“မိုးမိတ်ပြည်သူ့ဆေးရုံကြီးအား အဆင့်မြင့်ဆေးရုံ ဖြစ်ရန် မြို့နေပြည်သူများလိုလား”



မိုးမိတ်-ဧပြီ (၁၁)

ခရိုင်မြို့ဖြစ်နေပြီး မြို့နယ်အဆင့်သာ ရှိနေသော မိုးမိတ်မြို့ ပြည်သူ့ဆေးရုံကြီးအား ကောင်းမွန်တိုးတက်သော အဆင့်မြင့် ဆေးရုံကြီး အဖြစ်ပြောင်းလဲပေးဘို့ လိုနေပြီ ဟု မိုးမိတ်မြို့လူထုအသိုင်းအဝိုင်းမှ လိုလားစွာ ပြောဆို နေကြသည်။

ပြောင်းလဲတိုးတက်နေသော ခေတ်ရေစီးကြောင်းနှင့်အညီ ဖွံ့ဖြိုးတိုးတက်မှုမှာ နှိပ့်ကျလျှက်ရှိနေသည့် မိုးမိတ်မြို့မှာ အခြေခံအဆောက်အဦး အပိုင်းကဏ္ဍများ အားနည်းနေကာ အစိုးရအပိုင်း၏ လုပ်ဆောင်ချက်များ နောက်နှေးနေမှုကြောင့် ယခုလိုမြို့အင်္ဂါ နှင့်အညီ မိုးမိတ်မြို့နယ် ပြည်သူ့ဆေးရုံကြီးကို အဆင့်မြင့်ဆေးရုံကြီး အဖြစ်ပြောင်းလဲ တည်ဆောက်ရန်ု မြို့နေ ဒေသခံလူထုများက လိုလားပြောဆိုနေကြခြင်း ဖြစ်သည်။

အခြေခံ အဆောက်အဦးအပိုင်းနဲ့ ပတ်သက်၍ ရုပ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများ တည်ဆောက်သွားရန် မိုးမိတ်မြို့တွင် အမှန်တကယ်လိုအပ်နေကြောင်း သိရသည်။ အခုလို မိုးမိတ်မြို့နယ် ပြည်သူ့ဆေးရုံ အဆောက်အဦးအား မြို့အင်္ဂါနှင့်အညီ ကောင်းမွန်တိုးတက်ဘို့ အစိုးရအပိုင်းမှ လုပ်ဆောင်ချက် လိုနေကြောင်း၊ မိုးမိတ်မြို့သည် ပတ်ဝန်းကျင် ပထဝီအနေအထားအရ အချက်ခြာကျသည့် မြို့ဖြစ်နေ၍ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပတ်သက်ပြီး အားထားလောက်သည့် အဆင့်မြင့် ဆေးရုံကြီး ရှိရန်အမှန်တကယ် လိုနေကြောင်း၊ ယနေ့အချိန်ထိ မိုးမိတ်ဆေးရုံမှမိုးကုတ်-မန္တလေးမြို့ ပြဆေးရုံသို့ အရေးပေါ်လူနာများ မကြာခဏပို့နေရသည့် အတွက် လည်းမိုးမိတ်ဆေးရုံရဲ့ ကျန်းမာကုသရေးအပေါ် ယခုလို မြို့ဒေသခံ ပြည်သူအများစု က ဝေဖန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“မိုးမိတ်ပြည်သူ့ဆေးရုံကြီးကို က္ဇန်တော်တို့ ဒေသခံပြည်သူတွေက ခရိုင်မြို့အဆင့်နဲ့ အညီ အဆင့်မြင့် ဆေးရုံကြီး အဖြစ် မျှော်လင့်ခဲ့ရပါတယ်…… နိုင်ငံတော်အစိုးရကိုလည်း သိအောင်ပြောပြချင်တယ်…….  ခေတ်အဆက်ဆက်က ဘယ်အစိုးရမှ က္ဈန်တော်တို့မြို့ကို ကောင်းအောင်မလုပ်သွားဘူး…… မြို့နာတာပဲ အဖတ်တင်တယ်……. အခုလည်းမြို့ရဲ့အရေးကြီးတဲ့ တည်ဆောက်ရေးအပိုင်းတွေ ပြောင်းလဲ တိုးတက်နေတာ မတွေ့ရသေးဘူး…… အုပ်ချုပ်သူတွေက မြို့အတွက်အလုပ်မလုပ်ကြဘူး လို့ပြောလို့ ရပါတယ်…… က္ဈန်တော်တို့မြို့ ဟာသီးခြား အစွန်ရောက်နေတဲ့ မြို့လိုဖြစ်နေတယ်……. လမ်းပန်းဆက်သွယ်ရေးတွေ ကဝေးလံတယ်….. မိုးမိတ်ဆေးရုံက မနိုင်တဲ့လူနာတွေ ဆိုရင်မိုးကုတ်-မန္တလေးမြို့ ပြဆေးရုံ တွေ ကိုပို့ နေရတယ်….. ဒီဒုက္ခတွေကျော်နိုင်ဘို့ မိုးမိတ်ပြည်သူ့ဆေးရုံကြီးကို အထူးကုဆရာဝန်တွေနဲ့ ပေါင်းစပ်ပြီး အဆင့်မြင့် ဆေးရုံကြီးအဖြစ် လုပ်လိုက်မယ်ဆိုရင် လူနာရှင်တွေအတွက် ဒုက္ခနည်းသွားမယ်” ဟုမြို့ဒေသခံ ကိုကြီးစိုး က မြို့ရဲ့အခြေအနေနှင့်ပတ်သက်ပြီး သုံးသပ်ပြောဆို သွားသည်။

ယနေ့အချိန်ထိ မိုးမိတ်မြို့ဟာ လျှပ်စစ်မီးမရသေးကြောင်း၊ အချိန်ပိုင်းလျှပ်စစ်မီးသာ ရနေကြောင်း၊ ၎င်းအခြေအနေကိုကြည့်ခြင်းအားဖြင့် မြို့ကိုခန့်မှန်းလို့ရနိုင်တယ် ဟုလည်းမြို့ လူထုများက နောက်ထပ် ဝေဖန်ပြောဆိုမှုများ ရှိနေသည်။

ယင်းကြောင့် မိုးမိတ်မြို့နယ် ပြည်သူ့ဆေးရုံကြီးနှင့် ပတ်သက်၍ အသစ်ရောက်ရှိလာသော မိုးမိတ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစိုးညီညီ အားမေးမြန်းရာ ၎င်းကယခုလိုရှင်းပြသွားသည်။

“ဒီဆေးရုံကို တာဝန်အရ ရောက်လာတာ မကြာသေးပါဘူး….. လက်ရှိမြို့နယ် ဆေးရုံအဆင့်နဲ့ အညီ က္ဈန်တော်တို့ဆေးရုံက လူနာတွေကို အလေးထား ကုသပေးနေပါတယ်…… မြို့နယ် ဆေးရုံအဆင့် ဝန်ထမ်းဖွဲ့စည်းမှု အင်အားလည်း ပြည့်စုံပါတယ်……. လိုအပ်တဲ့ဆေးဝါးနဲ့ ကုသရေး အပိုင်းတွေကို အချိန်နဲ့တပြေးညီ ဆောင်ရွက်ပါတယ်……. တကယ်တော့ မြို့နယ်ဆေးရုံအဆင့်နဲ့ အညီ က္ဈန်တော်တို့ဘက်က ကုသနိုင်မှုအပြည့်ရှိပါတယ်…… ကျန်းမာရေးဖွဲ့စည်းပုံအရ ကုတင်(၅၀)ဆန့်တဲ့ ဆေးရုံဖြစ်တာမို့ အထူးကုဆရာဝန်အင်အား မရှိပါဘူး…… ဒါကြောင့် အထူးကုဆရာဝန်နဲ့ ကုသရမယ့် လူနာဆိုရင် အထူးကုတွေ ရှိတဲ့ဆေးရုံတွေကို လွှဲပြောင်းပေးရပါတယ်….. ဒါဟာလည်း လူနာတွေအတွက် စေတနာနဲ့ ကုသအောင်မြင်ဘို့ အချိန်မီလွှဲပြောင်းပေးတာပါ……. က္ဈန်တော်တို့မြို့က ခရိုင်မြို့ လို့သာပြောပါတယ်…… ဒါပေမယ့်မြို့ဖွဲ့စည်းပုံအရ ကုတင်(၅၀) ဆန့်တဲ့ မြို့နယ်ဆေးရုံအဆင့်ပဲ ထားနိုင်ပါတယ်…… မြို့နယ်ဆေးရုံနဲ့အညီ က္ဈန်တော်တို့ အကောင်းဆုံး ဆောင်ရွက်နေပါတယ်” ဟု အထက်ပါ မိုးမိတ်မြို့နယ် ဆေးရုံ ဆရာဝန်ကြီးက ပြောပြသွားသည်။

ထို့ပြင်၎င်း က မိုးမိတ်ဆေးရုံအတွက် ရေလုံလောက်မှုမရှိသေးကြောင်း၊ ရေရရှိနိုင်ရေးအတွက် လုပ်ဆောင် နေကြောင်း၊ ကုတင်(၅၀)ဆန့် အဆင့်မြင့် ဆေးရုံဆောက်ရန် အတွက် နိုင်ငံတော်အစိုးရထံ တင်ပြတောင်းဆို ထားကြောင်း၊ လက်ရှိအခြေအနေအရ မိုးမိတ်မြို့တွင် မြို့နယ်ဆေးရုံအဆင့်သာ ဖွဲ့စည်းနိုင်သေး၍ မိုးမိတ်မြို့ နယ် ပြည်သူ့ဆေးရုံအဆင့်မှ အူအတက်ရောင်ရောဂါ၊ အစာအိမ်ပေါက်ရောဂါ၊ ကလေးသားဖွားမွေးလူနာနဲ့ အခြားသာမန်ရောဂါများကို ကုသပေးနေကြောင်း ဆက်လက် သိရသည်။

တကယ်တမ်း မိုးမိတ်မြို့သည် မြို့ဧရိယာ အကျယ်အဝန်း အရ (၆၂၃၃၇ )ဧက ရှိပြီး လူဦးရေ ၆ သောင်း ကျော်သာရှိနေသောကြောင့် ခရိုင်အဆင့်နှင့် အညီ ကုတင်(၁၀၀)ဆေးရုံ တည်ဆောက်ရန် ဖွဲ့စည်းပုံ မပြည့် သေးကြောင်း၊ မြို့လူထုတောင်းဆိုချက်အရ မိုးမိတ်ဆေးရုံအား နိုင်ငံတော် အစိုးရက သီးခြားအထူးကု ဆရာဝန် များ စေလွှတ်မှသာ ရနိုင်သည် ဟုသိရသည်။


မိုးမိတ်မြို့နယ် ပြည်သူ့ဆေးရုံမှ အရေးပေါ်လူနာများကို လွှဲပြောင်းပို့ဆောင်ပေးနေသော ပရဟိတ သမားတစ်ဦးမှလည်း မိုးမိတ်ဆေးရုံနှင့် ပတ်သက်၍ ယခုလိုပြောပြခဲ့သည်။

“မိုးမိတ်ဆေးရုံက လွှဲပြောင်းတဲ့ လူနာတွေနဲ့ပတ်သက်လို့ က္ဈန်တော်တို့ အခြားဆေးရုံတွေကို ကူညီပို့ပေး နေပါတယ်…… မိုးမိတ်ဆေးရုံကနေ မိုးကုတ်/မန္တလေး ဆေးရုံတွေ ပို့ပေးရတယ်…… မိုးကုတ် ဆေးရုံက မနိုင်တဲ့ လူနာတွေကိုလည်း မန္တလေး ဆေးရုံကို ဆက်ပြီးပို့ပေးရတာတွေ ရှိတယ်……. အချို့လူနာရှင်တွေက ကိုယ့်သဘောအတိုင်း အခြားဆေးရုံကို တောင်းပြောင်းကြတာတွေရှိတယ်…. တကယ်တမ်း ပြောရရင် မိုးမိတ်ဆေးရုံကို ဒီထက်မက အဆင့်မြင့်ဆေးရုံအဖြစ် ပိုပြီးမြင်ချင်တယ်” ဟု မိုးမိတ်မြို့ ကရုဏာသုခ လူမှုကူညီရေးအသင်းမှ အသင်းသား ကိုအောင်စိုး ကဆိုသည်။

မိုးမိတ် ကရုဏာသုခ လူမှုကူညီရေးအသင်း မှ မိုးမိတ်ဆေးရုံအတွက် လိုအပ်သည့် ဆေးဝါးစမ်းသပ်ကိရိယာများ လှူ တန်းထားကြောင်း၊ ဆေးရုံအတွက် အရေးပေါ်လူနာတင်ကား၊ ဓာတ်မှန်စက်၊ ခွဲစိပ်ခန်းသုံးပစ္စည်းများ၊ သားဖွားအကူ စုတ်စက်နှင့် အောက်စီဂျင်ဘူးများ လှူ တန်းထားပြီး
လိုအပ်သည့် ဆေးဝါးထောက်ပံ့ ငွေများလည်း လှူ တန်းလျက်ရှိနေကြောင်း ၎င်းအသင်းမှ ဒု ဥက္ကဋ္ဌ ဖြစ်သူ ဦးအောင်ထွန်း ကပြောပြထားသည်။

မိုးမိတ်မြို့နယ် ပြည်သူ့ဆေးရုံကြီး တွင် နှစ်စဉ်နှစ်တိုင်း လွှဲပြောင်းပေးရသော အတွင်းလူနာများစွာရှိနေပြီး ၂၀၁၆ခုနှစ် ၌ မိုးမိတ်ဆေးရုံမှ မိုးကုတ်-မန္တလေး ဆေးရုံသို့ လွှဲပြောင်းလူနာဦးရေ မှာ(၉၇)ဦး အထိရှိနေကာ ယခုနှစ်အပိုင်း မတ်လ(၁၇)ရက်နေ့ အထိမိုးမိတ်ဆေးရုံမှ လွှဲပြောင်း လူနာ (၁၉) ဦး အထိရှိနေကြောင်း မိုးမိတ် ကရုဏာသုခ လူမှုကူညီရေးအသင်း ၏လူနာလွှဲပြောင်း စာရင်းအရ ဆက်လက်သိရသည်။

ထို့ကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့သည် ပထဝီအချက်ခြာကျသည့် မြို့ဟု ဆိုနိုင်ပြီး မြို့အတွက် အရေးပါနေသည့် ယခုကဲ့သို့ မိုးမိတ်ဆေးရုံကြီးအား အဆင့်မြင့်ဆေးရုံကြီး အဖြစ်နိုင်ငံတော်အစိုးရမှ တည်ဆောက်ပေးရန် လိုနေတာတော့ အမှန်ပဲ ဟုမိုးမိတ်လူထုအများစုက တောင်းဆိုလျက်ရှိနေကြောင်း နောက်ဆုံး ကြားသိရသည်။

ကိုထွန်း (လားရှိုးမီဒီယာဂရု)