“ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ၁ဝ၃၅ ရွက်နှင့်အတူ လူတစ်ဦးကို ပခုက္ကူမြို့တွင် ဖမ်းဆီးထား”

ပခုက္ကူ . မေ (၁၆)


မေ ၁၅ ရက် ည ၁၁ နာရီ ၅၈ မိနစ်ခန့်က ပခုက္ကူမြို့မှ နေအိမ်တစ်ခုတွင် ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ကိုင်ဆောင်ထားရှိခြင်းနှင့်ပတ်သက်ပြီး သတင်းရရှိထားသူတဦးကို ဖမ်းဆီးရမိခဲ့ပြီး  ကျပ်တစ်သောင်းတန်ငွေစက္ကူအတု ၁၀၃၅ ရွက်ကိုလည်း သိမ်းဆည်းရမိ ခဲ့ကြောင်း မကွေးမှုခင်းရဲတပ်ဖွဲ့မှ သိရှိရပြီး မန္တလေးမှုခင်းရဲတပ်ဖွဲ့က ဖော်ထုတ် ဖမ်းဆီးထားသော ကျပ်တစ်သောင်းတန် ငွေစက္ကူအမှု၏ ကွင်းဆက်အဖြစ် ရရှိခဲ့သည့်သတင်းများအပေါ်အခြေခံကာ ဆက်လက်စုံစမ်းဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မကွေးမှုခင်းရဲတပ်ဖွဲ့ တပ်ဖွဲ့စုမှူး ဒုရဲမှူး ချစ်မောင်၏ ကြီးကြပ်မှုဖြင့် မကွေး မှုခင်းရဲတပ်ဖွဲ့ရဲအုပ် သန်းဇော် ဦးဆောင်ကာ ပခုက္ကူမြို့မရဲစခန်းမှူး၊ ဒုရဲမှူး သိန်းဆန်းဦး၊ ပခုက္ကူခရိုင် မှုခင်းအကူဌာနစိတ်မှ ရဲအုပ်မျိုးလွင်တို့ ပါဝင်သာ ပူးပေါင်းအဖွဲ့သည် ဦးကိုလေး (သီးနှံပွဲစား)၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ကြောင်း၊ ယင်းနေအိမ်တွင် ကျော်ဟိန်း (၃၇ နှစ်) ကုန်ကားမောင်း၊ တောင်ခင်ရန်းကျေးရွာ 
 ဂန့်ဂေါမြို့ နေထိုင်သူအားတွ့ရပြီး နေအိမ်အနောက်ဘက်၊ အိမ်သာနှင့်ခံစည်းရိုး အုတ်နံရံကားတွင် ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသာ ကျပ်တစ်သောင်းတန် ငွေစက္ကူ အတု ၁ဝ၃၅ ရွက် တွေ့ရှိသိမ်းဆည်း
ရမိခဲ့ကြောင်း သိရသလို မဟာအောင်မြေမြို့နယ် အမှတ် ၉ မြို့မရဲစခန်း၌ မြန်မာနိုင်ငံတော်ဗဟိုဘဏ် 
ဥပဒေပုဒ်မ ၁ဝ၅/၁ဝ၆ ဖြင့် အောင်ဆန်းဝင်း ပါသုံးဦးကို အမှုဖွင့်ထားကြောင်း၊ ပခုက္ကူမြို့မှ အိမ်ရှင် ဦးကိုလေးနှင့် ကွင်းဆက်အဖြစ် ဖမ်းဆီးရမိသူ ကျော်ဟိန်းတို့ကို ပခုက္ကူမြို့မရဲစခန်းသို့ ခေါ်ယူစစ်ဆေး
                                       လျက်ရှိကြောင်း ဆက်လက်သိရှိရပါသည်။

 ဇေယျတု(မကွေး)
Myanmaalinn