“မြဝတီမြို့ မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားတွင် တရားမဝင်သယ်ဆောင်လာသော နိုင်ငံခြားငွေများ သိမ်းဆည်းရမိ”
မြ၀တီ .
မေ(၁၆)ရက်
မြဝတီမြို့
နယ်မြေခံရဲတပ်ဖွဲ့က မေလ ၁၆ ရက်နေ့ နံနက် ၉
နာရီခွဲခန့်အချိန်၌့  မြဝတီမြို့ မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားတွင် တရားမဝင်
သယ်ဆောင်လာသော နိုင်ငံခြားငွေများအား သိမ်းဆည်း ရမိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ နေ့စဉ်သတင်းစာများက ဖော်ပြခဲ့သည်။
ဖြစ်စဉ်မှာ
မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည် ရေးတံတားတွင် တံတားလုံခြုံရေးတာဝန်ကျ ဒုရဲအုပ် ထွန်းလင်းကျော်နှင့်
ရဲတပ်ဖွဲ့ဝင်များ၊ အမှတ် (၁ဝ)သတင်းတပ်ဖွဲ့စုမှ ဒုရဲမှူး သောင်းဒန်နှင့် ရဲတပ်ဖွဲ့ ဝင်များ၊
မူးယစ်တပ်ဖွဲ့စု ၃၂ မှ ဒုရဲမှူးမင်းထွဋ်နှင့် တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည်
မေ ၁၆ ရက် နံနက် ၉ နာရီခွဲက သတင်းအရ မြဝတီမှ မဲဆောက်ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး ဒလ
မြို့နယ် အံကြီး ၈ ရပ်ကွက်နေ ယာဉ်မောင်း အောင်မျိုး(၄ဝနှစ်) မောင်းနှင်လာသည့် ယာဉ်
အမှတ် 9K/---- VOXYယာဉ်ကို ရပ်တန့် စစ်ဆေးရာ ယာဉ်၏ အင်ဂျင်ခန်းအတွင်း၌ သတင်းစာစက္ကူနှင့် ထုပ်ပြီး
ပလတ်စတစ် အိတ်ဖြင့်ပတ်လျက် ထုပ်ထားသော အထုပ်နှစ်ထုပ်အား တွေ့ရှိရသဖြင့် ရှာဖွေစစ်ဆေးရာ
အမေရိကန်ဒေါ်လာ ၁၆၁၂၉ဝ၊ ယူရို ၄၃၅ဝ၊ ဂျပန်ယန်း ၁၃၁၇ဝဝဝ တို့အား
စစ်ဆေး တွေ့ရှိရသည့်အတွက်
ဒုရဲအုပ် ထွန်းလင်းကျော် ကသိမ်းဆည်းခဲ့ကြောင်းနှင့် ၄င်း နိုင်ငံခြားငွေများအား တရားမဝင် လက်ဝယ်ကိုင်ဆောင်တွေ့ရှိသူ
အောင်မျိုးအား အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။
Source ; ထိန်လင်းအောင် (ပြန်/ဆက်) Myanmaalinn
