“ရှမ်းပြည်နယ်မြောက်ပိုင်း ရဲဝန်ထမ်းဟောင်း လူမှုရေးအကျိုးပြုအသင်းမှ မူးယစ်ဆေးဝါးနှင့် နောက်ဆက်တွဲ အန္တရယ် အသိပညာပေးခြင်း စီမံချက်အပေါ် ဆောင်ရွက်သွားမည့် အစီအစဉ်များအား အသိပေးရှင်းလင်း တင်ပြခြင်းအခမ်းအနား ကျင်းပပြုလုပ်”

လားရှိုး - သြဂုတ်(၂၁)

ရှမ်းပြည်နယ်မြောက်ပိုင်း ရဲဝန်ထမ်းဟောင်း လူမှုရေးအကျိုးပြုအသင်းနှင့်  မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင် ရေးအသင်း(MANA)တို့ ပူးပေါင်း ပြုလုပ်သွားမည်ဖြစ်သော မူးယစ်ဆေးဝါးနှင့် နောက်ဆက်တွဲအန္တရယ် အသိပညာပေးခြင်း စီမံချက် လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များအား အသိပေး ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို သြဂုတ်(၂၁)ရက်၊ နံနက် (၁၀း၀၀)အချိန်၌ လားရှိုးမြို့၊ ရပ်ကွက်(၂) ဗိုလ်ချုပ်လမ်းရှိ ဆင်နှစ်ကောင် ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူး(လားရှိုး) ရဲမှူးကြီးဝင်းခိုင်၊ လားရှိုးခရိုင် အုပ်ချုပ် ရေးမှူး ဦးကောင်းစံလင်း၊ လားရှိုးခရိုင် ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာမြင့်ကျော်၊ လားရှိုးမြို့နယ် မူးယစ်အထူးအဖွဲ့ တပ်ဖွဲ့စု(၁၄)မှ တာဝန်ရှိ ရဲအရာရှိကြီးများ၊ လားရှိုးမြို့နယ် ပြန်လည် ထူထောင်ရေး စခန်း မန်နေဂျာ ဦးခိုင်ဝင်းနှင့် တာဝန်ရှိသူများ၊ လားရှိုးမြို့နယ် ပြန်လည်ထူထောင်ရေးစခန်း မန်နေဂျာ ဦးခိုင်ဝင်းနှင့် တာဝန်ရှိသူများ၊ 
 
လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်း၊ လားရှိုးမြို့တွင်းရှိ ရပ်ကွက်အသီးသီးမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးနှင့်သက်ဆိုင်သော NGO အဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ၊ ရဲဝန်ထမ်းဟောင်း လူမှုရေးအကျိုးပြုအသင်း အမှုဆောင် EC အဖွဲ့ဝင်များဖြစ်သော အငြိမ်းစား ရဲအရာရှိကြီး များနှင့် ရဲဝန်ထမ်းဟောင်းလူမှုရေးအကျိုးပြုအသင်းဝင်များ  တက်ရောက်ခဲ့ကြသည်။
 
ရှေးဦးစွာ လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း က အခမ်းအနားအဖွင့် အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ရဲဝန်ထမ်းဟောင်းများ လူမှုရေးအကျိုးပြုအသင်းကြီး၏ နာယက အငြိမ်းစား ရဲမှူးကြီး ဦးကျော်မြင့် က ၄င်းအခမ်းအနားနှင့် ပတ်သက်ပြီး အမှာစကားပြောကြားခဲ့ရာတွင် လားရှိုးမြို့တွင် ရဲဝန်ထမ်းဟောင်းများ အသင်းကို စတင်ဖွဲ့စည်းဖြစ်ခဲ့ခြင်း အကြောင်းတရားများနှင့် စတင်ဖွဲ့စည်းခဲ့စဉ် အခြေအနေများအပေါ် 
ပြန်လည်ပြောပြခဲ့ပါသည်။ 
ရဲဝန်ထမ်းဟောင်းများအတွက် သာရေး၊ နာရေး များအတွက် လူမှုရေး ကူညီစောင့်ရှောက်
မှုများ ပြုလုပ်ပေးနိုင်ရေး အဓိကရည်ရွယ်ပြီး အသင်းဝင်(၂၁)ဦးဖြင့် ကနဦး စတင်ဖွဲ့စည်းခဲ့ပြီးနောက် လက်ရှိအချိန်ကာလအထိ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ရဲဝန်ထမ်းဟောင်းများ အသင်းမှာ အသင်းဝင်(၄၄၈)ဦး အထိ ပါဝင်ဖွဲ့စည်းခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန တရားဝင် အသင်းအဖွဲ့ မှတ်ပုံ တင်ခွင့်ပြုချက်ရရှိပြီး အသင်းကြီးတခုကို အောင်မြင်စွာဖြင့် ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ကြောင်း။
  ရဲတပ်ဖွဲ့တွင် တာဝန် ထမ်းဆောင်ခဲ့ပြီး အကြောင်းအမျိုးမျိုးဖြင့် ရဲတပ်ဖွဲ့မှ နုတ်ထွက်ခဲ့သူများ၊ အနားယူခဲ့သူများ၊ အငြိမ်းစားယူသူများ အားလုံးကို အရုတ်၊ အလတ်၊အမြတ်မရွေး သာရေး၊ နာရေး ကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးလျှက်ရှိသော လူမှုရေး ကူညီစောင့်ရှောက်လျှက်ရှိသည့် အသင်းကြီးတခုပင်ဖြစ်ပါကြောင်း အမှာစကားပြောကြားရာတွင် 
ထည့်သွင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရှမ်းပြည်နယ်မြောက်ပိုင်း (ပြည်နယ်ခွဲ) မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း 
(MANA) ဥက္ကဋ္ဌ အငြိမ်းစား ဒုတိယရဲမှူးကြီး ဦးအောင်ကျော်မိုး၊ ရဲဝန်ထမ်းဟောင်း 
လူမှုရေးအကျိုးပြုအသင်း ဥက္ကဋ္ဌ   မှ အငြိမ်းစား ရဲမှူးဦးအောင်ကြိုင် တို့မှ 
ထိုနေ့အခမ်းအနားနှင့် စပ်လျဉ်း၍ အမှာစကားများပြောကြားခဲ့ပါသည်။
ထို့နောက်တွင် ရဲဝန်ထမ်းဟောင်းလူမှုရေး အကျိုးပြုအသင်းကြီး၏ အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးနှင့်နာက်ဆက်တွဲအန္တရယ် အသိပညာပေးခြင်းစီမံချက်(Program Coordinator) အငြိမ်းစားရဲအုပ် ဦးတင်ဝင်း မှ ရဲဝန်ထမ်းဟောင်းအသင်းကြီးမှ ဆောင်ရွက်သွားမည့် စီမံချက်များအပေါ်တွင် အသေးစိပ်အားဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။
ထိုသို့ရှင်းလင်းတင်ပြရာတွင် မူးယစ်ဆေးဝါးနှင့် နောက်ဆက်တွဲအန္တရယ် အသိပညာပေးခြင်း စီမံချက်ကို မိမိတို့၏ ရဲဝန်ထမ်းဟောင်း လူမှုရေးအကျိုးပြုအသင်းကြီးမှ စတင်ကာ ဆောင်ရွက်နိုင်ရန်အတွက် စီစဉ် ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဘဏ္ဍာငွေရရှိနိုင်ရေးအတွက် တဆင့်ပြီး တဆင့် လျှောက်ထားမှုများပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ အောင်မြင်မှုများ ရရှိသည် အထိ ဆောင်ရွက်ခဲ့မှုများ၊ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်သည် မူးယစ်ဆေးဝါးများကို အဓိက သည်ဆောင်သော လမ်းကြောင်း ပေါ်တွင် တည်ရှိနေသည့်အတွက် မူးယစ်ဆေးဝါးများကို အခြားသော   ပြည်မမြို့တော်ကြီးများနှင့် နှိုင်းယှဉ်လျှင်ပိုမိုလွယ်ကူစွာဖြင့် မူးယစ်ဆေးဝါးစိတ်ကြွဆေး၊ 
ဘိန်းဖြူတို့ကို ရှာဖွေဝယ်ယူသုံးစွဲရန်အတွက် လွယ်ကူစွာရရှိနိုင်သောဒသတခုဖြစ်ပါကြောင်း၊ 
ထို့အတွက်ကြောင့်ပင် မူးယစ်ဆေးဝါးသုံးစွဲသူများ၊ မူးယစ်ဆးစွဲသူလူငယ်များမှာ ယခင်ဆယ်စုနှစ်ကာလများထက် ပိုမိုများပြားလာခဲ့ကြောင်း။
သို့ဖြစ်၍ မူးယစ်ဆေးစွဲနေသူများကို ဆေးဖြတ်ကုသရန်နှင့် ၄င်းတို့၏ လူမှုဘ၀များကို ပြန်လည်ထူထောင်ရေး ကဏ္ဍများကို ဆောင်ရွက် ပေးနိုင်ရန် မှာ အထူးကိုပင် လိုအပ်နေပါကြောင်း၊ မူးယစ်ဆေးဝါးကို မသုံးဘူးသေးသူများမှ မူးယစ်ဆေးဝါး သုံးစွဲသူများ သည် မိမိတို့၏ အိမ်အနီးပတ်ဝန်ကျင်၌ နေထိုင်နေခြင်းရှိသော ရပ်ကွက်များမှနထိုင်နေရသည့် လူငယ်များတွင်ဖြစ်စေ၊ မူးယစ်ဆေးဝါးကို ရှာဖွေဝယ်ယူရန် လွယ်ကူသော အရပ်ဒေသများ၌ နေထိုင်သူလူငယ်များအနေနှင့်         
ဖြစ်စေ မူးယစ်ဆေးဝါး၏ နောက်ဆက်တွဲအန္တရယ်ကို ကောင်းစွာသိရှိနားလည်သဘောပေါက်သွားခင်းဖြင့် မူးယစ်ဆေးဝါးကိုတသက်သာ ရှောင်ကျဉ်သွားနိုင်သူများအဖြစ် လူမှုဘ၀များကို ဖြတ်သန်းနိုင်ကြမှာဖစ်ကြောင်း။
 ယခု မိမိတို့ပြုလုပ်သွားမည့် စီမံကိန်းဧရိယာ (၁၈)ခုအတွင်းမှ ဒေသခံပြည်သူများ၊  ကျောင်းသား
 ကျောင်းသူများ၊ ကျောင်းပြင်ပမှ လုပ်ငန်းခွင်ဝင်နေသည့် လူငယ်များ၊ လားရှိုးမြို့တွင်း ရပ်ကွက်
များနေပြည်သူ များမှ လားရှိုးမြို့နယ် ကျေးရွာများထိ နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများကိုပင် မူးယစ်ဆေးဝါး၏ နောက်ဆက်တွဲအန္တရယ် နှင့်ပတ်သက်ကာ အသိပညာပေး ရှင်းလင်းဟောပြောခြင်း၊ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ ပြည်သူများမှ အခြင်းခြင်း ပြန်လည်ဆွေးနွေးခြင်း၊ အချို့သော အိမ်ထောင်စုများတွင် သားသမီးဖြစ်သူများမှာ မူးယစ်ဆေးဝါး သုံးစွဲနေသည့်အတွက် မိဘဖြစ်သူမှသိရှိပြီး မူးယစ်ဆေးဝါးကိုဖတ်ပေးခဲ့ပြီး မူးယစ်ဆေးပြတ်ကာဆးဖြတ်ကုသဆောင်မှ ဆင်းသွားပြီးနောက်တွင် ယင်းဆေးဖြတ်ထားပြီးသော သားသမီးဖြစ်သူမှာပင်မူးယစ်ဆေးကို ပြန်လည်
သုံးစွဲတတ်ကြသည့် ဖြစ်စဉ်များနှင့်ပတ်သက်ပြီး မူးယစ်ဆေးစွဲသူများနှင့် ၄င်းတို့၏မိသားစုဝင်များ အားလုံးအတွက် လိုအပ်လျှက်ရှိသော မူးယစ်ဆေးဝါးနာက်ဆက်တွဲအန္တရယ်နှင့် စပ်လျဉ်း၍ ကျန်းမာရေးရှုဒေါင့်မှဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာစွဲလမ်းခြင်းနှင့် စပ်လျဉ်း၍ဖြစ်စေ၊ လိုအပ်နေသော အသိပညာပေးခြင်းများ၊ ၄င်းတို့၏ ကြုံတွေ့နေရသည့် အခြေအနေများအပေါ် ပြန်လည်ကာဆွးနွေး အဖြေရှာခြင်း၊ စီမံချက်အတွင်းသပ်မှတ်ထားသော အသိပညာပေးခြင်းအမျိုးမျိုးကိုဖြန့်ဝေ 
ပေးသွားမှာဖြစ်ပါကြောင်း။

  မိမိတို့၏ စီမံချက်ပြီးဆုံးသည့် ကာလအထိကိုပင် မိမိတို့စီမံချက်အတွင်း အသိပညာ 
ပေးပြီးသည့် ပြည်သူများ၊ မိသားစုဝင်များ၊ မူးယစ်ဆေးသုံးစွဲလျှက်ရှိသူများနှင့် မူးယစ်ဆေးဖြတ်ပြီးသူများမှ မူးယစ် ဆေးဝါး၏ နောက်ဆက်တွဲအန္တရယ် များအပေါ် ကောင်းစွာ သိရှိနားလည် သဘောပေါက်သွားသည့် အပေါ်၌ တဦးနှင့်တဦး အခြင်းခြင်း ထပ်ဆင့်ထပ်ဆင့် အသိပညာများကို ဖြန့်ဝေခြင်း၊ သယ်ဆောင်ခြင်း၊
 ပြောပြခြင်း၊ မျှဝေခြင်းများပုလုပ်သွားကြမည်ကို မိမိအနေဖြင့်ယုံကြည်ပါကြောင်း ပြောကြားခဲ့ပြီး ထိုနေ့အခမ်းအနား အောင်မြင်စွာပီးဆုံးခဲ့ကြောင်းနှင့် ထိုနေ့အခမ်းအနားသို့ တက်ရောက်လာကြ
သူများကို နံနက်စာ လဘက်ရည်ပွဲဖြင့်ဧည့်ခံကျွေးမွေးခဲ့ကြောင်း 
သိရှိရပါသည်။

လင်းလင်း(လားရှိုး)