“တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသော အနေဖြင့် မိုးမိတ်တပ်နယ် မိသားစုမှ ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသန့်ရှင်းရေးနှင့် အလှူအတန်းများပြုလုပ်သွား”
မိုးမိတ်-မတ်(၁၈)
မကြာမီရောက်လာမည့်
မတ်လ(၂၇)ရက်နေ့၊ တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့်ရှမ်းပြည်နယ် မြောက်ပိုင်း၊
မိုးမိတ်မြို့ တပ်နယ်မိသားစုမှ မတ်လ(၁၈)ရက်နေ့၊ နံနက်(၇)နာရီခွဲအချိန်၊
မိုးမိတ်မြို့နယ်၊ ပြည်သူ့ဆေးရုံကြီးဝင်း အတွင်းစုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ပေးသွားပြီးဆေးရုံရှိ
လူနာများကိုထမင်းအက္ဈေး အမွေးများ ဖြင့်ကုသိုလ်ဒါနပြုကာ ဆေးရုံကြီးအတွက် ဆေးငွေပဒေသာပင်
အလှူထည့်ဝင်လှူတန်း သွားခဲ့သည်။
ယင်းနေ့နံနက်
(၇း၃၀)အချိန်တွင် မိုးမိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောအောင်မျိုး
ဦးစီး၍အရာရှိ စစ်သည်များနှင့် စစ်သည်ရဲမေအင်အား (၇၀)ဦးက မိုးမိတ်မြို့နယ်ပြည်သူ့ဆေးရုံဝင်း
အတွင်း/အပြင်စုပေါင်း သန့်ရှင်းရေးလုပ်အားပေးသွားခဲ့သည်။
ထို့ပြင်နံနက် (၁၀း၀၀)အချိန်၌
၎င်းမိုးမိတ်တပ်နယ်စစ်ဗျူဟာမှူးနှင့်ဇနီး ၊စစ်သည်မိသားစုများက မိုးမိတ်ပြည်သူ့ဆေးရုံရှိ
ဆေးကုသတက်ရောက်နေကြသော လူနာ (၄၂)ဦးအား ထမင်းအက္ဈေးအမွေးများဖြင့် ကုသိုလ်ဒါနပြုလုပ်ကာ
လူနာများအပေါ်အားပေးစကားများ ပြောကြားသွားခဲ့သည်။
ထို့နောက်မိုးမိတ်မြို့နယ်၊
ပြည်သူ့ဆေးရုံသို့ဆေးငွေပဒေသာပင်အလှူငွေ ကျပ်(၁) သိန်းကိုလည်း လှူးတန်းသွားခဲ့၍ မိုးမိတ်မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး
ဒေါက်တာစိုးညီညီမှ ကျေးဇူးတင်စကားများ ပြောဆိုသွားသည်။
```အခုလိုတပ်မတော်အနေနဲ့က္ဈန်တော်တို့ပြည်သူ့ဆေးရုံအပေါ်ကူညီဆောင်ရွက်ပေးတာကို
အထူးကျေးဇူးတင်မိပါတယ်…..တပ်မတော်နဲ့ပြည်သူဆိုတဲ့အပြန်အလှန်ချစ်ကြည်နွေးထွေးမှုကိုလည်းဖြစ်စေပါတယ်……ဒေသအတွင်းပူးပေါင်းဆောင်ရွက်တဲ့သဘောကိုလည်းပြသရာရောက်ပါတယ်……က္ဈန်တော်တို့ကြိုဆိုပါတယ်……ဝမ်းသာပီတိလည်းဖြစ်မိပါတယ်
" ဟုအဆိုပါ မိုးမိတ်မြို့နယ်ဆေးရုံအုပ်ကြီးမှ ကျေးဇူးတင်စကားပြောဆိုသွားခဲ့သည်။
“ဒီနေ့က လာမယ့်မတ်လ
(၂၇)ရက်နေ့၊ တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုတဲ့ အနေနဲ့အခုလိုအများ ပြည်သူ့ဆေးရုံကြီးမှာ
စုပေါင်းသန့်ရှင်းရေး လုပ်အားပေးကြတာပါ….. ဆေးရုံမှာရှိတဲ့ လူနာတွေအားလုံးကိုလည်း
ထမင်းက္ဈေးအလှူဒါနပြုခဲ့ပါတယ်…… က္ဈန်တော်တို့တပ်မတော်ဟာ
ပြည်သူတွေကြားထဲက ပေါက်ဖွားလာတဲ့
တပ်မတော်ဖြစ်တဲ့အတွက် အခုလိုကူညီဆောင်ရွက်ခွင့်ရလို့လည်း ဝမ်းသာပီတိဖြစ်မိပါတယ်”
ဟုအထက်ပါမိုးမိတ်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောအောင်မျိုးက ဆိုပါသည်။
ထို့ကြောင့်တပ်မတော်နေ့ကို
ဂုဏ်ပြုကြိုဆိုသောအားဖြင့် မိုးမိတ်တပ်နယ်မိသာစုအင်အား (၇၀)ဦးမှ
မိုးမိတ်မျြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသန့်ရှင်းရေးလုပ်အား
နှင့်အလှူဒါနများပြုလုပ်
သွားကြောင်းသိရသည်။
ကိုထွန်း(လားရှိုးလားရှိုးမီဒီယာဂရု)




