“ကားလမ်း ဂုတ်ထိပ်တံတားသစ်ကြီး ဆောက်လုပ်ရေးစီမံကိန်းအတွင်းပါဝင်သော စိုက်ပျိုးမြေနှင့်သီးနှံများအတွက်နှစ်နာခဲ့သည့်ဒေသခံ တောင်သူများထံ လျော်ကြေးငွေ ပေးအပ်သည့် အခမ်းအနားကို ယခုနှစ်မတ်လတွင်း၌ ပြုလုပ်ခဲ့”
ကျောက်မဲ - မတ်(၃၁)
ရှမ်းပြည်နယ်မြောက်ပိုင်း
မန္တလေး- လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီး၏ မန္တလေး-လားရှိုးလမ်း အပိုင်းမှနောင်ချို
နှင့်ကျောက်မဲကြား ဂုတ်တွင်းလမ်းအပိုင်းအား ဖြတ်သန်းသွားလာနေသော ဟိုင်းဝေးကားများမှာ
တောင်အတက်နှင့်အဆင်းလမ်းများ၌ ကျဉ်းမြောင်းသောလမ်းကွေ့များ၊
တတောင်ဆစ်အကွေ့များဖြင့်
တောင်အတက်လမ်းများနှင့် အဆင်းလမ်းအကွေ့ဒေါင့်များတွင်
မကြာခဏဆိုသလို ကားများပိတ်မိပြီး လမ်းကြောင်းပိတ်သွားတတ်ပါသည်။ ထိုသို့လမ်းကြောင်းပိတ်သွားတတ်သည့်အတွက် မန္တလေး-လားရှိုး လမ်းအပိုင်းသွားကားများသည်
မကြာခဏဆိုသလို ကားများပိတ်မိပြီး လမ်းကြောင်းပိတ်သွားတတ်ပါသည်။ ထိုသို့လမ်းကြောင်းပိတ်သွားတတ်သည့်အတွက် မန္တလေး-လားရှိုး လမ်းအပိုင်းသွားကားများသည်
နာရီပိုင်းမျှရှိသည့် အချိန်ပိုင်းအတွင်း၌ပင် ထိုဂုတ်တွင်းလမ်း၌ကားပိတ်မိနေလျှင် ရပ်စောင့်နေကြသည့် ကားအစင်းရေမှာရာနှင့်ချီ၍ စောင့်ဆိုင်းနေကြရပြီး ကားပိတ်ချိန်မှာသုံးနာရီကြာခန့် ပိတ်နေပါက
အတက်ကားရော အဆင်းကားများပါ အစင်းရေအားဖြင့် ရာဂဏန်းမကကိုပင် စောင့်ဆိုင်းရပ်တန့်ထားသည့်
ကားတန်းကြီးများသည် အတက်နှင့်အဆင်းနှစ်ဘက်လုံးရှိ လမ်းကြောင်းများပေါ်တွင် ကားကြီးကားငယ်များ
မျက်စိတဆုံးဖြစ်နေပါတော့သည်။ သက်ဆိုင်ရာ တာဝန်ရှိ ယာဉ်ထိမ်းတပ်ဖွဲ့မှလည်း အမြန်ဆုံးလမ်းကြောင်းပွင့်သွားရန် ရှင်းလင်းဆောင်ရါက်ကြပြီး လမ်းကြောင်း ပွင့်သွားချိန်၌ ပြန်လည်ထွက်ခွာမောင်းနှင်ကြသည့် ကားများသည် လမ်းကြောင်း
တခုလုံး၌လုမောင်းသူများ၊ ပြိုင်မောင်းသူများနှင့် လွန်စွာအန္တရယ်များသော
လမ်းခရီးတခုကဲ့သို့ ပင် တခါတရံ၌ တွေ့ကြုံရပါသည်။
တခုလုံး၌လုမောင်းသူများ၊ ပြိုင်မောင်းသူများနှင့် လွန်စွာအန္တရယ်များသော
လမ်းခရီးတခုကဲ့သို့ ပင် တခါတရံ၌ တွေ့ကြုံရပါသည်။
ယင်း ဂုတ်တွင်းလမ်းအပိုင်းကို
ဖြတ်သန်းသွားလာနေသော ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်ကြီးများ၊ အိမ်စီးကားငယ်များထိကိုပင်
မိုင်တရာကျော်ခရီးကို ခန့်မှန်းခရီးသွားလာချိန်ကို မည်သူကမျှ တိကျသော ဆိုက်ရောက်ချိန်ကိုလည်းကောင်း လမ်းခရီးသွားချိန်ကာလကိုလည်းကောင်း တိကျစွာဖြင့် ခန့်မှန်းပြောဆိုနိုင်ကြခြင်းမရှိပါ။
အဘယ့်ကြောင့်ဆိုသော်
ယင်းဂုတ်တွင်းလမ်းအပိုင်းကို ဖြတ်သန်းသွားရမည်ဖြစ်သည့်အတွက် ဂုတ်တွင်းလမ်းများ၌ ကားပိတ်နေပါက
မည်မျှကြားသွားမည်ကို တိကျစွာ မခန့်မှန်းနိုင်သောကြောင့်
ထို ဂုတ်တွင်းကို ဖြတ်သန်းကျော်လွန်မောင်းနှင်ခဲ့ပြီးမှသာလျှင် မိမိတို့၏ခရီးစဉ်ကို ခန့်မှန်းဆိုက်ရောက်ချိန်နှင့် မူဆယ်၊ လားရှိုးမှထွက်လာသော အဆင်းကားများဆိုလျှင် မန္တလေး၌ ထပ်ဆင့်ခရီးဆက်ရန်ရှိသူများဖြစ်စေ၊ အတက်ကားများဆိုလျှင်လည်း လားရှိုးမှထပ်ဆင့်ခရီးဆက်ရန် ရှိသူများအနေဖြင့် မည်သည့်အချိန်ပိုင်းလောက်ရောက်လာမည်ဖြစ်ကြောင်း ခရီးဆက်ရန် ကားဂိတ်များသို့ဖြစ်စေ၊ လေယာဉ်လက်မှတ်ရောင်းဌာန များသို့ဖြစ်စေ ဖုန်းဆက်ပြောဆိုနေသံများ ကြရပါတော့သည်။

ဟိုင်းဝေးလမ်းမကြီးတခုဖြစ်သော ဖော်ပြပါ ပြည်ထောင်စုလမ်းမကြီးသည် မြန်မာနှင့်တရုတ် အဓိကအားဖြင့် သွင်းကုန်များ၊ ထုတ်ကုန်များ သယ်ဆောင်စီးဆင်းလျှက်ရှိသည့်၊ နိုင်ငံတော်အတွက်လည်း
နေ့စဉ်နှင့်အမျှ အများဆုံးအခွန်ငွေများကို ရှာဖွေပေးနေသည့် မိုင်းယု(ခေါ်) ၁၀၅ မိုင်၊ သွင်းကုန်၊ ထုတ်ကုန် ကုန်သွယ်ခွန်ကောက်ခံသည့် စစ်ဆေးရေးဂိတ်ကိုဖြတ်သန်း သွားလာနေခြင်းဖြစ်ကာ ၄င်းဂုတ်တွင်းလမ်းအပိုင်း ကားပိတ်ခြင်းရှိသည်၊ မရှိသည်ကိုအကြောင်းပြုကာ
ဖြတ်သန်းသွားလာ နေကြခြင်းဖြစ်ပါသည်။
ဂုတ်တွင်းလမ်းအပိုင်း၏ လမ်းကြောပွင့်၍ ကောင်းမွန်စွာဖြင့် မောင်းနှင်သွားလာနိုင်စေရေးသည်
မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတခုလုံး၏ ခရီးလမ်းကြောင်းချောမွေ့နေခြင်းပင်ဖြစ်ပါသည်။
သို့ပါသောကြောင့်ပင် ဂုတ်တွင်းလမ်းအပိုင်းကို ဂုတ်ထိပ်တံတားမှရထားများသွားလာနိုင် သကဲ့သို့ ကားလမ်းအပိုင်းကိုလည်း တံတားသစ်ဆောက်လုပ်ပြီး တံတားပေါ်မှသွားလာနိုင်ရေးအတွက် ကားလမ်း ဂုတ်ထိပ်တံတားသစ်ကြီးကို တည်ဆောက်ပြီးစီးပါက ဂုတ်တွင်းသို့ မဆင်းရတော့ဘဲ အဆိုပါကားလမ်း ဂုတ်ထိပ်တံတားပေါ်ကပင်လျှင် ကားကြီးကားငယ် မှန်သမျှ မောင်းနှင်သွားလာနိုင်ကြမည်ဖြစ်ကာ ယခုနှစ်ကာလတွင် ယင်းဂုတ်တွင်း ကားလမ်းဂုတ်ထိပ်တံတားသစ် ဆောက်လုပ်ရေးစီမံကိန်းကို နိုင်ငံတော်အစိုးရနှင့် ပြည်တွင်းဆောက်လုပ်ရေးကုမ္ပဏီတခုဖြစ်သည့် Oriental Highway Company Limited က တာဝန်ယူ ဆောက်လုပ်သွားမည်ဖြစ်ကြောင်းသိရှိရပြီး ယခု ၂၀၁၈ ခုနှစ်၊ မတ်လအတွင်း တံတားကြီးကို စတင်တည်ဆောက်နိုင်ရေး၊ စီမံကိန်းအတွင်းပါဝင်သည့် လိုအပ်ချက် အချို့အား ဆောင်ရွက်လျှက်ရှိနေကြပါသည်။

ထို ကားလမ်းအပိုင်း ဂုတ်ထိပ်တံတားသစ်ကြီးကို
ရထားလမ်းဂုတ်ထိပ်တံတား တည်ဆောက်ထားသော နေရာနှင့် မဝေးလှသော တောင်ကြောအပိုင်းမှ ရထားလမ်းအပိုင်း
ဂုတ်ထိပ်တံတားကြီး၏ ဘေးခြင်းကပ် ယှဉ်လျှက် အနေအထားဖြင့် တည်ဆောက်သွားရန်ရှိကြောင်း
စီမံကိန်းရာထားမှုများ အရသိရှိရပါသည်။
မတ်( ၃၀)ရက်နေ့
မွန်းလွဲ (၁း၀၀)အချိန်က ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန
အစည်းအဝေးခန်းမတွင် ဒုပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော် တက်ရောက်ကာ ယင်းလမ်းအပိုင်း၌
နောင်ချိုမြို့ရှောင်လမ်းနှင့် ဂုတ်တွင်းကားလမ်းအပိုင်း ဂုတ်ထိပ်တံတားသစ် ဆောက်လုပ်
မည့် စီမံကိန်းအတွင်း ပါဝင်နေသည့် စိုက်ပျိုးသီးပင်၊ စားပင်များ၊ စိုက်ပျိုးမြေများအတွက်
လျော်ကြေးငွေ ပေးအပ်သောအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။
ယင်းအခမ်းအနား၌
ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော် နှင့် ကျောက်မဲ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချိုဦး၊ ကျောက်မဲ ခရိုင်လမ်းဦးစီးဌာန
လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်သူလင်း နှင့် တာဝန်ရှိသူများ၊ ၄င်းဒေသမှ
စိုက်ပျိုးရေး လုပ်ကိုင်လျှက်ရှိကြသော တောင်သူများတက်ရောက်
ခဲ့ကြောင်းသိရှိရသလို နောင်ချိုမြို့ရှောင်လမ်းနှင့် ဂုတ်တွင်းတံတားသစ်
စီမံကိန်းလုပ်ငန်းအတွင်းပါဝင်သည့် ကျောက်မဲဘက်ခြမ်း ဒေသခံ တောင်သူခုနစ်ဦးကိုလည်းကောင်း၊
မြေယာနှင့် သီးနှံလျော်ကြေးငွေများကို နှစ်နာမှုရှိခဲ့သည့် တောင်သူတဦးချင်းစီသို့
အချိုးကျတွက်ချက်ခွဲဝေ၍ ပေးအပ်ခဲ့ရာတွင် စုစုပေါင်းငွေကျပ်(၂၅၈၀၁၇၀၉၈ ) ကို ထိုနေ့ အခမ်းအနား၌ ပေးအပ်ခဲ့ကြောင်း
သိရှိရပါသည်။
က ကျေးဇူးတင်စကားကို
တောင်သူများ ကိုယ်စားပြန်လည်ပြောကြားခဲ့ပါသည်။
အလားတူ
မတ်(၃၁)၇က်၌လည်း နောင်ချိုမြို့နယ် မှ အဆိုပါ ဂုတ်တွင်းကားလမ်းအပိုင်း၏ ဂုတ်ထိပ်တံတားသစ်
ဆောက်လုပ်ရေး စီမံကိန်းအတွင်း စိုက်ပျိုးမြေများနှင့် စိုက်ပျိုးသီးနှံများ စီမံကိန်းနယ်မြေအတွင်းပါဝင်သွားသည့်
နောင်ချိုမြို့နယ်၊ မြက်ချင်းနု ကျေးရွာအုပ်စုမှ
ဒေသခံတောင်သူ(
၄၉ )ဦး အတွက် သီးနှံစိုက်ပျိုးပင်များ နှင့် မြေယာအတွက်
လျော်ကြေးငွေ စုစုပေါင်း ကျပ်ငွေ
သိန်းခြောက်ထောင်ကျော်ကို ထိုနေ့၌
အချိုးကျ
တွက်ချက်ခွဲဝေ ပေးအပ်ခဲ့ကြောင်းနှင့် ထိုစီမံကိန်းနယ်မြေတွင်း
ပါဝင်သွားသော
စိုက်ပျိုးမြေများနှင့် စိုက်ပျိုးသီးနှံများ အတွက်နှစ်နာဆုံးရှုံးခဲ့သည့်
ကျန်ရှိသော
တောင်သူများကိုလည်း ဆက်လက်၍ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းနှင့်
၎င်းကျန်ရှိ တောင်သူများအတွက်လည်း လျော်ကြေးငွေများ ပေးအပ်သွား
မည်ဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေး
တာဝန်ရှိသူများထံမှသိရှိရပါသည်။
အဆိုပါ
ဒေသခံတောင်သူများ၊ တိုင်းရင်းသားပြည်သူများမှလည်း ဂုတ်တွင်းကားလမ်းအပိုင်း ကားလမ်း ဂုတ်ထိပ်တံတားသစ်ကြီး
အမြန်တည်ဆောက်သွားနိုင်ရန် လိုလားလျှက်ရှိနေကြသည် ဟု ဒေသခံများပြောစကားများအပေါ်၌
စုံစမ်းသိရှိရပါသည်။
ဖော်ပြပါ
ဂုတ်တွင်းကားလမ်းအပိုင်း ဂုတ်ထိပ်တံတားသစ်ကြီး ဆောက်လုပ်မှု စိမံကိန်းစတင်သည့်အချိန်မှစ၍ စီမံကိန်းပြီးစီးသည်အထိ ဆောက်လုပ်ချိန်ကာလ(၄)နှစ်ခန့်ကြားမြင့်
နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
လင်းလင်း(လားရှိုး)