“နေအိမ်အတွင်းမှ စိတ်ကြွမူးယစ်ဆေးများအား မိုးမိတ် ရဲတပ်ဖွဲ့မှ ယခုလအတွင်းဖမ်းဆီး ဖော်ထုတ်ခဲ့ကြောင်းသိရ”
မိုးမိတ်-မတ်(၂၄)
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့၌ပြည်သူပူးပေါင်းပါဝင်မှုနှင့်အတူ မိုးမိတ်ရဲတပ်ဖွဲ့ဌာနမှ
ယခုလ(၂၃)ရက်နေ့တွင် WYစာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၃၀၉၈) ပြားနှင့် အတူတရားခံအား
ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
ယင်းနေ့ မူးယစ်ဆေးဝါးသတင်းအရ
မိုးမိတ်မြို့မရဲစခန်းမှ ရဲအုပ်အေးမင်းထွဋ် ဦးဆောင်အဖွဲ့က မိုးမိတ်မြို့နယ်ရဲတပ်ဖွဲ့မှူ
း၏ မူးယစ်ဆေးဝါးဖမ်းဆီးခွင့်ရှာဖွေဝရမ်းနှင့်အညီ အရပ်သားသက်သေဖြစ်သော
ဦးစိုးမိုးအောင်၊ ဦးသိန်းထွန်းမောင်တို့ လိုက်ပါလျက် မူးယစ်ဆေးဝါး သတင်းရှိရာ မိုးမိတ်မြို့နှင့်
(၁၆)မိုင်ဝေးသော ဘော်ဒေကျေးရွာသို့ ဖမ်းဆီးရေးထွက်ခွာခဲ့ကြောင်း၊ ၎င်းရွာအရောက် နောက်ထပ်အရပ်သားသက်သေဖြစ်သော
မိုးဟောက်ကျေးရွာ အုပ်ချုပ်ရေးမှူးးနှင့်အတူ ဘော်ဒေရွာရှိ ကိုဝင်းလှိုင်(ခ)ဆွဲရ နေအိမ်အားသက်ဆိုင်ရာ
ရဲတပ်ဖွဲ့မှဝင်ရောက်ရှာဖွေခဲ့ကြောင်း၊ အိမ်ရှင်ကိုဝင်းလှိုင်မှာ နေအိမ်တွင်မရှိ၍ ၎င်း၏သားဖြစ်သူ
ထွန်းလင်းနိုင်အားတွေ့ကာ သက်သေများနှင့်ရှာဖွေစစ်ဆေးရာမှ ယခုကဲ့သို့စိတ်ကြွမူးယစ်ဆေးပြားများ
တွေ့၍ဖမ်းဆီး ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
၎င်းထွန်းလင်းနိုင် အိပ်ခန်းအတွင်း
အိပ်ယာအနီးရှိ ဆန်အိတ်အတွင်းမှ ရွက်လှေတံဆိပ်နှင့် ကမ္ဘာလုံးတံဆိပ်ပါ အပြာရောင်ကပ်ခွာအိတ်ဖြင့်
ထုပ်ထားသည့် WYစာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၂၀၀)ပြား ပါ(၄) ထုပ် နှင့်အနီးရှိ
အမှိုက်ခြင်းထဲမှ အထက်ကဲ့သို့ ထုပ်ပိုးထားသော WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၂၀၀)
ပြားပါ(၁၀) ထုပ်၊ ထို့အပြင်၎င်းနေအိမ်အိပ်ခန်းအတွင်း ကြမ်းခင်းပေါ်မှ အလားတူခဲစက္ကူ
ပါသောပန်းရောင် စိတ်ကြွဆေးပြား (၂၇)ပြားပါ (၄)ထုပ်၊ စိတ်ကြွဆေးပြား(၉)ပြားပါ ခဲစက္ကူ
အထုပ်ငယ်(၁၀)ထုပ်၊
နောက်ထပ်အပြာရောင် ကပ်ခွာ အိတ်ဖြင့်ထည့်ထားသည့် ပန်းရောင်စိတ်ကြွဆေးပြား(၁၀၀)ပြားပါ
(၁)ထုပ် နှင့်အခြားသက်သေခံပစ္စည်းများကို ရဲတပ်ဖွဲ့မှသက်သေများအရှေ့တွင်
ရှာဖွေဖမ်းဆီးခဲ့ကြောင်း၊ စုစုပေါင်းဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားအရေအတွက်မှာ ဆေးပြား(၃၀၉၈)ပြားဖြစ်သည်။
မိုးမိတ်မြို့၏ မူးယစ်ဆေးဝါးအခြေအနေနှင့်
ပတ်သက်၍ မူးယစ်ဆေးဝါးမြှင့်တက်မှုမှာ စိုးရိမ်အခြေအနေအထိ ရှိနေသည်ဟုဆိုသည်။ နယ်မြေမစိုးမိုးသည့်ဒေသများနှင့်
ဆက်စပ်လျက်ရှိနေ၍ ၎င်းဒေသလမ်းကြောင်းများဘက်မှ မူးယစ်ဆေးဝါးများစီးဆင်း ဝင်ရောက်နေကြောင်း၊
ပွင့်နေသောမြို့၏ ယိုပေါက်တံခါးများကြောင့် မိုးမိတ်မျြို့မှာ မူးယစ်ဆေးဝါးဈေးကွက်မှာ
ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေကြောင်း၊ လူငယ်/လူရွယ်များ မူးယစ်ဆေးဝါး ဘက်ရောက်ကာ
ပျက်စီးဆုံးရှုံးမှုကြုံနေရကြောင်း၊ မူးယစ်ဆေးဝါး ဖမ်းဆီးဆောင်ရွက်မှုနှင့် ပတ်သက်၍ ပြည်သူများဘက်မှလည်း
ပူးပေါင်းပါဝင်မှု အင်မတန်အားနည်းနေကြောင်း၊ ဖမ်းဆီးဆောင်ရွက်တဲ့အခါ ရဲတပ်ဖွဲ့ဝင်အင်အားနှင့်
မလုံလောက်ပဲပြည်သူများ ပူးပေါင်းဝင်မှသာအနာဂတ် လူ့အရင်းအမြစ်များ
ကိုမြင်တွေ့နိုင်မှာဖြစ်ကြောင်း၊ မြို့၏လက်ရှိအခြေအနေအရ မူးယစ်ဆေးဝါးမှာမြို့အား ၈၀ရာခိုင်နှုန်းအထိ
ဝါးမြိုခံနေရပြီဟု မူးယစ်းဆေးဝါး ဖမ်းဆီးအရေးကို ကူညီဆောင်ရွက်ပေးနေသူ ဒေသခံကိုစိုးမိုးအောင်မှ
အနာဂတ်အရေးနှင့်ပတ်သက်ပြီး ယခုလိုသုံးသပ် ပြောကြားသွားခဲ့သည်။
ထို့ကြောင့် အထက်ပါမူးယစ်ဆေးဝါး
ရောင်းရန်လက်ဝယ်ထားရှိသူ ထွန်းလင်းနိုင် (သ)၂၁နှစ်| (ဘ)ဦးဝင်းလှိုင်| မှတ်ပုံတင်မမှတ်မိ|
ဗမာ/ဗုဒ္ဓ| ကျဘမ်း| ဘော်ဒေကျေးရွာနေသူနှင့် ထွက်ပြေးတိမ်ရှောင်သူ ဝင်းလှိုင်(ခ)ဆွဲရ|
အသက်(၅၂)နှစ်| (ဘ)ဦးအေးမောင်| ၁၃/မမတနိုင်-၀၄၈၁၃၄| တောင်သူ| ဘော်ဒေကျေးရွာနေ သူတို့အား
ရဲအုပ်အေးမင်းထွဋ် ကတရားလိုပြုလုပ်တိုင်တန်းကာ မိုးမိတ်မြို့မရဲစခန်းမှ မယ(ပ) ၁၂/၂၀၁၇ခုနှစ်|
မူး/စိတ်ပုဒ်မ-၁၅/၁၉(က)/၂၁ အရ အမှုဖွင့်လှစ်ကာ ဆက်လက်အရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။
ကိုထွန်း(လားရှိုးမီဒီယာဂရု)

