“လားရှိုးခရိုင်၊ နမ့်စလပ်ဒေသတွင် (၂၃၆)ကြိမ်မြောက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးဟောပြောခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့”

လားရှိုးခရိုင်
နမ့်စလပ် - မတ် (၅)ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင်၊ နမ့်စလပ်တပ်နယ် တပ်ရင်းများမှ အရာမ်း၊ အမှုထမ်း
စစ်သည်များနှင့် တပ်တွင်းမိသားစုဝင်များကို ယာဉ်စည်းကမ်း၊ 
လမ်းစည်းကမ်းများနှင့်  ပတ်သက်၍ လမ်းအသုံးပြု သူမှန်သမျှ ယာဉ်အသုံးပြုသူမှန်သမျှ သိရှိနားလည်ထားသင့်သည့် သပ်မှတ်လမ်းစည်းကမ်းများကို မည်သူမဆို လမ်းအသုံးပြုစဉ်အချိန်များ၌ဖြစ်စေ၊ ယာဉ်မောင်းနှင်စဉ်အချိန်များ၌ဖြစ်စေ၊  ခရီးရှည်၊ ခရီးတို သွားလာစဉ်အချိန်များ၌ဖြစ်စေ၊ ယာဉ်အသုံးပြုစီးနင်းရာ၌ ကားကိုစီးနင်းလိုက်ပါသည်ဖြစ်စေ၊ ဆိုင်ကယ် စီးနင်းလိုက်ပါသည်ဖြစ်စေ၊ မိမိကိုယ်တိုင် ဆိုင်ကယ်မောင်းနှင်သွားလာမှုပုသည့် အချိန်များ၌ဖြစ်စေ၊ မိမိကိုယ်တိုင်ယာဉ်ကားကို မောင်းနှင်သွားလာသည့် အချိန်များ၌ဖြစစေ၊  အသိတရား နှင့် သတိတရား ရှိစေရေးအတွက် အသိပညာပေး ဆွေးနွေးဟောပြောခြင်း အခမ်းအနားကို 
လားရှိုးခရိုင်၊ နမ့်စလပ်တပ်နယ်ရှိ “အောင်စစ်သည်” ခန်းမတွင် 
မတ်လ(၅)ရက်၊  မွန်းလွဲပိုင်း၌ ကျင်းပပြုလုပ်
ခဲ့ကြောင်းသိရသည်။
အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်ပတ်သက်ကာ  အသိပညာပေး ဆွေးနွေးမှုပုနိုင်ရန် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ  လားရှိုးမြို့နယ် ယာဉ်ထိမ်းရဲတပ်ဖွဲ့စုသို့  ဖိတ်ခေါ်လမ်းညွှန်ခဲ့ခြင်းဖြစ်ပြီး    လားရှိုးခရိုင်၊ နမ့်စလပ်ဒေသသို့ သွားရောက်၍ ဟောပြောဆွေးနွေးခြင်းအခမ်းအနားပုလုပ်နိုင်ရေးအတွက် ရဲမှူးကြီးအောင်ကိုဦး၊ ဒုတိယရဲမှူးကြီး ရဲခိုင်၊ ဒုတိယရဲမှူးကြီး ကံသိန်း နှင့်  ရဲမှူး မျိုးမင်းအောင် တို့ထံ တင်ပြခွင့်ပြုချက်ရယူပြီး  နမ့်စလပ် ဒေသခံတပ်နယ်ရှိ   တပ်ရင်းများမှ  အရာထမ်း၊ အမှုထမ်းများနှင့် တပ်မိသားစုဝင်များကို  လားရှိုးမြို့နယ် ယာဉ်ထိမ်းတပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်ခိုင် က ဦးဆောင်ကာ ယာဉ်အသုံးပြုသူမှန်သမျှ၊ လမ်းအသုံးပြုသူမှန်သမျှ အန္တရယ်ကင်းရှင်းစွာ သွားလာမောင်နှင်မှု ပြုနိုင်ရးအတွက် သပ်မှတ်ယာဉ်စည်းကမ်းများ၊ 
သပ်မှတ်လမ်းစည်းကမ်းများကို သိရှိနားလည်ကြပြီး 
လိုက်နာဆောင်ရွက်ကြစေရေး အသိပညာပေး
ဆွေးနွေးဟောပြောခဲ့ပါသည်။  
လားရှိုးခရိုင်၊ နမ့်စလပ်တပ်နယ်ရှိ တပ်ရင်းနှစ်ရင်းမှ အရာမ်း၊ အမှုထမ်းများနှင့် 
တပ်တွင်းမိသားစုဝင်များ မှ အဆိုပါ ဆွေးနွေးဟောပြောပွဲ အခမ်းအနားသို့ 
အထူးစိတ်ဝင်စားစွာဖြင့်ပင် တက်ရောက်ခဲ့ကြကြောင်းသိရှိရသလို နမ့်စလပ်တပ်နယ်မှ 
အမှတ်(၅၆၈) ခြေမြန်တပ်ရင်း၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဇင်အောင်၊  
 အမှတ်( ၅၆၇ )ခြေမြန်တပ်ရင်း မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ဝင်းထွဋ်အောင်
 နှင့် တာဝန်ရှိသူများလည်းတက်ရောက်အားပေး
ခဲ့ကြောင်းသိရှိရသည်။
ဖော်ပြပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေး ဟောပြောခြင်း အခမ်းအနားများကို ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ လူစည်ကားသည့်မြို့တွင်း  နေရာများတွင်းလည်းကောင်း၊  အခြေခံပညာအဆင့် မူလတန်းကျောင်းများမှသည် အလည်တန်းကျောင်းများ၊ အထက်တန်းကျောင်းများရှိကျာင်းသား၊ ကျောင်းသူများ
ကိုလည်းကောင်း၊ လားရှိုးမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ကိုယ်ပိုင် အလည်တန်းကျောင်း၊ ကိုယ်ပိုင်မူလတန်းကျောင်းများမှကျာင်းသားကျောင်းသူများ၊ လားရှိုးတက္ကသိုလ်ရှိ တက္ကသိုလ် ကျောင်းသားကျောင်းသူများနှင့် လားရှိုးနည်းပညာတက္ကသိုလ် နှင့်
လားရှိုးကွန်ပျူတာတက္ကသိုလ်ရှိ နည်းပညာကျောင်းသား ကျောင်းသူများကိုလည်း ဖော်ပြပါယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးဆွေးနွေး ဟောပြောပွဲများကို ပြုလုပ်ပေးခဲ့ကြောင်းနှင့်
 လားရှိုးမြို့ရှိ ဌာနဆိုင်ရာအသီးသီးမှ ဌာနဆိုင်ရာဝန်ထမ်းများ၊ ၄င်းတို့၏ မိသားစုဝင်များအားလည်းကောင်း၊ လားရှိုးမြို့နယ်ရှိ ကျေးရွာအုပ်စုများတွင်လည်းကောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ  မြို့နယ်များတွင်      လည်းကောင်း လမ်းအသုံးပြုသူမှန်သမျှ၊၊ ယာဉ်အသုံးပြုသူမှန်သမျှ သိရှိနားလည်ထားသင့်သော လမ်းစည်းကမ်းများ၊ ယာဉ်စည်းကမ်းများနှင့် ပတ်သက်သည့် အသိပညာပေးလက်ကမ်း စာစောင်များကို ဟောပြောပွဲသို့ တက်ရောက်လာသူ မှန်သမျှအား ဖြန့်ဝေပးခြင်းနှင့် 
အသိပညာပေး ဆွေနွေးဟောပြောပွဲများကို ဒုရဲမှူး ကျော်ခိုင် မှပင် (၂၃၅)ကြိမ်တိုင် ဆွေးနွေးဟောပြောပွဲများကို ပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်းနှင့်
ယခု လားရှိုးခရိုင်၊ နမ့်စလပ် တပ်နယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် အသိပညာပေးဆွးနွေးဟောပြောခြင်းမှာ  (၂၃၆)ကိမ်မြောက် ကျင်းပပြုလုပ်
ခဲ့ခြင်းပင်ဖစ်ကြောင်းကို လားရှိုးမြို့နယ် ယာဉ်ထိမ်းရဲတပ်ဖွဲ့စုရုံးသို့ ဆက်သွယ်စုံစမ်း
မှု ပြုစဉ် တပ်ဖွဲ့စုမှူး  ဒုရဲမှူးကျော်ခိုင် မှ လားရှိုးမီဒီယာဂရု သို့ 
 ပြန်လည်ပြောကြားခဲ့မှု များအရ သိရှိရသည်။

လင်းလင်း(လားရှိုး)