“ရှမ်း/ မြောက် ပြည်ထောင်စုလမ်းမကြီးပေါ် နမ့်ဖတ်ကာကျေးရွာအနီး မူဆယ် ရန်ကုန် ခရီးသည်တင် မှန်လုံ ယာဉ်တစ်စီးကို KIA လက်နှက်ကိုင်အဖွဲ့မှ မီးရှိုးဖျက်ဆီး”

နမ့်ဖတ်ကာ-မေ(၁၉)

 မေ(၁၉)ရက်၊ မွန်းလွဲ (၂း၄၀)အချိန်ခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်၊ လားရှိုး ပြည်ထောင်စု လမ်းမကြီး အပိုင်း နမ့်ဖတ်ကာကျေးရွာအနီးတွင် မူဆယ်ရန်ကုန် ခရီးသည်တင်မှန်လုံယာဉ် တစ်စီးကို လက်နှက်ကိုင် အဖွဲ့များက ယာဉ်တစ်စီးလုံး ကိုခရီးသည်များ ဆွဲချပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိခဲ့သည်။
ထိုသတင်း ဖြစ်စဉ်များကို အသေးစိပ် သိရှိနိုင်ရန် စုံစမ်းမှုပြုခဲ့ရာတွင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာ ၏မြောက်ဘက် (၇)မိုင်ခန့်အကွာ ဟန်တိုင်ကျးရွာနှင့် ခိုမုန်းကျေးရွာကြား ပြည်ထောင်စုလမ်းမကြီး မိုင်တိုင် အမှတ် ၂၇၅ / ၁ နှင့် ၂၇၅ /၂ ကြား၊ ခိုမုန်းရွာအ၀င် ဆိုင်းဘုတ်အနီးတွင် မူဆယ်မြို့မှ ရန်ကုန်သို့ မောင်းနှင်လာသည့် မြတ်မန္တလာထွန်း ခရီးသည်တင် မှန်လုံယာဉ်အမှတ် 3D- 53 . .  ကို KIA  လက်နှက်ကိုင်အဖွဲ့ (၁၅)ဦး ခန့်က လမ်း၏ ဘယ်ဘက် အခြမ်းမှ လက်နှက်များ ကိုင်ဆောင်ထွက်လာကြပြီး ထိုကားကိုတား၍ ခရီးသည်များ အားလုံးကို ဆွဲချကာ ကားကိုစက်သုံးဆီများ လောင်း၍ မီးရှို့ဖျက်ဆီး ခဲ့ကြောင်းနှင့် ထိုသို့ကားကြီး တစီးလုံးကို မီးရှို့ဖျက်ဆီးပြီး ဟန်ကိုင်ကျးရွာ၏ အရှေ့ဘက်သို့ ယင်း လက်နှက်ကိုင်အဖွဲ့များ ဆုတ်ခွာသွားကြောင်း သိရှိရပါသည်။
အဆိုပါကားပေါ်၌ ခရီးသည် ကျား(၁၃)ဦး နှင့် မ(၁၈)ဦး၊ စုစုပေါင်းခရီးသည် ( ၃၁ )ဦးနှင့် ယာဉ်မောင်း ဦးမျိုးနိုင် ၊ဒုယာဉ်မောင်း ဦးသိန်းထိုက်စံ၊ ယာဉ်နောက်လိုက် မောင်စိမ်းနိုင်ဦး၊ မောင်စိုင်းကို၊ ဂိတ်စာရေး ကိုရဲမင်းပိုင် တို့ လိုက်ပါမောင်းနှင် လာကြခြင်းဖြစ်ကာ ထိုဖြစ်စဉ်၌ ကားကြီးတစ်စီးလုံး မီးလောင်ပျက်ဆီးသွားခဲ့ပြီး ခရီးသည်များ နှင့်ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်၊
ယာဉ်ဝန်ထမ်းများမှာတော့ တစုံတရာထိခိုက်မှု မရှိကြောင်း၊ ယင်း  KIA လက်နှက်ကိုင်အဖွဲ့များ ဆုတ်ခွာသွားရာ ဘက်သို့ တပ်မတော်စစ်ကြောင်းများမှ လိုက်လံ ရှင်းလင်း လျှက်ရှိကြောင်း သက်ဆိုင်ရာမှစုံစမ်း သိရှိရပါသည်။

လင်းလင်း(လားရှိုးမီဒီယာဂရု)