“မန္တလေး- လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်၊ ကျောက်မဲမြို့နယ်တွင်း၌ တရားမ၀င် နွားမှောင်ခိုကားတစ်စီး တိမ်းမှောက်ခဲ့ကြောင်း ဒေသခံများထံကသိရ”

ကျောက်မဲ - မေ(၇)

ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး၊
 ကျောက်မဲမြို့နယ်တွင်းလမ်းအပိုင်း၌ မေလ(၆)ရက် နံနက်အာရုံတက်ချိန်က တရားမ၀င်နွားမှောင်ခို တင်ဆောင်လာသည့် နွားကားတစီးတိမ်းမှောက်ခဲ့ကြောင်း အဆိုပါလမ်းအပိုင်းကိုသွားလာလျှက်ရှိသော ယာဉ်မောင်းတဦးထံမှ သိရသည်။
“မနက်ပိုင်း (၄း၀၀)အချိန်လောက်ဖြစ်မယ်… ကျောက်မဲမြို့နယ်အတွင်းမှာဖြစ်တာပါ…. အဲ့ဒီယာဉ်တိမ်းမှောက်တဲ့ထဲမှာပါတဲ့ အမျိုးသားတဦး ဒါဏ်ရာပြင်းထန်စွာရတယ်လို့ ကြားသိရပါတယ်… သူတို့ မှောင်ခိုတင်လာခဲ့တဲ့ နွားတွေကို ကားမှောက်ပြီးတာနဲ့ အခြားတနေရာကို နွားတွေကိုဆွဲသွားတယ်လို့ အဲ့ဒီဒေသခံ ရွာသားတွေက သူတို့မြင်သမျှကိုလည်း ပြန်ပြောပြခဲ့ပါတယ်..”  ဟု ၄င်းလမ်းအပိုင်း၌ ယာဉ်မောင်းနေသူတဦးက စုံစမ်းမှုပြုလျှက်ရှိသော 
ဒေသမီဒီယာကိုပြောပါသည်။
ယင်းဖြစ်စဉ်ဖြစ်သည့် မနက်ပိုင်း၌တရားမ၀င် နွားမှောင်ခိုကားဟုယူဆရသော ကားကြီး(၃)စီး ဖြတ်သန်းသွားခဲ့ကြောင်း၊ ယခုတစီးတိမ်းမှောက်ပြီးနောက် ကျန်နှစ်စီးကတော့ မတွေ့ရတော့ကြောင်း၊ ၄င်းတိမ်းမှောက်သည့်ကားမှ နွားထိမ်းအမျိုးသားမှာ ဒါဏ်ရာပြင်းထန်စွာရှိသည့်အတွက် ဒေသခံလူမှုရေး အသင်းအဖွဲ့ကားနဲ့ တက်ဆောင်သွားသည်ကို ဒေသခံများမှတွေ့လိုက်ရကြောင်းနှင့် ၄င်းတိမ်းမှောက်ကားမှ တင်ဆောင်ခဲ့သည့်နွားများကို အခြားတနေရာကို ဘယ်ထုတ်သွားပြီး သာမှန်ခါလီကားကြီးတစီး တိမ်းမှောက်သကဲ့သို့ လုပ်ဆောင်နေကြောင်း မျက်မြင်ဒေသခံများထံ စုံစမ်းမှုအရသိရှိရပါသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးပ်ါကပင် တရားမ၀င် နွားမှောင်ခိုကားများအပါအ၀င် သစ်ကားများနှင့် အခြား တရားမ၀င် မှောင်ခိုကားများသည် သက်ဆိုင်ရာဂိတ်များနှင့် 
 အဆင်ပြေရာ ပြေကြောင်း ညှိနှိုင်းကာ သွားလာလုပ်ကိုင် စားသောက်နေကြခြင်းဖြစ်ကြောင်း လူမှုကွန်ယက်စာမျက်နှာအချို့၌ ဖော်ပြပါဖြစ်စဉ်ကိုအကြောင်းပြုကာ 
ဝေဖန်ရေးသားမှုများထွက်ပေါ်နေသသည်ဟု
သိရှိရပါသည်။

L2 (LSO)