မိုးမိတ်-ဧပြီ
(၁၈)
မြန်မာ ကောဇာသက္ကရာဇ် ၁၃၇၉ခုနှစ်၊
နှစ်ဆန်း(၁)ရက်နေ့ အထိမ်းအမှတ်အဖြစ် ရိုးရာအစဉ်အလာမပျက် ပြုလုပ်လျက်ရှိသည့် သက်ကြီးရွယ်အို
အဘိုးဘွားပူဇော်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မျြို့၌
ယခုနှစ်ဧပြီလ(၁၇)ရက်နေ့၊ နံနက်၈နာရီအချိန်။ မိုးမိတ်မြို့ရွှေတောင်ဦး မြတ်စွာဘုရား
ဓမ္မာရုံတွင်ကျင်းပပြုလုပ် သွားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့ပေါ်အစိုးရဌာနပေါင်းစုံမှ
ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တပ်မတော်စစ်ဗျူဟာမှူးနှင့်
တပ်မတော်သားများ၊ အရပ်ဘက်အလှူ ရှင်ပုဂ္ဂိုလ်များ ကဦးဆောင် ၍အသက်(၈၀)နှင့်
အထက်သက်ကြီးရွယ်အို၊ အဘိုးအဘွား(၁၁၄)ဦးအား ပင့်ဖိတ်ကာ ယခုလို ပူဇော်ကန်တော့ပွဲ အခမ်းအနားကိုပြုလုပ်သွားခြင်း
ဖြစ်သည်။
ပူဇော်ကန်တော့ပွဲသို့ တက်ရောက်လာသော
သက်ကြီးရွယ်အို အဘိုးဘွားများကို လူထုပရိတ်သတ်များက ပူဇော်ကန်တော့ခြင်း၊ အလှူ
ငွေများထောက်ပံ့လှူ တန်းခြင်း၊ စစ်ဘက်/အရပ်ဘက် ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးစစ်ဆေးကုသမှု
များပြုလုပ်ပေးခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေး အဖြစ်ခြေသဲလက်သဲများ ညှပ်ပေးခြင်း၊
အဟာရ စတုဒီသာများတိုက်က္ဈေးခြင်း စသည့်ကုသိုလ်အရေးများ ကိုဆောင်ရွက်ပေးသွားကြောင်း သိရသည်။
သက်ကြီးရွယ်အို အဘိုး/အဘွားများမှ
လည်းကုသိုလ်အရေး ဆောင်ရွက်ပေးနေသူများကို အဆုံးအမသြဝါဒ တရားများ ပေးကာဆုတောင်းမေတ္တာများ
ပေးပို့သွားကြသည်။
ထို့ကြောင့် မိုးမိတ်မြို့၌
မြန်မာနှစ်ဆန်း(၁)ရက်နေ့၊ အခါသမယနေ့တွင်သက်ကြီး ရွယ်အို
အဘိုး/အဘွား(၁၁၄)ဦး
အားစုစုပေါင်းအလှူ ငွေ (၂၄)သိန်း(၇)သောင်း(၁)ထောင် ကျပ်ကိုပူဇော်လှူ တန်းသွားခဲ့ပြီး
၎င်းအခမ်းအနားမှာ ထိုနေ့၏နံနက်(၁၀း၄၅)အချိန်တွင်ပြီးဆုံးသွားခဲ့ကြောင်းသိရှိရသည်။




