“ရှမ်းမြောက် မဟာမိတ်တပ်ဖွဲ့ဝင် TNLA / KIA လက်နှက်ကိုင်များမှ မူဆယ်မြို့နယ်တွင်းသို့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ များပြားစွာဒဏ်ရာရရှိခဲ့ကြသလို ပြည်သူများအပါအ၀င် ဒုရဲအုပ်တဦးနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ စုစုပေါင်း (၁၉)ဦး သေဆုံးခဲ့၊ တရုတ်နိုင်ငံသံရုံးမှ ယင်း အကြမ်းဖက်တိုက်ခိုက်လာမှုအား ရှုတ်ချခဲ့ကြောင်းထုတ်ပြန်ကြေငြာ”
မူဆယ် . မေ (၁၃)
ရှမ်းပြည်နယ်မြောက်ပိုင်း
မူဆယ်မြို့ ၌ မေ(၁၂)ရက်၊ ယမန်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဒေသခံ ဌာနေပြည်သူ့စစ်တပ်ဖွဲ့များ၏
လုံခြုံရေးစခန်းများကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ TNLA / KIA လက်နှက်ကိုင်များမှ ၀င်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ကြောင့် ဒေသခံတိုင်းရင်းသား
ပြည်သူများအပါအ၀င် ဒုရဲအုပ်(၁)ဦးနှင့် ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များ စုစုပေါင်း
(၁၉)ဦး သေဆုံးခဲ့ကြောင်း ဖြစ်စဉ်ဖြစ်ပွား သည့်နေ့မှာဘဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ
သေဆုံးသူများအမည်စာရင်းနှင့် ဒါဏ်ရာရှိသူများ(၂၇)ဦးဖြစ်ကြောင်းနှင့် ဒဏ်ရာရရှိသူဒေသခံပြည်သူများ၊
ဌာနေပြည်သူ့စစ်များ ၏အမည်များကိုပင် တိကျစွာထုတ်ပြန်ကြေငြာခဲ့ပါသည်။
KIA /TNLA လက်နှက်ကိုင်ပူးပေါင်းအဖွဲ့သည် ဖြစ်စဉ်ဖြစ်ပွားသည့် မေ(၁၂)ရက်၊
နံနက်( ၅း ၀၀ ) အချိန်ခန့်မှ စတင်၍ မူဆယ်မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် နမ့်ခမ်းမြို့မ
ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ
ပူးပေါင်းလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့်
မူဆယ်မြို့နယ်၊ ပန်ခမ်းတံတားအား အင်အား ၅၀ ဦးခန့်က အရှေ့တောင်ဘက်မှ လည်းကောင်း၊
မူဆယ်မြို့အတွင်းရှိ နမ့်ခမ်းမြို့မ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့
ခေါင်းဆောင်
ဦးအိုက်စံ၏ နေအိမ်တစ်ဝိုက်အား အင်အား ၃၀ ဦးခန့်က အရှေ့တောင်ဘက်မှ လည်းကောင်း၊
မူဆယ်မြို့နယ်ရဲတပ်ဖွဲ့ ၀င်များနှင့် နမ့်ခမ်းမြို့မပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များ
ပူးပေါင်းလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် မန်ဝိန်း ဂိတ်အား အင်အား ၁၀
ဦးခန့်ကလည်းကောင်း၊ မူဆယ်မြို့၊ ပန်ခမ်းတံတားအနီးရှိ နောင်ရမ်းကျေးရွာအား
အင်အား(စိစစ်ဆဲ)က လည်းကောင်း၊ အကြောင်းမဲ့လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်
ပစ်ခတ်တိုက်ခဲ့သဖြင့် မိမိတို့ဘက်မှ ပြန်လည်၍ ခုခံတိုက်ခိုက်ခဲ့ရာ ထိုနေ့၏ နံနက်
(၈း၀၀)အချိန်ခန့်တွင် တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း တပ်မတော်
ကာကွယ်ရေးဦးစီးချုပ်ရုံမှ ထိုနေ့မူဆယ်မြို့နယ်
တိုက်ပွဲ သတင်းအား ထုတ်ပြန်ကြေငြာခဲ့ခြင်းဖြစ်ပါသည်။
ထိုသို့ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်
ဒုတိယရဲအုပ် ဇော်ရဲနိုင်၊ နမ့်ခမ်းမြို့မပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် လဖီ၊
စိုင်းလောဝ်ခမ်း၊ စိုင်းရုန်းဝင်း၊ စိုင်းကြာရွှေလှိုင်း၊
အပြစ်မဲ့တိုင်းရင်းသားပြည်သူ နောင်ရမ်းကျေးရွာနေ စိုင်းဆိုင်တိုင်း၊ အောင်မျိုးသူ၊
ကျော်ဦး၊ စိုင်းဟန်ခေး၊ စိုင်းထွန်းအေး၊ စိုင်းဝင်းဗိုလ်၊ ဖက်တီး၊ အားကျုံး၊
အိုက်အေး၊ ထွန်းတင်နှင့် စစ်စိမ်းရောင်ဘောင်းဘီ ၀တ်ထားသည့် အမည်မသိအမျိုးသား ၂
ဦး၊ မ၀ါဝါစန်းနှင့် အမည်မသိ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၁၉ ဦးသေဆုံးခဲ့ပြီး
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ရဲတပ်ကြပ်ကြီး ချမ်းမြေ့၊ ရဲတပ်သား ကျော်စွာမင်း၊
ရဲတပ်သား စိုင်းညီငယ်၊ နမ့်ခမ်းမြို့မ
ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် ဇော်လင်း၊ အောင်သူ၊ ဦးသိန်းဌေးအောင်၊
ပန်ဆေးပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင် ချုံကျိမ်နိမ့်၊ ဦးအောင်ထွန်း၊
အပြစ်မဲ့တိုင်းရင်းသား ပြည်သူ မူဆယ်မြို့၊ စွမ်စော်နှင့် ဆင်ဖြူရပ်ကွက်တို့နေ
ဦးစိုးနိုင်၊ ဦးတူးဂျာ၊ ဆိုင်ဝမ်း၊ သက်နိုင်ဦး၊
တိန်းလုံကျေးရွာနေ ဦးဇော်နော်၊
ပန်ခမ်းကျေးရွာနေ ကိုထက်၊ ဦးလှဦး၊ ဦးစိန်ဝင်း၊
နမ့်အွန်ကျေးရွာနေ ဦးဝင်းအောင်၊
နောင်ရမ်းကျေးရွာနေ ၀သန်ဦး၊ ဦးဝင်းအောင်ဇော်၊ ဦးဖိုးဆန်၊ အောင်နိုင်သူ၊ ချစ်ကို၊
သန်းမြင့်ဇော်၊ နမ့်ခမ်းမြို့နေ ဦးယီလှိုင်၊ စိုင်းနွံမောင်၊
ဒေါ်မအမ်၊
ပန်ဆိုင်းမြို့နေ ဒေါ်ဝမ်ခမ်းမူ တို့ အပါဝင် စုစုပေါင်း ၂၇ ဦး ထိခိုက်
ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။
မေ (၁၂)ရက်
မွန်းတက်ချိန်တွင် မူဆယ်မြို့ခံတဦးကိုဆက်သွယ်
မေးမြန်းခဲ့ရာမှာတော့ …………………..
“ကျွန်တော်တို့
ဒီနေ့မနက် ဂေါက်ကွင်းမှာ ဂေါက်ရိုက်ဖို့ရောက်နေချိန်မှာပါ…. အချိန်က မနက်(၆)နာရီ မထိုးခင်
လေးလောက် ရှိမယ်…. သေနပ်သံတွေ စပြီးကြားရတော့တာပါ….. အခုဖြစ်တဲ့ထဲမှာ တပ်မတော်ကမပါဘူး
လို့သတင်းကြားရပါတယ်… ပြည်သူ့စစ်အဖွဲ့တွေနဲ့ဖြစ်တာလို့သိရတယ်…
ဖြစ်တဲ့နေရာက နမ့်ခမ်းအထွက် မူဆယ်မြို့စွန်မှာပါ…. လောင်းကစားဝိုင်းတွေ အချို့ ရှိတဲ့နေရာလို့
သိရတယ်…. ပန်ဆေးပြည်သူ့စစ်နဲ့ နမ့်ခမ်းမြို့မ ပြည်သူ့စစ်အဖွဲ့ တွေဘဲ အများဆုံး အဲ့ဒီနေရာ
ပတ်ဝန်းကျင်မှာရှိ နေတတ်တာပါ…. ဌာနေပြည်သူ့စစ်ရဲ့ လုံခြုံရေးစခန်းတွေပါ… အခုတော့ မူဆယ်မြို့
က နမ့်ခမ်းဘက်အထွက်လမ်းတွေက လူအသွား အလာ မရှိတော့ဘဲ ခြောက်ကပ်ပြီး ငြိမ်သွားပါပြီ…..”
ဟု
မူဆယ်မြို့ ခံတဦးအား ထိုနေ့မွန်းတက်(၁၂း၃၀)အချိန် ဆက်သွယ် မေးမြန်းစဉ် ပြန်လည်
ပြောပြခဲ့ခြင်းဖြစ်ပါသည်။
အပြာရောင် ( ၃၄ ယ ၈၃၁၈၃
) နံပတ်တပ်စဉ်ထားသည့် ဆိုင်ကယ်တစီးနှင့် ဗုံး(၁၀)လုံးတွဲပြီးချိတ်ထားကြောင်းတွေ့
ရှိသည့်အတွက် လုံခြုံရေးတာဝန်ရှိသူများ၊ တပ်မတော် မိုင်းရှင်းလင်းရေးတပ်ဖွဲ့နှင့်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်
များမှ ထိုနေ့ ညနေ(၆း၀၀)အချိန်ခန့်၌ ၄င်းဗုံးများ
အားလုံးကို
ရှင်းလင်းနိုင်ခဲ့ကြောင်း
မူဆယ်မြို့နယ် ရဲတပ်ဖွဲ့မှ
သိရှိရပါသည်။
အပိုင်း
တွင်လည်းတိုက်ပွဲဖြစ်ပွားခဲ့သော ပစ်ခတ်သံ
များကြားရသည့်အတွက် ခရီးသွားပြည်သူ
များအပါအ၀င် ခရီးသည်တင်ယာဉ်များ၊ ကုန်စည် သယ်ယူပို့ဆောင်သည့် ကုန်တင်ယာဉ်ကြီးများ
အသွားအလာမရှိဘဲ အဆိုပါ ခရီးလမ်းအပိုင်း အတက်ကားရော အဆင်းကာပါ အသွား
များကြားရသည့်အတွက် ခရီးသွားပြည်သူ
များအပါအ၀င် ခရီးသည်တင်ယာဉ်များ၊ ကုန်စည် သယ်ယူပို့ဆောင်သည့် ကုန်တင်ယာဉ်ကြီးများ
အသွားအလာမရှိဘဲ အဆိုပါ ခရီးလမ်းအပိုင်း အတက်ကားရော အဆင်းကာပါ အသွား
အလာရပ်သွားခဲ့ကြောင်းသိရှိရပြီး ထိုနေ့
နေ့လည်ပိုင်းတွင် လမ်းကြောင်းပြန်လည်
နေ့လည်ပိုင်းတွင် လမ်းကြောင်းပြန်လည်
ပွင့်သွားပြီး ခရီးသည် ယာဉ်များအပါအ၀င်
မူဆယ် လားရှိုး အေးချမ်းစွာသွားလာလျှက်
ရှိကြောင်း စုံစမ်းသိရှိရပါသည်။
မူဆယ် လားရှိုး အေးချမ်းစွာသွားလာလျှက်
ရှိကြောင်း စုံစမ်းသိရှိရပါသည်။
မေ(၁၂)ရက်နေ့
မူဆယ်မြို့နယ်တွင်းဖြစ်ပွားခဲ့သည့် တိုင်းရင်းသား လက်နှက်ကိုင်အဖွဲ့များက မူဆယ်မြို့နယ်
ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးစခန်းများအား အကြောင်းမဲ့စွာဖြင့်အကြမ်းဖက်
ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်အား
အကြောင်းပြုကာ မေ(၁၃)ရက်နေ့၌ မြန်မာနိုင်ငံဆိုင်ရာ
တရုတ်နိုင်ငံသံရုံးက
ကြေငြာချက်ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါကြေငြာချက်၌
…..
ပြည်ထောင်စု
သမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးသည် ၄င်းအကြမ်းဘက်မှုအား ပြစ်တင်ရှုတ်ချ၍
သက်ဆိုင်ရာ အရပ်သားများ၏ အပြစ်မရှိသေဆုံးခြင်းအတွက် စိတ်နာဝမ်းနည်းကြောင်း ကိုဖော်ပြလိုက်ပါကြောင်း၊ တရုတ်ဘက်သည် မြန်မာနိုင်ငံ သက်ဆိုင်ရာကို တည်ကြည်လေးနက်စွာ
ဆက်စပ်ညှိနှိုင်းပြီး စစ်ရေးပဋိပက္ခနှင့် သက်ဆိုင်သည့် အဘက်ဘက်များသည်
ချုပ်တည်းခြင်းကိုထိမ်းသိမ်း၍ အပစ်အခတ်ချက်ခြင်းရပ်ဆဲကြောင်း အဘက်ဘက်သည် စစ်ရေး ပဋိပက္ခ ကြီးကျယ်လာမှုကို ရှောင်ရှားရန် ထိရောက်တိကျသော ဆောင်ရွက်ချက်ကို လုပ်ကိုင်ဆောင်ရွက်ကြောင်း၊ တရုတ်မြန်မာနယ်စပ်ဒေသ၏ တည်ငြိမ်အေးချမ်းမှုကို မြန်နိုင်သလောက် ပြန်လည်ရရှိပြီး တရုတ်နယ်စပ်ဒေသ အရပ်သားများ၏ အသက်ဘ၀ နှင့် ဥစ္စာ ဓန လုံခြုံမှုကို ကာကွယ်စောင့်ရှောက်ကြောင်း စသည်တို့ကိုတောင်းဆိုလိုက်ပါသည် … ဟု
ချုပ်တည်းခြင်းကိုထိမ်းသိမ်း၍ အပစ်အခတ်ချက်ခြင်းရပ်ဆဲကြောင်း အဘက်ဘက်သည် စစ်ရေး ပဋိပက္ခ ကြီးကျယ်လာမှုကို ရှောင်ရှားရန် ထိရောက်တိကျသော ဆောင်ရွက်ချက်ကို လုပ်ကိုင်ဆောင်ရွက်ကြောင်း၊ တရုတ်မြန်မာနယ်စပ်ဒေသ၏ တည်ငြိမ်အေးချမ်းမှုကို မြန်နိုင်သလောက် ပြန်လည်ရရှိပြီး တရုတ်နယ်စပ်ဒေသ အရပ်သားများ၏ အသက်ဘ၀ နှင့် ဥစ္စာ ဓန လုံခြုံမှုကို ကာကွယ်စောင့်ရှောက်ကြောင်း စသည်တို့ကိုတောင်းဆိုလိုက်ပါသည် … ဟု
ထိုနေ့ တရုတ်နိုင်ငံသံရုံ၏ု ထုတ်ပြန်ကြေငြာချက်၌ ရေးသားထားကြောင်း
သိရှိရပါသည်။
မေ(၁၃)ရက်
နေ့ ညနေပိုင်းအထိ မူဆယ်မြို့ခံများအား မူဆယ်မြို့နှင့် လားရှိုးမူဆယ် မြောက်ပိုင်းကားလမ်းများအခြေအနေကို
ဆက်သွယ်စုံစမ်းမှုပြုခဲ့ရာတွင်
“မူဆယ်မြို့ကတော့
ဒီနေ့အေးချမ်းပါတယ်… ပုံမှန်ပါဘဲ… ဈေးရောင်းသူရောင်း… ၀ယ်သူဝယ် သွားလာနေကြတာပါဘဲ… မနေ့ကလည်း မူဆယ်မြို့ထဲကတော့
ပုံမှန်ပါဘဲ… ဈေးဆိုင်တွေက ဈေးရောင်း မပျက်ဘူး… ငွေလဲ သူတွေလည်း ပုံမှန်ပါဘဲ…. မနက်ပိုင်း
ပစ်ခတ်မှုဖြစ်နေချိန်မှာ အောက်ဘက် နမ့်ခမ်း အထွက် ဂိတ် မန်ဝိန်းဘက်မှာသာ ဖြစ်သွားတာကို…..
မူဆယ်ကတော့အေးချမ်းနေပါပြီ… လားရှိုးမူဆယ်လည်း ဒီနေ့ဘာမှမကြားရဘူး… ပုံမှန်ဘဲ အေးအေးချမ်းချမ်းသွားလာနေကြပါတယ်..”
ဟု မူဆယ်မြို့နေ ဒေသခံ ပြည်သူတဦးကို ဆက်သွယ်မေးမြန်းစဉ်
ပြန်လည် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
လင်းလင်း
(လားရှိုး)






