“KIA/TNLA လက်နှက်ကိုင်အဖွဲ့က မူဆယ်မြို့နယ်အတွင်းရှိ လုံခြုံရေးဂိတ် စခန်းများနှင့် မြို့တွင်းရှိနေအိမ်များအား လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များနှင့် အပြစ်မဲ့ တိုင်းရင်းသားပြည်သူများသေဆုံး၊ ဒဏ်ရာရ”

မူဆယ် . မေ ( ၁၂ )

KIA/TNLA အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့က မူဆယ်မြို့နယ်အတွင်းရှိ လုံခြုံရေးဂိတ် 
စခန်းများနှင့် မြို့တွင်းရှိနေအိမ်များအား လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့မျုကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များနှင့် 
အပြစ်မဲ့ တိုင်းရင်းသားပြည်သူများ(၁၉)ဦးသေဆုံးခဲ့ကြောင်းနှင့် (၂၇)ဦးဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဖြစ်စဉ်ဖြစ်သည့် 
န့ခြင်းမှာပင် တိုက်ပွဲသတင်း ထုတ်ပြန်ခဲ့ပါသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်းရှိ လုံခြုံရေးဂိတ်စခန်းများနှင့် မြို့တွင်းရှိ နေအိမ်များသို့ မေ(၁၂)ရက်နေ့၏ နံနက်အစောပိုင်းတွင် KIA /TNLA လက်နှက်ကိုင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
 
ြ ဖြစ်စဉ်များမှာ KIA /TNLA လက်နှက်ကိုင်ပူးပေါင်းအဖွဲ့သည် မေ(၁၂)ရက်၊ နံနက် ( ၅း ၀၀ )အချိန်ခန့်မှ 
စတင်၍ မူဆယ်မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် နမ့်ခမ်းမြို့မ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ ပူးပေါင်းလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် မူဆယ်မြို့နယ်၊ ပန်ခမ်းတံတားအား အင်အား ၅၀ ဦးခန့်က အရှေ့တောင်ဘက်မှလည်းကောင်း၊ မူဆယ်မြို့အတွင်းရှိ နမ့်ခမ်းမြို့မ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ခေါင်းဆောင် ဦးအိုက်စံ၏ နေအိမ်တစ်ဝိုက်အား အင်အား ၃၀ ဦးခန့်က အရှေ့တောင်ဘက်မှလည်းကောင်း၊ မူဆယ်မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် နမ့်ခမ်းမြို့မပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များ ပူးပေါင်းလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် မန်ဝိန်းဂိတ်အား အင်အား ၁၀ ဦးခန့်ကလည်းကောင်း၊ မူဆယ်မြို့၊ ပန်ခမ်းတံတားအနီးရှိ နောင်ရမ်းကျေးရွာအား အင်အား(စိစစ်ဆဲ)က လည်းကောင်း၊ အကြောင်းမဲ့လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခဲ့သဖြင့် မိမိတို့ဘက်မှ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ ထိုနေ့၏ နံနက် (၈း၀၀)အချိန်ခန့်တွင် တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ဒုတိယရဲအုပ် ဇော်ရဲနိုင်၊ နမ့်ခမ်းမြို့မပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် လဖီ၊ စိုင်းလောဝ်ခမ်း၊ စိုင်းရုန်းဝင်း၊ စိုင်းကြာရွှေလှိုင်း၊ အပြစ်မဲ့တိုင်းရင်းသားပြည်သူ နောင်ရမ်းကျေးရွာနေ စိုင်းဆိုင်တိုင်း၊ အောင်မျိုးသူ၊ ကျော်ဦး၊ စိုင်းဟန်ခေး၊ စိုင်းထွန်းအေး၊ စိုင်းဝင်းဗိုလ်၊ ဖက်တီး၊ အားကျုံး၊ အိုက်အေး၊ ထွန်းတင်နှင့် စစ်စိမ်းရောင်ဘောင်းဘီ ၀တ်ထားသည့် အမည်မသိအမျိုးသား ၂ ဦး၊ မ၀ါဝါစန်းနှင့် အမည်မသိ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၁၉ ဦးသေဆုံးခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ရဲတပ်ကြပ်ကြီး ချမ်းမြေ့၊ ရဲတပ်သား ကျော်စွာမင်း၊ ရဲတပ်သား စိုင်းညီငယ်၊
နမ့်ခမ်းမြို့မ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် ဇော်လင်း၊ အောင်သူ၊ ဦးသိန်းဌေးအောင်၊ ပန်ဆေးပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင် ချုံကျိမ်နိမ့်၊ ဦးအောင်ထွန်း၊ အပြစ်မဲ့တိုင်းရင်းသား ပြည်သူ မူဆယ်မြို့၊ စွမ်စော်နှင့် ဆင်ဖြူရပ်ကွက်တို့နေ ဦးစိုးနိုင်၊ ဦးတူးဂျာ၊ ဆိုင်ဝမ်း၊ သက်နိုင်ဦး၊ တိန်းလုံကျေးရွာနေ ဦးဇော်နော်၊ ပန်ခမ်းကျေးရွာနေ ကိုထက်၊ ဦးလှဦး၊ ဦးစိန်ဝင်း၊ နမ့်အွန်ကျေးရွာနေ ဦးဝင်းအောင်၊ နောင်ရမ်းကျေးရွာနေ ၀သန်ဦး၊ ဦးဝင်းအောင်ဇော်၊ ဦးဖိုးဆန်၊ အောင်နိုင်သူ၊ ချစ်ကို၊ သန်းမြင့်ဇော်၊ နမ့်ခမ်းမြို့နေ ဦးယီလှိုင်၊ စိုင်းနွံမောင်၊ ဒေါ်မအမ်၊ ပန်ဆိုင်းမြို့နေ ဒေါ်ဝမ်ခမ်းမူ တို့ အပါဝင် စုစုပေါင်း ၂၇ ဦး ထိခိုက်
ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။
တပ်မတော်စစ်ကြောင်းများက အဆိုပါအကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြသည့် 
လက်နှက်ကိုင်အဖွဲ့အား နယ်မြေလိုက်လံရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း 
သိရှိရပါသည်။

Source ; တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး