“ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ တပ်မတော်တွင်းခမ်းမ၌ လုံခြုံရေးနှင့် သတင်းညှိနှိုင်း စည်းဝေးကျင်းပသွား”

မိုးမိတ်-မေ(၅)
 ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့၌ လုံခြုံရေးနှင့် သတင်းညှိနှိုင်း အစည်းအဝေး အခမ်းအနား တစ်ရပ်ကို ယနေ့မေလ(၅)ရက်နေ့၊ နေ့၁နာရီအချိန်၊ မိုးမိတ်စစ်ဗျူဟာ တပ်မတော်ခမ်းမတွင် ကျင်းပပြုလုပ် သွားပြီး တက်ရောက်လာသော တပ်မတော်သား အရာရှိပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာ အစိုးရဌာနဝန်ထမ်းများ၊ လွှတ်တော်ကိုယ်စားလှယ်နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ပြည်သူများညှိနှိုင်း စည်းဝေးသွားကြသည်။
 
ကနဦး မိုးမိတ်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောအောင်မျိုး မှဒေသနယ်မြေ အခြေအနေနှင့် ပတ်သက်၍ တရားဥပဒေစိုးမိုးရေး၊ လူမှုဘဝလုံခြုံရေးနှင့် ဒေသအရေးကိစ္စများကို တပ်နှင့်ပြည်သူ၊ အစိုးရပူပေါင်း ဆောင်ရွက်ရန် ရည်ရွယ်၍ ယခုလိုလုံခြုံရေးနှင့် သတင်းညှိနှိုင်း အစည်းအဝေး အားကျင်းပရခြင်းဖြစ်သည် ဟုပြောကြား သွားသည်။

ထို့ပြင် သတင်းညှိနှိုင်းခြင်းဖြင့် အပြန်အလှန် တင်ပြပြောဆိုကာ မိမိလူမှုဘဝလုံခြုံရေးကို ကောင်းအောင် ဆောင်ရွက်ရန် ဟုသိရသည်။ တိုင်းရင်းသား အချင်းအချင်း အပြန်အလှန် ထိန်းကျောင်းရာရောက်၍ ၎င်းမှာနိုင်ငံသား နှင့်တာဝန်ဝတ္တရား တစ်ခုပင်ဖြစ်ကြောင်း၊ မပြောရဲမဆိုရဲရေငုံနူတ်ပိတ်၊ အကြောက်တရားများ ကိန်းအောင်းနေမည်ဆိုက မိမိတစ်းဦးချင်းအတွက်ရော မိမိပတ်ဝန်းကျင်ဒေသ ဖွံ့ဖြိုးမှုအရေးတွေပါ နိမ့်ကျသွားမည်ဖြစ်၍ တရားဥပဒေစိုးမိုးရေးနှင့် လူအခွင့်အလန်းများ ဆုံးရှုံးရင်ဆိုင်နေရ လိမ့်မည်ဖြစ်ကြောင်း၊ ယင်းကြောင့် ထိုကဲ့သို့မဖြစ်ပေါ်စေရန် ပြည်သူတိုင်းရင်းသားများက တိုင်းရင်းသား ညီနောင်အချင်းချင်း နားလည်မှု ရယူကာ တပ်မတော်၊ ပြည်သူ၊ အစိုးရနှင့်သတင်းမီဒီယာများ အားချိပ်ဆက်၍ မိမိဘဝ လုံခြုံရေး ပြဿနာများကို ညှိနှိုင်းအဖြေရှာ ရမည်ဖြစ်ကြောင်း၊ အချို့လက်နက်ကိုင် တိုင်းရင်းသားများက လူထုအပေါ် ဆပ်ကြေးကောက်၊ ပြန်ပေးဆွဲလုပ်ရပ်များ ရှိနေပြီး တကယ်တမ်းလက်နက်ခဲရမ်း ဝယ်မည့်အစား ၎င်းငွေကြေး ဖြင့် မိမိဒေသ အကျိုးတွက်လမ်းခင်း၊ ကျောင်းဆောက် လုပ်မည်ဆိုက ဒေသနှင့်လူထုအတွက် ကောင်းကျိုးများ စေမှာဖြစ်တယ်ဟု ၎င်းစစ်ဗျူဟာမှူး ကတက်ရောက်လာသူ ပြည်သူများအားချ ပြပြောဆိုထားသည်။
ယင်းနောက် မိုးမိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလှိုင်ထွန်း မှလည်းဒေသ လိုအပ်ချက်၊ လူမှုဘဝလုံခြုံရေး ကောင်းမွန်လာဘို့ အရေးအတွက်ပြည်သူတွေ ပါဝင်ဘို့လိုကြောင်း၊ တစ်ဖက်ကအစိုးရ၊ တပ်မတော်နှင့် ပါလီမန် လွှတ်တော်ကိုယ်စားလှယ်များ နှင့်ပူးပေါင်းချိပ်ဆက်ကာ သတင်းညှိနှိုင်း သဘောတရားများနှင့် အတူပူးပေါင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ပြည်သူတွေ နိုင်ငံ့အရေးတွင် ပါဝင်လာအောင် အစိုးရပိုင်းမှလည်း အသိပညာ ဗဟုသုတ အမြင်များဖွင့်လှစ်ပေးထားကြောင်း၊ မိုးမိတ်မြို့နယ်အတွင်း နယ်မြေမစိုးမိုးသည့် ဒေသများ၌ တောဘက်လက်နက်ကိုင်များက ဒေသခံတိုင်းရင်းသားများအပေါ် ဆပ်ကြေးကောက်၊ အဓမ္မနိုင်ထက်စီးနင်း လုပ်ရပ်များရှိနေကြောင်း၊ ယင်းအပေါ်ပြည်သူများမှ တပ်မတော် ၊အစိုးရသက်ဆိုင်ရာဌာနသို့ အချိန်မီ သတင်းပေးတိုင်ကြားလိုကြောင်း၊ ယခုလို အစည်းအဝေးကနေ သတင်းနှင့်လုံခြုံရေး လုပ်ငန်းဆိုင်ရာများကို နားလည်သိရှိဘို့ လိုကြောင်းအဆိုပါခရိုင် အုပ်ချုပ်ရေးမှူး မှ အသိပေး ပြောဆိုသွားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်တွင် ၂၀၁၇ခုနှစ် အတွင်း TNLA (ပလောင်) လက်နက်ကိုင် အဖွဲ့မှမိုးလို၊ နားယုတ်၊ ဟင်ခုတ်၊ လွယ်ဆာ၊ မိုးဘုံ၊ မန်ပတ်၊ လယ်ကြီးကျေးရွာများနှင့် မိုးမိတ်-မိုးကုတ်မြို့ သွားရာလမ်းခရီးတစ်လျှောက် အကြမ်းဖက်ဆပ်ကြေးတောင်း၊ မြေမြုပ်မှိုင်းထောင်၊ အဓမ္မတပ်သားသစ်
စုဆောင်း ခြင်းလုပ်ရပ်များကျူးလွန်ခဲ့ရာ အမှု(၇)မှု ရှိနေသည်ဟု မိုးမိတ်ခရိုင်ဒုတိယရဲမှူး ကျော်မင်းဟန် ကအခမ်းအနားတွင် ထုတ်ဖော်ပြောကြားလိုက်သည်။

ယင်းကဲ့သို့ဒေသခြိမ်းခြောက်မှု အခြေအနေကြုံလာက သက်ဆိုင်ရာ အစိုးရနှင့် တပ်မတော်သို့ပြည်သူများ အချိန်မီသတင်းပေး တိုင်ကြားရန်လိုကြောင်း၊ အထက်ပါ TNLA လက်နက်ကိုင်အဖွဲ့မှာ အရပ်ဝတ် အသွင်ဖြင့် လည်းမကြာခဏ လာရောက်နေသည့်အတွက် ပြည်သူများ ဘက်မှ သတင်းပေးခြင်းဖြင့် မိမိလူမှုဘဝလုံခြုံရေးကို အလေးထား ဆောင်ရွက်ရမည် ဟု၎င်းမိုးမိတ်ခရိုင် ဒုတိယရဲမှူး ကအသိပေးပြောဆိုသွားသည်။

ထို့အတူ တက်ရောက်လာသူ တပ်မတော်သားအရာရှိများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူများမှ မိမိသိလိုသည့် သတင်းအရင်းအမြစ်များ နှင့်သတင်းနှင့်လုံခြုံ ရေးဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းပိုင်းဆိုင်ရာများ ကိုအပြန်အလှန် မေးမြန်းဆွေးနွေးသွားကြသည်။

ထို့ကြောင့် လုံခြုံရေးနှင့် သတင်းညှိနှိုင်း အစည်းအဝေးပွဲသို့ တက်ရောက်လာသူ ရပ်ကျေးပြည်သူနှင့် ဌာနဆိုင်ရာ ပုဂ္ဂိုလ်အင်အား(၁၀၀)ကျော် တက်ရောက်ကြပြီးမိုးမိတ်စစ်ဗျူ ဟာမှုး နှင့်အတူဌာနဆိုင်ရာ ပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ မှ ၂၀၁၇ခုနှစ် အတွင်းမိုးမိတ်မြို့နယ် ၌ TNLA (တအာင်း လက်နက် ကိုင်) အဖွဲ့၏ဖမ်းဆီးခြင်း ခံရသူများမှ ပြန်လွတ်မြောက်လာသူ ဒေသခံတိုင်းရင်းသားပြည်သူ(၁၀)ဦးကို ထောက်ပံ့ ကူညီပစ္စည်းများပေးအပ် လှူတန်းသွားပြီး ညနေပိုင်း (၃း၀၀) အချိန် တွင်ယင်းအစည်းအဝေး အခမ်းအနား ပြီးဆုံးသွားခဲ့သည်။

ကိုထွန်း(လားရှိုးမီဒီယာဂရု)