“ရွှေလီမြစ်ဝ အနီးလူကူး ကြိုးတံတားအား ပြုပြင်တည်ဆောက်ပေးရန် အစိုးရ၏အကူညီ လိုနေကြောင်းကို ဒေသခံပြည်သူများ တောင်းဆို”



မိုးမိတ်-ဧပြီ (၇)
 ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ် မြစ်ဆုံရွာအနောက်ဖက်ရှိ ပျက်စီးနေသောလူကူးကြိုးတံတားလေးအား အစိုးရဌာနပိုင်း၏ အကူအညီဖြင့် တာဝန်ယူတည်ဆောက်ပေးပါက ဒေသခံပြည်သူများအတွက် ဖြတ်သန်းသွားလာရေးကို အခက်အခဲမရှိ များစွာအထောက်အကူဖြစ်လာမယ်ဟု တံတားအပေါ် အမှီပြုသွားလာ လုပ်ကိုင်နေကြသည့် ဒေသခံပြည်သူများက ပြောဆိုနေကြသည်။
အဆိုပါတံတားမှာ ရွှေလီမြစ်ဝဆုံရာ အနီး နမ့်မိတ်ချောင်းနှင့် နမ့်မောင်းချောင်းဆုံသည့် လူကူးသစ်သား ကြိုးတံတားလေးဖြစ်သည်။ တံတားဘေးဘောင်များပျက်စီးနေပြီး တံတားကြမ်းခင်းများပေါက်ပြဲကာ တံတားအောက်ခြေတိုင်များ ဆွေးနေ၍ ဖြတ်သန်းသွားလာသူ ပြည်သူများအတွက် ဘေးဒုက္ခများ ကြုံရဖွယ်ရှိနေကြောင်း၊ ထို့အတွက်ကြောင့် သက်ဆိုင်ရာအစိုးရဌာနအပိုင်းမှ အမြန်ဆုံးပြုပြင်ဆောင်ရွက်ပေးရန်ု ဒေသခံပြည်သူများက တောင်းဆိုနေကြခြင်း ဖြစ်သည်။

တံတား၏တစ်ဖက် မဘိမ်းမြို့နယ်၊ နန်းပန်း၊ ဖန်းခါးက္ဈန်းနှင့် ခပ်ခိုးကျေးရွာ(၃)ရွာ ရှိကာလူဦးရေထောင်ဂဏန်းကျော် နေထိုင်ကြကြောင်း၊ ဒေသခံများက ၎င်းတံတားကို အသုံးပြုဖြတ်သန်းရပြီး မိုးမိတ်မြို့နယ်မြစ်ဆုံကျေးရွာနှင့် ဆက်သွယ်အားထား နေရကြောင်း၊ နီးစပ်ရာကျေးရွာများရဲ့ လူမှု၊ စီးပွားဘဝ အချက်အခြာကျရာ တံတားဖြစ်ပြီး ပညာသင်ကြား ကျောင်းသားကလေးများပင် ယင်းတံတားကို အဓိကထားကာ တစ်ဖက်မြစ်ဆုံရွာသို့ စာသင်၊ ကျောင်းတက်နေရသည့်အတွက် အရေးပါတဲ့တံတား ဟုဆိုသည်။

“တံတားအခြေအနေက ပျက်စီးနေပါပြီ……တံတားရဲ့ ဘေးနံရံဘောင်တွေလည်း မရှိတော့ဘူး….. လူစီးယာဉ်တွေ ဖြတ်သန်းလို့ ချောင်းထဲပြုတ်ကျနိုင်တယ်…… ပြီးတော့ ရွှေလီမြစ်ထဲပါသွားပြီး အချိန်မရွေး အသက်ဆုံးရှုံးနိုင်တယ်လေ….. အဓိက ကျောင်းသားကလေးတွေ အတွက်စိုးရိမ်ရတယ်……တံတား ကြမ်းခင်းတွေလည်း ပေါက်ပြဲကုန်ပြီ…….စိုးရိမ်စရာကောင်းနေပါတယ်……. တံတားကို ပြုပြင်တည်ဆောက်ဘို့ ဦးဆောင်မယ့်သူ လိုအပ်နေပါတယ်…. ဒီတံတားပျက်စီးနေတာ (၂)နှစ်နီးပါးရှိနေပြီ….. လတ်တလောတံတားကို အမြန်ဆုံးပြုပြင်ပေးပါလို့ သက်ဆိုင်ရာဌာနတွေကို ပြောချင်ပါတယ်” ဟုမြစ်ဆုံကျေးရွာမှ ပရဟိတနာရေး လူမှုကူညီရေးအသင်းဝင် မလင်းလင်းလှိုင် ကပြောဆိုသွားသည်။
၎င်းတံတားအား ၂၀၁၁ ခုနှစ်မှ စတင်ဆောက်လုပ်ခဲ့ကြောင်း၊ တံတားမရှိခင် လွန်ခဲ့သည့် ၂၀၀၅ခုနှစ် ၌တစ်ဖက်ချောင်းကို ဖြတ်ကာ စက်လှေနှင့် ကူးရပြီး ၂၀၁၀ခုနှစ် တွင်စက်လှေ နစ်မြုပ်၍လူ (၁၄)ဦး သေဆုံးခဲ့ဘူးကြောင်း၊ ၂၀၁၁ခုနှစ် ရှမ်းပြည်နယ်အစိုးရမှ ယင်းတံတားအတွက် ငွေကျပ်သိန်း(၅၀) ချပေးခဲ့သော်လည်း ကုမ္ပဏီလုပ်ငန်းရှင်များ၏ ငွေအင်အားပံ့ပိုးကူညီမှုနှင့် အတူယခုလိုသစ်သားကြိုးတံတားကို ဆောက်လုပ် အကောင်ထည်ဖော်လာခဲ့တယ်ဟု ဆိုသည်။ တံတား၏အရှည်မှာ ပေ(၇၅၀) အမြင့် ၁၂) ပေနှင့် အကျယ် (၉) ပေ ရှိကာ ရပ်ရွာလူထုအားနှင့် ကိုယ်ထူ/ကိုယ်ထ ဆောက်လုပ်ခဲ့ကြောင်း၊ တံတားကုန်ကျစားရိတ်မှာ သိန်းနှစ်ရာကျော်ရှိ၍ ယခုအခါငွေကြေး ခက်ခဲမှုရှိနေသော ပြည်သူများအတွက် တံတားပြု ပြင်ဆောက်လုပ်ရန် အစိုးရအပိုင်းအနေဖြင့် ပူးပေါင်းပါဝင်ဘို့ လိုလားတယ်ဟု အရင်တံတားဖြစ်မြောက်ရေး ကော်မတီဝင် မြစ်ဆုံရွာဒေသခံ ဦးဖိုးဆန်း မှလည်းရှင်းပြ သွားသည်။

“ဒီတံတားအတွက်ပြု ပြင်တည်ဆောက်သွားဘို့ က္ဈန်တော်တို့ ကြိုးစားနေပါတယ်….. အခုအချိန်မှာ ငွေကြေးအခက်ခဲလေးတွေ ရှိနေလို့ပါ……တကယ်တော့ ဒီတံတားက က္ဈန်တော်တို့ ပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူအတွက် အရေးကြီး လိုအပ်တဲ့ တံတားတစ်ခုပါ” ဟု  မြစ်ဆုံရွာ
အုပ်ချုပ်ရေးမှူး ဦးဝင်းထိန် မှလည်း ပြောဆိုထားသည်။

မိုးမိတ်ခရိုင်၊ ကျေးလက်နှင့် ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းဇော် ကအဆိုပါတံတားနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ပြင်ဆင်တည်ဆောက်ပေးရန် ရှမ်းပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုသွားမည်ဟု သိရသည်။

ထို့ကြောင့်မိုးမိတ်မြို့နယ်၊ မြစ်ဆုံရွာအနောက်ဖက်၊ ရွှေလီမြစ်ဝအနီးရှိ ပျက်စီးနေသော လူကူးသစ် သားကြိုးတံတားလေးအား အချိန်မီပြု ပြင်တည်ဆောက်ပေးရန် ဒေသခံပြည်သူများက လိုလားပြောဆိုလျက် ရှိနောကကြောင်း သိရသည်။

ကိုထွန်း(လားရှိုးမီဒီယာဂရု)