“တရုတ်နိုင်ငံ ရွှေလီမြို့နှင့် အနီးတ၀ိုက် နယ်နမိတ်အတွင်း တရားမ၀င် သွားလာနေထိုင်သူများအား တဘက်နိုင်ငံရဲများနှင့် တာဝန်ရှိသူများက စစ်ဆေးဖမ်းဆီးမှုများပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့”
မူဆယ် - စက်တင်ဘာ(၁၆)
တရုတ်-မြန်မာ နယ်စပ်မြို့များဖြစ်သည့် ဂျေဂေါင်၊ ရွှေလီမြို့နှင့် အနီးတ၀ိုက်ရှိ တရုတ်နိုင်ငံ နယ်နမိတ် အတွင်းရှိ မြို့ရွာများသို့ မြန်မာနိုင်ငံဘက်မှ သွားရောက်၍ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကြသူများ၊ ဈေးရောင်းကြသူများနှင့် အရောင်းအ၀ယ်ပြုလုပ်ကြသူများ၊ သွားရောက် လည်ပတ်ကြသူများမှာ နေ့စဉ်နှင့်အမျှ ဆိုသလို နယ်စပ်ဂိတ်ကို ဖြတ်သန်းဝင်ထွက် သွားလာနေကြကြောင်း၊ တရုတ်နိုင်ငံတွင်းသို့ တရားဝင် သွားလာနေကြခြင်းမျိုးဖြစ်ကြကာ အလည်အပတ်သဘောမျိုးဖြစ်စေ၊ ဆေးကုသမှုခံယူရန်ဖြစ်စေ၊ ဆွေမျိုးသားခြင်းများထံသို့ ခေတ္တအလည်အပတ် သွားလာနေထိုင်ခြင်းအတွက်ဖြစ်စေ တရားဝင် Passport ကတ်ပြား၊ တရားဝင် သွားလာနေထိုင်ခွင့်ရှိသည့် Passport  စာအုပ်များကို  မြန်မာနိုင်ငံဘက်မှ မိမိတို့၏ နိုင်ငံသားစီစစ်ရေးကတ်ပြားများ ပြသကာ မြန်မာ-တရုတ် နယ်စပ်ဂိတ်ရှိ လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူများထံတွင် တရားဝင် တရုတ်နိုင်ငံဘက်သို့ ၀င်ထွက်သွားလာနိုင်သော Passport ကတ်ပြား၊ စာအုပ်များပြုလုပ်ပြီး တရုတ်နိုင်ငံ ရွှေလီမြို့နှင့် အနီးတ၀ိုက်ရှိ မြို့ရွာများသို့ သွားလာနိုင်ကြခြင်းဖြစ်ကာ ၀င်ထွက်သွားလာခွင့်ကတ်ပြား၊ စာအုပ်တွင်းမှ သပ်မှတ်ထားသည့် ရက်ကာလ အတွင်းတွင်သာ သွားလာနိုင်ကြခြင်းဖြစ်ပြီး သပ်မှတ်သည့် နေ့ရက်မတိုင်မှီ မိမိတို့ မြန်မာနိုင်ငံဘက်ခြမ်း၊ 
 နယ်စပ်ဂိတ်သို့ ပြန်လည်ရောက်ရှိရမည်ဖြစ်ကြောင်း  
သိရသည်။
ထိုသို့ မြန်မာနိုင်ငံသားများမှ ဘက်နိုင်ငံ နယ်နမိတ်အတွင်းရှိ ရွှေလီမြို့နှင့် အနီးတ၀ိုက်မြို့များသို့ တရားဝင် သွားလာခွင့်ရှိသည့် Passport ကတ်ပြားများ၊ စာအုပ်များ ပြုလုပ်ခြင်းမရှိဘဲ နယ်စပ်ခိုးပေါက်များမှ ခိုးဝင်သူများ၊ နယ်စပ် ရွှေလီမြစ်ကို ဖြတ်သန်းပြီး တဘက်နိုင်ငံတွင်းသို့  ခိုးဝင်နေကြသူများ၊ တရားဝင် ကိုင်ဆောင်ထားသည့် Passport ကတ်ပြားနှင့် စာအုပ်တွင် တရားဝင်နေထိုင်ခွင့်ပြုထားသော နေ့ရက်များကို ကျော်လွန်သည်အထိ ၄င်းတို့၏နိုင်ငံ နယ်နမိတ်အတွင်း သွားလာနေထိုင်နေကြသူများကို တရုတ်နိုင်ငံဘက်မှ စစ်ဆေးတွေ့ရှိခဲ့ပါက ဖမ်းဆီးချုပ်နှောင်မှုများပြုလုပ်ခဲ့ကြောင်း၊ ရက်ကာလအားဖြင့် ()ရက်မှ (၁၄)ရက်ခန့် ချုပ်နှာင်ထားတတ်ကြ သလို အချို့ကိုလည်း လနှင့် ချီ ၍လည်း ချုပ်နှာင်ခံထားရသူများရှိကြောင်း၊ အဆိုပါ အဖမ်းခံရသည့် မြန်မာနိုင်ငံ ဘက်မှ ၀င်ရောက်လာသူများကို  တဘက်နိုင်ငံ၏ ဒေသခံတဦးဦးကဖြစ်စေ အာမခံပြုလုပ်ပေးကာ ၄င်းတို့ဘက် မှ တရားဝင် သပ်မှတ်ထားသည့် ဒါဏ်ငွေများကို ပေးဆောင်စေပြီး ပြန်လွှတ်ပေးသူများ လည်းရှိသလို အာမခံ ပေးသူ ဟူ၍လည်းမရှိ ၊ ဒါဏ်ငွေဆောင်ပေးသူ ဟူ၍လည်းမရှိ ၊ ၄င်းဖမ်းဆီးချုပ်နှောင်ခံထားရသူတို့မှ သပ်မှတ်သည့် ဒါဏ်ငွေများကိုလည်း ပေးဆောင်ရန် မတတ်နိုင်သူများကို ရွှေလီမြို့တွင်းရှိ အချုပ်ခန်းအတွင်း ၌သာ  ချုပ်နှောင်ခံထားရကြောင်း စက်တင်ဘာလ ()ရက်နေ့၌ ရွှေလီမြို့တွင် သပ်မှတ်နေထိုင်ခွင့် သက်တမ်း ကုန်ဆုံးနေသည့်အတွက် ဖမ်းဆီးခံရသူ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းအထက်ပိုင်း ကလေးမြို့နယ်တွင် နေထိုင်သူ တဦးမှ ၄င်း ကြုံတွေ့ခဲ့ခြင်းတို့အပေါ် ပြန်လည်ပြောပြ၍ သိရှိခဲ့ရသည်။
ပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရှိရသလို ယခုနှစ်၏ စက်တင်ဘာလအတွင်း၌ နှစ်ကြိမ်တိုင် မြန်မာနိုင်ငံဘက်သို့ ပြန်လည်ကာ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။
စက်တင်ဘာလ(၁၀)ရက်နေ့က ကျား၊ စုစုပေါင်း(၁၂၇)ဦးခန့်အားလည်းကောင်း၊   
စက်တင်ဘာ(၁၄) ရက်နေ့၌လည်း ကျား၊ စုစုပေါင်း(၂၀၀)ဦးခန့်အားလည်းကောင်း ပြန်လည်ကာ  
မြန်မာ-တရုတ် တရားဝင်နယ်စပ် ၀င်-ထွက် ဂိတ်ပေါက်တခုဖြစ်သည့် မူဆယ်-ဂျေဂေါင် နန်းတော်ဂိတ်သို့ တဘက်နိုင်ငံ၏ ရဲများနှင့် တာဝန်ရှိသူများက  ပြန်လည်လိုက်ပါ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ထိုသို့ တဘက်နိုင်ငံမှ  ပြန်လည်ပို့ဆောင်ပေးခဲ့သူ ကာယကံရှင်များ၏ မိသားစုဝင်များ၊ ဆွေမျိုးသားခြင်းများမှ မူဆယ် နန်းတော်ဂိတ်တွင် သွားရောက်ကြိုဆိုကြသူများလည်းရှိခဲ့ကြကြောင်း၊  
မူဆယ်မြို့ နန်းတော်ဂိတ် မှ စုံစမ်းသိရှိရသည်။
လင်းလင်း (လားရှိုး)