နောင်ချို . မေ (၁၁)
Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
SSA
(ဝမ်ဟိုင်း)အဖွဲ့မှ အမာခံသတင်းပေးနှင့် ဆက်ကြေးတာဝန်ခံများ ဖမ်းဆီးရမိကြောင်း
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်မှုအရ သိရှိရပါသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊
နောင်ချိုမြို့ နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မေ(၁ဝ)ရက်၊ နံနက်( ၁း၃၀)အချိန်ခန့်တွင် ပါပေါက်
ကျေးရွာအတွင်း သတင်းအရ နေအိမ်တစ်လုံးအားဝင်ရောက်ရှာဖွေရာ SSA (ဝမ်ဟိုင်း)အဖွဲ့မှ
အမာခံသတင်းပေး အိုက်လူ(ဘ)ဦးစိုင်းကြူ ကို လက်ပစ်ဗုံးတစ်လုံး၊ မိုင်းကြိုးပေ ၅ဝ
ခန့်နှင့်အတူ
ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိခဲ့သည်။

အလားတူ
နံနက် (၂း၀၀)အချိန်ခန့်တွင် လွယ်လိတ်ကျေးရွာအတွင်း သတင်းအရဝင်ရောက်ရှာဖွေရာ SSA
(ဝမ်ဟိုင်း)အဖွဲ့မှ ဆက်ကြေးတာဝန်ခံ အိုက်မွန်း(ဘ) ဦးဇော်ဝဏ္ဏကို ပစ္စတိုတစ်လက်၊
၎င်းကျည်အိမ်တစ်ခုနှင့် ၄င်းကျည်ခြောက်တောင့်၊ အမ် ၂၂ သေနတ် တစ်လက်၊
၎င်းကျည်အိမ်တစ်ခု၊
၎င်းကျည် ၁၉ တောင့်တို့နှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါဖမ်းဆီးရမိ
အိုက်မွန်းအား စစ်ဆေးမေးမြန်းချက်အရ ၄င်း၏နေအိမ်အား ယနေ့ နံနက် ၉ နာရီခန့်တွင်
လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေစစ်ဆေးရာ နေအိမ်၌ ဇနီးဖြစ်သူ ဒေါ်အေးစန်းအား
ပစ္စတိုကျည် အိမ်တစ်ခု၊ ၄င်းကျည်ငါးတောင့်၊ ဆပ်ပြာခွက်သုံးခွက်အတွင်းထည့်ထားသည့်
ဘိန်းဖြူမှုန့် ၃ဝ ဂရမ်၊ WY
စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၁၈၂ဝဝ ပြား၊ ၈၈
စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၅ဝဝ ပြား(စုစုပေါင်းခန့်မှန်း
တန်ဖိုးငွေကျပ်သိန်း ၃၇ဝ ကျော်)နှင့်
အတူထပ်မံဖမ်းဆီးရမိခဲ့သည်။
အဆိုပါ
ဖမ်းဆီးရမိသူများအား တရားဥပဒေအရ ဆက်လက်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
