နယ်  
မီးသတ်တပ်ဖွဲ့ ဝင်များနှင့် တာဝန်ရှိသူများမှ ကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြပြီး ၄င်း ရေကြီး ရေလျှံမှုကြောင့် လူ ၊  တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုများ မရှိကြောင်းသိရှိရသလို 

ထိုနေ့၏ ပိုင်း ( ၉း၃၀ ) အချိန်တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် ချောင်းရေများမှာ ပြန်လည်ကာ 
ရေများ ကျဆင်းသွားခဲ့ပြီဖြစ်ကြောင်း MOI ၏ သတင်းစာမျက်နှာမှ 
သတင်းထုတ်ပြန်မှုအရ သိရှိရသည်။

Source & Photo ; MOI