“လားရှိုးမန္တလေး ရထားလမ်းအပိုင်း ကျောက်မဲမြို့နှင့်(၁၀) မိုင်ခန့်အကွာ မန်တန်ကျေးရွာအနီး၌ ရထားသံလမ်း မိုင်းဖောက်ကွဲမှုတခုဖြစ်ပွား”
ကျောက်မဲ-ဇူလိုင်(၂)
ရှမ်းပြည်နယ်မြောက်ပိုင်း
လားရှိုးမြို့နှင့် မန္တလေးရထားလမ်းအပိုင်း၏ ကျောက်မဲမြို့နှင့် (၁၀)မိုင်ခန့်အကွာ ကျင်တိန်ကျေးရွာအုပ်စု
မန်တန်ကျေးရွာအနီး၊ ကျောက်မဲဘူတာနှင့် နောင်ပိန်ဘူတာကြား မီးရထားသံလမ်း အပိုင်း၌ မိုင်းဖောက်ခွဲမှုဖြစ်စဉ်တခု
ဇူလိုင်(၂)ရက် ယနေ့နံနက်(၆း၃၀)ခန့်ကဖြစ်ပွားခဲ့ကြောင်း ယနေ့နံနက်ပိုင်းတွင် ကျောက်မဲမြို့မှသိရှိရပါသည်။
ဖြစ်စဉ်ဖြစ်ပွားမှု
အသေးစိပ်မှာ ဖော်ပြပါ ကျောက်မဲမြို့နှင့်(၁၀)မိုင်ခန့်အကွာရှိ မန်တန်ကျေးရွာအနီးရှိ မီးရထားသံလမ်းကို မိုင်းဖောက်ခွဲမှုတခုဖြစ်ပွားခဲ့ရာတွင်
ရထားသွားလာနေချိန်မဟုတ်သလို လူသူ၊ ကျွဲနွားတစုံတရာ ထိခိုက် ဒဏ်ရာ ရရှိမှုမရှိကြောင်းနှင့်
ယင်းဖြစ်စဉ်ဖြစ်ပွားသည်နှင့် ကျောက်မဲဘူတာမှ အင်ဂျင်နီယာ(၂) နှင့်အဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ
ဖြစ်စဉ်ဖြစ်ပွားသည့် ရထားလမ်းအပိုင်းသို့ သွားရောက်ပြုပြင်မှု ပြုလုပ်ခဲ့ရာတွင် ယနေ့
နံနက်(၉း၃၀)အချိန်၌ ပြုပြင်မှုပြီးစီး၍ ရထားများစဉ်ဆက်မပြတ် သွားလာနိုင်ပြီဖြစ်ကြောင်း
သိရှိရပါသည်။
သို့ဖြစ်ပါ၍
လားရှိုးမှ မန္တလေးသို့ ဇူလိုင်(၂)ရက် ယနေ့ နံနက်ထွက်ခွာသည့် လူစီးရထားမှာလည်း အဆိုပါ လမ်းအပိုင်းပြုပြင်ပြီးစီး၍ ပုံမှန်အတိုင်း
ရထားများသွားလာနိုင်ပြီဖြစ်သောကြောင့် သီပေါဘူတာမှ ယနေ့ နံနက်(၉း၃၀)အချိန်တွင် ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း
သီပေါမြို့သို့ဆက်သွယ်စုံစမ်းမှုပြရာ၌
စာရေးဆရာ သတင်းထောက် သီပေါကိုလတ်မှ ပြောပါသည်။
ထို့အတူ မန္တလေးမှ
လားရှိုးသို့ ခုတ်မောင်းလာသော ရထားများမှာလည်း ပုံမှန်ပင် သွားလာခုတ်မောင်း လျှက်ရှိကြောင်း
သိရှိရပါသည်။
လင်းလင်း(လားရှိုးမိဒီယာဂရု)
