ကွတ်ခိုင်
- စက်တင်ဘာ(၂၆)
စက်တင်ဘာ
(၂၆)ရက်နေ့ နံနက် (၉း၀၀)အချိန်၌ တပ်မတော် က ကွတ်ခိုင်မြို့နယ်၊ နောင်ရမ်းကျေးရွာအနီး
တောစပ်တွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ်
မူးယစ်ဆေးဝါးချက်လုပ်ရာတွင်
အသုံးပြုသည့် အီသိုင်းအီသာ ၁၂၀ လီတာစီပါ သံပီပါ ၁၈၀ လုံး
(စုစုပေါင်း အီသိုင်းအီသာ
၂၁,၆၀၀ လီတာ)၊ အက်စီတုန်း ၁၂ လီတာစီပါ ကော်ပုံး ၁၀၀ ပုံး
(စုစုပေါင်း
အက်စီတုန်း ၁,၂၀၀ လီတာ)နှင့် CAUSTIC SODA FLAKES စာတမ်းပါ ပီနံအိတ်အတွင်းထည့်လျက် ဆိုဒီယမ်ဟိုက်ဒရောဆိုဒ် ၂၀ ကီလိုစီပါ ပီနံအိတ်
၂၀ အိတ်
(စုစုပေါင်း ဆိုဒီယမ်ဟိုက်ဒရောဆိုဒ် ၄၀၀ ကီလို)တို့ကိုလည်းကောင်း၊
အလားတူ ၁၄၀၀ အချိန်
ကွတ်ခိုင် မြို့နယ်၊ မန်ပြိန်းကျေးရွာအနီးတောစပ်တွင်
နယ်မြေရှင်းလင်းရေး
ဆောင်ရွက်စဉ် အီသိုင်း အီသာ ၁၂၀ လီတာစီပါ သံပီပါ ၁၂
လုံး
(စုစုပေါင်း အီသိုင်းအီသာ ၁,၄၄၀ လီတာ)ကိုလည်းကောင်း
သိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကို
ပြောင်းလဲစေသောဆေးဝါးများ
ဆိုင်ရာဥပဒေအရ
အရေးယူထားကြောင်း သိရှိရသည်။
Source ; Myanmar Police Force
