“ထိုင်းနိုင်ငံ လူငယ်ဘော်လုံးသမား(၁၂)ဦးနှင့် နည်းပြတစ်ဦးတို့မှာ မယ်ဆိုင်မြို့ လှိုင်ဂူကြီးတခုအတွင်း ရှစ်ရက်ကြာ ပိတ်မိပျောက်ဆုံးနေသည့်အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်မှုများ ပူးပေါင်းလုပ်ဆောင်လျှက်ရှိနေ”

ထိုင်းနိုင်ငံ မယ်ဆိုင် - ဇွန်(၃၀)

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်မြို့ရှိ ထမ့်လုံခွန်နမ့် လှိုင်ဂူအတွင်း ၀င်ရောက်လည်ပတ်စဉ် 
ပိတ်မိ နေသည် ဆိုသည့် ထိုင်းနိုင်ငံ ကျောင်းသားဘော်လုံးအသင်းမှ ဒုတိယအသင်းနည်းပြ နှင့် ကျောင်းသား လူငယ်ဘောလုံး သမား(၁၂)ဦး ပျောက်ဆုံးသွားခဲ့ခြင်းအပေါ် သက်ဆိုင်ရာ ထိုင်းအစိုးရတာဝန်ရှိသူများ၊ ထိုင်း တော်ဝင် တပ်မတော်အကြီးအကဲများကိုယ်တိုင် ရောက်ရှိကြကာ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်မှုများကို နေ့စဉ် ဆက်တိုက်လုပ်ဆောင်လျှက်ရှိကြောင်းနှင့် (၇)ရက်ကြာ ကယ်ဆယ်ရေး လုပ်ဆောင်မှုများ လုပ်ဆောင်လျှက်ရှိ ကြောင်း၊ ဇွန်(၂၉)ရက်နေ့တွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယုချန်အိုချာ ကိုယ်တိုင် မယ်ဆိုင်မြို့ ထမ့်လုံခွန်နမ့် လှိုင်ဂူ သို့ ရောက်ရှိလာခဲ့ပြီး ပျောက်ဆုံးနေသော ထိုင်းလူငယ် ဘော်လုံးအသင်းမှ နည်းပြ အပါအ၀င်(၁၃)ဦး ၏ မိသားစုဝင်များကို အားပေးစကားများပြောကြားခဲ့ပါသည်။ 
ပျောက်ဆုံးကျောင်းသား လူငယ်ဘော်လုံးသမား များ နှင့် နည်းပြဆရာ တို့အားလုံးကို ပြန်တွေ့မှသာ ထိုနေရာက ပြန်မည်ဖြစ်ကြောင်း ကိုလည်းထိုင်းဝန်ကြီးချုပ် က ပြောကြားခဲ့ကြောင်းနှင့် ပျောက်ဆုံးနေသည့် ကလေးများ အိမ်ပြန်လာသည့် ပုံများပါဝင်သော အင်္ကျီ ကို ၀တ်ဆင်ကာ မယ်ဆိုင်မြို့ ထမ့်လုံခွန်နမ့် လှိုင်ဂူ သို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ လှိုင်ဂူ အနီး ရောက်ရှိ သတင်းယူနေသော သတင်းထောက်များက ဆိုပါသည်။

ထိုင်းနိုင်ငံ အစိုးရအကြီးအကဲများမှ ပျောက်ဆုံးနေသည့် ကျောင်းသားဘော်လုံးသမားများနှင့် နည်းပြဆရာ အပါ အ၀င် (၁၃)ဦးလုံးကို ပြန်လည်တွေ့ရှိမည်ဟု ယုံကြည်လျှက်ရှိကြောင်းနှင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ဆောင်မှု များကို ဆက်လက်၍ ကြိုးစားလုပ်ဆောင်လျှက်ရှိကြောင်း၊ မိုးမှာဆက်တိုက် ဆိုသလို ရွာနေသည့်အတွက် ၄င်း ကျောက်ဂူအတွင်းရှိ ရေများကို ရေစုပ်စက်များဖြင့် စုပ်ထုတ်နေခြင်းဖြင့်လည်းကောင်း၊ ကယ်ဆယ်ရေးအဖွဲ့မှ ရေငုတ် 
ပညာရှင်များဖြင့်လည်းကောင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှ 
ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။
မိုး မှာလည်း ဆက်တိုက်ရွာနေခြင်းက ကယ်ဆယ်ရေး ဆောင်ရွက်ခြင်းများအတွက် အခက်အခဲများ လည်းကြုံတွေ့နေကြောင်းနှင့် ဂူအတွင်း ရေစုပ် ထုတ်နေသည့် မော်တာများကိုချိတ်ဆက်ထားသည့် လျှပ်စစ်ဝါယာကြိုးမှ မတော်တဆ ၀ါယာလျှော့ဖြစ်သည့်အတွက် ကယ်ဆယ်ရေးလုပ်ဆောင်နေသူ အချို့ မတော်တဆ ဓါတ်လိုက်ခဲ့ကြောင်းနှင့် ဓါတ်လိုက်ခဲ့သည့် ကယ်ဆယ်ရေးအဖွဲ့မှ(၃)ဦးထက်မနည်း ကို အရေးပေါ် လူနာတင်ယာဉ်သုံးစင်းဖြင့် တာဝန်ရှိသူများက သယ်ဆောင်သွားခဲ့ကြောင်း မျက်မြင်အချို့က ဆိုပါသည်။ 

ယင်းဖြစ်စဉ်ဖြစ်ပွားလျှက်ရှိသော ထမ့်လုံခွန်နမ့် လှိုင်ဂူ သည် ထိုင်းနိုင်ငံမြောက်ပိုင်း 
မယ်ဆိုင်မြို့အနီးတွင် တည်ရှိပြီး လွန်စွာရှည်လျားသော ဂူကြီးတခုဖြစ်သလို ဂူတွင်းလမ်းများမှာလည်း ၀င်ကမ္ဘာအလား ရှုပ်ထွေးများ ပြားလျှက်ရှိသည့် လှိုင်ဂူတခုဖြစ်ကြောင်း၊ မိုးသည်းထန်စွာရွာသွန်းပြီး ဂူအတွင်း ရေများတက်လာသည့် အတွက် ပျောက်ဆုံးနေသူ ကျောင်းသားများမှာ ရေလွတ်ရာ လမ်းကြောင်းသို့ရှောင်တိမ်းစဉ် လှိုင်ဂူအတွင်း ပိတ်မိနေခြင်း ဖြစ်ကြောင်း ဒေသခံများနှင့် ၄င်း ထမ့်လုံခွန်နမ့် လှိုင်ဂူ တွင်းသို့ ၀င်ရောက်ဘူးသူများက သုံးသပ်ပြော 
ဆိုနေကြသည်။
အဆိုပါ ပျောက်ဆုံးနေသည့် ထိုင်းလူငယ် ဘော်လုံးသမားများသည် လှိုင်ဂူအတွင်း စတင်ဝင်ရောက်စဉ် အစားအသောက်များ ယူဆောင်သွားခဲ့ကြခြင်းအပေါ် အကြောင်းပြုပြီး လက်ရှိတွင် ထိုဘော်လုံးသမား ကလေးများအားလုံး အသက်ရှင်ကျန်းမာလျှက်ရှိကြကာ ကယ်ဆယ်ရေးအဖွဲ့များ ၄င်းတို့ထံ လာရောက်ချိန်ကို မျှော်လင့်နေကြခြင်းပင်ဖြစ်ကြောင်း၊ ဂူအတွင်း ရေများကျသွားပါက 
နည်းပြဆရာနှင့် ကလေးများအားလုံးကို ပြန်လည်တွေ့ရှိမည်ဖြစ်ကြောင်း၊ ကယ်ဆယ် ရေးအတွင်း ပါဝင်ဆောင်ရွက်နေကြသည့် အတွေ့အကြုံရှိသူများ က  ပြောဆိုလျှက်ရှိကြောင်း 
သိရသည်။

ထိုင်းနိုင်ငံမယ်ဆိုင် ထမ့်လုံခွန်နမ့် လှိုင်ဂူအတွင်း ပိတ်မိနေသော လူငယ်ဘော်လုံးအသင်းမှ 
(၁၃)ဦးကို ထိုင်းနိုင်ငံအစိုးရ တပ်မတော်မှ ဦးဆောင်ကာ ရှာဖွေကယ်ဆယ်ရေးအဖွဲကများ 
ပူးပေါင်းကာ ကယ်ဆယ်ရေး လုပ်ဆောင်မှုများကို ဆောင်ရွက်လျှက်ရှိရာတွင် မြန်မာနိုင်ငံမှလည်း လိုအပ်သည်များ အပြည့်အ၀ ပူးပေါင်းကူညီဆောင်ရွက်သွားရန် မြန်မာနိုင်ငံ ပြည်ထောင်စုအစိုးရက နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့  ညွှန်ကြားထားပြီးဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ဇွန်(၂၈)ရက်နေ့တွင် 
သတင်းထုတ်ပြန်ခဲ့ပါသည်။
အမေရိကန်တပ်ဖွဲ့ဝင်များနှင့် ဗြိတိန်ကျွမ်းကျင်သူများပါဝင်သောအဖွဲ့မှလည်း ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ဖော်ပြပါ လှိုင်ဂူ အတွင်း ပိတ်မိပျောက်ဆုံးနေသော (၁၂)ဦးသော ကလေးငယ်များနှင့် နည်းပြဆရာကို ရှာဖွေ ကယ်ဆယ်ရေးအတွက် ဇွန်(၂၈)ရက်နေ့၌ ရောက်ရှိခဲ့ကြပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်မှုများ ပူးပေါင်းလုပ်ဆောင်လျှက်ရှိကြောင်းနှင့် ဇွန်(၃၀)တွင် သြစတေးလျ အစိုးရက စေလွှတ်လိုက်သော သြစတေးလျ ကယ်ဆယ်ရေးအဖွဲ့(၆)ဦးကို ထိုင်းနိုင်ငံ 
မယ်ဆိုင်မြို့ ထမ့်လုံခွန်နမ့် လှိုင်ဂူ သို့ သြစတေးလျ အစိုးရက စေလွှတ်လိုက်ကြောင်း၊ 
သြစတေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့မှ အထူးရဲတပ်ဖွဲ့ဝင်(၆)ဦး ကို စေလွှတ်ခဲ့ခြင်းဖြစ်ပြီး ကယ်ဆယ်ရေးပစ္စည်းများကို သြစတေးလျ တော်ဝင်လေတပ်မှ လေယာဉ်များဖြင့် သယ်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဇွန်(၃၀)ရက်နေ့တွင် မယ်ဆိုင် ထမ့်လုံခွန်နမ့် လှိုင်ဂူ
သို့ ရောက်ရှိနေကြသည့် ကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့များမှာ အမေရိကန်ပြည်ထောင်စု၊
ဂရိတ်ဗြိတိန်၊ ဂျပန်၊ မြန်မာ၊ လာအို၊ တရုတ်တို့မှ ကယ်ဆယ်ရေးအဖွဲ့များရောက်
ရှိနေပြီးဖြစ်သလို  ပူးပေါင်းကယ်ဆယ်ရေး ဆောင်ရွက်နေကြ 
ကြောင်းသိရှိရသည်။

မြန်မာနိုင်ငံမှ မိုင်းဖုန်းဆရာတော်မှလည်း ဇွန်(၂၉)ရက်နေ့တွင်  ထမ့်လုံခွန်နမ့် လှိုင်ဂူ သို့  ကြွရောက်ခဲ့ပြီး ပျောက်ဆုံးနေသူ ကလေးများအားလုံးကို အမြန်ဆုံးပြန်လည် ရှာဖွေကယ်ဆယ်နိုင်ရေး အတွက် မေတ္တာပို့ ဆုတောင်းလျှက်ရှိကြောင်း သတင်းဓါတ်ပုံးများနှင့်အတူ ဒေသခံများ၏ လူမှုကွန်ယက် စာမျက်နှာများ၌ တွေ့ရှိရသည်။

ဇွန်(၂၃)ရက်နေ့အနှောင်းပိုင်းက ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်မြို့ ထမ့်လုံခွန်နမ့် လှိုင်ဂူအတွင်း ထိုင်းလူငယ်ဘော်လုံးအသင်းမှ ဘော်လုံးသမားများနှင့် ဒုတိယနည်းပြတစ်ဦးအပါအ၀င် 
(၁၃)ဦး ၀င်ရောက်ခဲ့ကြပြီးနောက် လှိုင်ဂူအတွင်း ပိတ်မိပျောက်ဆုံးနေသည့်အတွက် 
ရှာဖွေကယ် ဆယ်ရေးလုပ်ဆောင်မှုများကို (၈)ရက်ကြာ ရှာဖွေကယ်ဆယ်ရေး 
ပူးပေါင်းအဖွဲကများမှ ကြိုးစားဆောင်ရွက်နေကြခြင်း
ဖြစ်သည်။


L2 (LSO)