“ပျှော်ဖွယ်မှ မူဆယ်သို့ တရားဝင်နွားများတင်ဆောင်လာသည့် နွားကား(၁၂)ဘီး ကားကြီးတစ်စီးကို သီပါမြို့နယ် ရေပူကြံခင်းရွာအနီး၌ လက်နှက်ကိုင်များက လမ်းနှဘေးတောင်ကုန်းပေါ်မှ ပစ်ခတ်ခဲ့ရာ ယာဉ်မောင်းသေဆုံးပြီး နှစ်ဦးဒါဏ်ရာရ”

သီပေါမြို့နယ် . မေ (၈)ရက်

မေ (၈)ရက် ၊ မွန်းတက် (၁၂း၀၀)အချိန်ခန့်၌ မန္တလေး-လားရှိုး-မူဆယ်
 ပြည်ထောင်စုလမ်းမကြီး၏ ကျောက်မဲမြို့နယ်နှင့်သီပေါမြို့နယ်ကြား၊ 
မိုင်တိုင်အမှတ်(၁၉၉ / ၇)နှင့်(၂၀၀)ကြား၊ သီပေါမြို့နယ် ကျင်သီကျေးရွာအုပ်စု၊(ရေပူ) ကြံခင်းကျေးရွာအနီး လမ်းခရီးအရောက်၌ပျှာ်ဖွယ်မှမူဆယ်မြို့သို့ နွားများကောင်ရေ(၂၀)တင်ဆောင်
လာသည့် (၁၂)ဘီးယာဉ်နှင့် နွားကောင်ရေ(၂၀)တင်ဆောင်လာသည့် ခြောက်ဘီးယာဉ်တို့ကို ၄င်းတို့မောင်းနှင်လာသောလမ်းကြောင်း၏ လက်ယာဘက်တောင်ကုန်းပေါ်မှ အမည်မသိ လက်နှက်ကိုင်အဖွဲ့စည်းတခုက လက်နှက်ငယ်များဖြင့် (၁၀)ချက်ခန့် ပတ်ခတ်ခဲ့ကြောင်း၊ 
ထိုသို့ပစ်ခဲ့ရာ၌ နွားကောင်ရေ (၂၀) တင်ဆောင်ခဲ့သည့် (၁၂)ဘီး ယာဉ်၏ ယာဉ်မောင်း ရှဒစ်(ခ)မင့်နိုင် အားကျည်ထိမှန်ခဲ့ကြောင်း၊ယာဉ်မောင်း ရှဒစ် မှ ကျည်ထိမှန်သော်လည်း ကားကိုမရပ်ဘဲ ဆက်လက်မောင်းနှင် ထွက်ပေပြးခဲ့ရာ၌လမ်းနဘေး လက်ဝဲဘက်မှ မန်ကျည်းပင်ကြီးတပင်ကို တိုက်မိခဲ့ပြီး ယာဉ်ရပ်တန့်သွားခဲ့ ကြောင်း၊ ယာဉ်မောင်း ရှဒစ်(ခ)မြင့်နိုင် မှာဝဲဘက်ရင်အုံကို ပစ်ခတ်လာသည့်ကျည်ထိမှန်ခဲ့ပြီးဝဲဘက်ရင်အုံ ဖောက်ဝင်ကာ နောက်ကျော
ဘက်မှ ဖောက်ထွက်ဒဏ်ရာဖြင့် ၄င်းဖြစ်စဉ်ဖြစ်သည့်နေရာမှာပင်
 သေဆုံးသွားခဲ့ ကြောင်းသိရသည်။ 
ထိုယာဉ်ပေါ်၌ပင်လိုက်ပါခဲ့သည့် ယာဉ်နောက်လိုက် နေမျိုးထွန်း(ခ)ကိုမျိုးဆိုအား ၀ဲဘက် ခြေသလုံးနှင့် ယဘက်လက်ပြင် ပေါက်ပြဲ ကျည်ထိမှန်ဒါဏ်ရာရရှိခဲ့ကြောင်း၊ နွားထိမ်းအဖြစ် ထိုကားပေါ်တွင် လိုက်ပါခဲ့သည့် အောင်နိုင်ဌေး ဆိုသူအား ကျည်(၃)ချက်ထိမှန်ခဲ့ပြီး စိုးရိမ်ရသော ဒါဏ်ရာရှိခဲ့ကြောင်း၊ အဆိုပါ ဖြစ်စဉ်ဖြစ်ပွားသည့် သတင်းရရှိသည်နှင့် သီပေါမြို့ နယ်စည်းမခြား ပရဟိတအဖွဲ့မှ ဖော်ပြပါ ဒါဏ်ရာရရှိသူ နှစ်ကို သီပေါမြို့ ပြည်သူ့ဆေးရုံကြီးသို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသလို ယင်း ဖြစ်စဉ်ဖြစ်သည့်နေရာ၌ပင် သေဆုံးသူ ယာဉ်မောင်း ရှဒစ်(ခ)မြင့်နိုင် ၏ရုပ်အလောင်းကို သီပေါမြို့ ပါရမီ ပရဟိတအကျိုးဆောင်အဖွဲ့မှ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သီပေါမြို့ခံတဦးထံမှစုံစမ်းသိရှိရပါသည်။
ဖော်ပြပါ နွားများတင်ဆောင်လာခဲ့သည့် နွားကားများသည် ပျှော်ဖွယ်မြို့မှ မူဆယ်မြို့သို့ တရားဝင် နွားကောင် ရေ(၁၀၀)ကို ကားကြီး(၅)စင်းဖြင့်သယ်ဆောင်လာခဲ့စဉ်၌ ၄င်း ယာဉ်မောင်း ရှဒစ်(ခ)မြင့်နိုင် မောင်းနှင်ခဲ့သည့် (၁၂)ဘီးယာဉ်အား အမည်မသိလက်နှက်ကိုင်အဖွဲ့၏ ပစ်ခတ်လိုက်သော ကျည်ထိမှန်ခဲ့ကြောင်း၊ အလားတူ နွားများတင်ဆောင်လာသည့် တရားဝင်သယ်ဆောင်လာသောနွားကား များကို လမ်းနဘေးမှလက်နှက်ကိုင်များက သေနပ်ဖြင့်ပစ်ခတ်ခဲ့သည့်ဖစ်စဉ်မျိုးမှာသုံးကြိမ်ထက်မနည်း
 ဖော်ပြပါပည်ထောင်စု လမ်းမကြီး၏နာင်ချို၊-ကျာက်မဲနှင့် သီပေါမြို့ ကြားလမ်းအပိုင်း၌သာ ဖြစ်ပွားခဲ့
ဘူးကြောင်း၊ အဆိုပါလမ်းအပိုင်းတွင် နေ့စဉ်မောင်းနှင်သွားလာနေကြသည့် ခရီးသည်တင်
ယာဉ်လိုင်းများ၏ ယာဉ်မောင်းတဦးမှဆိုပါသည်။ 
၎င်းလမ်းအပိုင်းကို ဖြတ်သန်းကာ တရားဝင်နွားများတင်ဆောင်လာသည့် နွားကားများဖြတ်သန်းနေသကဲ့သို့ တရားမ၀င် နွားမှောင်ခိုကားများမှာလည်း ဖြတ်သန်းသွားလာခြင်းများရှိနေပါကြောင်း၊ တရားမ၀င်နွား 
မှောင်ခို ကားများ ကိုလည်း သက်ဆိုင်ရာမှ ထိထိရောက်ရောက် စီစစ်ဖမ်းဆီးအရေးယူ 
 မှုများ ပြုလုပ်သင့်ကြောင်းနှင့် ယခု ဖြစ်စဉ်ကဲ့သို့ မည်သည့်လက်နှက်ကိုင် အဖွဲ့က ပစ်ခတ်လိုက်မှန်းမသိရသော အပြစ်မဲ့ပြည်သူများ သေဆုံးနေရ ခြင်းမျိုးနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူများ အနေဖြင့် အပြစ်မဲ့ပြည်သူများ အန္တရယ်ကင်းရှင်းစွာဖြင့် ထိခိုက်နှစ်နာခြင်းကင်းဝေးစေနိုင်ရေး၊ တရားဥပဒေစိုးမိုး ရေးကို အလေးထားဆောင်ရွက်ရန် ဒေသခံတိုင်းရင်းသားပြည်သူများက လိုလားစွာပြောဆိုနေကြကြောင်း သိရသည်။


L2 (LSO)

သတငိးဓါတ်ပုံ - နယ်စည်းမခြား ပရဟိတအဖွဲ့ (ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့)