“ယခုသတင်းပတ်အတွင်း ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် အကောက်ခွန်မဲ့ ကျောက်စိမ်း အရိုင်းတုံးကြီးနှစ်တုံးကို ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရ”



ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း-မတ်(၁၈)

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊မူဆယ် ပြည်ထောင်စုလမ်အပိုင်း၏  သိန္နီရေပူစမ်းအနီး ၁၉၉ မိုင်တိုင်အမှတ် တွင်ဖွင့်လစ်ထားသော ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် မတ်လ(၁၈)ရက်နေ့ မနက်ပိုင်း၌ ကျောက်စိမ်း အရိုင်းတုံးကြီးနှစ် တုံးကို ဖမ်းဆီးရမိကြောင်းသတင်းရရှိပါသည်။

ထို့အတွက်ကြောင့် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှတာဝန်ခံ အကောက်ခွန်ဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်ထံသို့ ဆက်သွယ်စုံးစမ်းခဲ့ရာတွင်...... 

“ကွန်တော်တို့ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှာသတင်းကွန်ယက်ဖွဲ့စည်းထားတာရှိပါတယ်…. အဲ့ဒီသတင်း ကွန်ယက်ကနေ မနက်၁၀ နာရီကျော်လောက်မှာသတင်းရရှိတာနဲ့ ကျွန်တော်တို့ဆီကိုသတင်းပို့ပါတယ်… သတင်းရရှိတာနဲ့ ချက်ခြင်းဘဲ မိုင်တိုင်အမှတ် ၁၉၅/၅ ကိုသွားရောက်စစ်ဆေးခဲ့ပါတယ်….ကားပေါ်မှာတော့ လူတွေဘယ်သူမှာမရှိတော့ပါဘူး….ကားခေါင်းကိုမူဆယ်ဘက်ခြမ်းကိုမျက်နှာမူပြီးအဲ့ဒီနေရာမှာ ရပ်ထားတယ်….အဲ့ဒီကားပေါ်ကိုကျွန်တော်တို့ တာဝန်ရှိတဲ့စစ်ဆေးရေးအဖွဲ့တွေ တက်ရောက်စစ်ဆေးချိန်မှာ တွေ့ရှိတာ ဖြစ်ပါတယ်… ကျွန်တော်တို့ စစ်ဆေးရေးဂိတ်အဖွဲ့ကို တရားမ၀င်လုပ်ကိုင်သူတွေကလည်း စောင့်ကြည့် နေကြ တာတွေရှိပါတယ်….အဲ့လိုစောင့်ကြည့်ပြီးတော့ အခြေအနေမကောင်းသေးဘူး..မသွားနဲ့ဦး..စသဖြင့် သူတို့အခြင်းခြင်း ဆက်သွယ်တာတွေ ကျွန်တော်တို့ ဂိတ်အခြေအနေကိုသတင်ေးပးတာတွေရှိပါတယ်…အဲ့လို ဆက်သွယ်ပြီး  အခုလို ကျွန်တော်တို့ ဂိတ်ကိုဖြတ်သန်းဖို့ အဆင်မပြေလို့ ရပ်ထားချိန်မှာ သတင်းအရ ဖမ်းဆီးရမိခြင်းဖြစ်ပါတယ်….ဟု ဆက်သွယ်စုံစမ်းမှုပြုစဉ် တာဝန်ရှိသူ ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင် မှပြောပြပါသည်။
ယင်းဖမ်းဆီးရမိခဲ့သည့် ကျောက်စိမ်းအရိုင်းတုံးမှာနှစ်တုံးဖြစ်ပြီး တတုံးမှာ အလေးချိန်(၄) တန်၊နောက်တတုံးမှအလေးချိန် (၃)တန်တုံး တတုံးဖြစ်ကြောင်းသိရှိရသလို ယင်းကျောက်စိမ်းရိုင်း တုံး နှစ်တုံး ၏ကာလတန်ဖိုး သိန်း(၂၅၀၀) ဖြတ်ထားကြောင်းနှင့် တင်ဆောင်လာသောကား တန်ဖိုးကိုတော့ သိန်း(၄၅၀) ဖြတ်ထားကြောင်း၊ မတ်လ(၁၈)ရက်နေ့ နံနက်(၁၁း၀၀)အချိန်တွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း စုံစမ်းသိရှိ ရပါသည်။

အဆိုပါ ရေပူစစ်ဆေးရေးစခန်းသည် ပြည်ထောင်စုလမ်းမကြီးအပိုင်း မန္တလေး၊လားရှိုးမှတရုတ် နယ်စပ်မြို့များဖြစ်သော မူဆယ်၊နမ့်ခမ်းနှင့် ကွမ်းလုံ၊ ဟိုပန်၊ လောက်ကိုင်၊ ချင်းရွှေဟော် မြို့များကို ဆက်သွယ်သွားလာတင်ဆောင်နေသော တရားမ၀င်အကောက်ခွန်မဲ့ ပစ္စည်းများကို စစ်ဆေးလျှက်ရှိသော စစ်ဆေးရေးအဖွဲ့စုံ ထိုင်သည့်စစ်ဆေးရေးဂိတ်တခုဖြစ်သလို ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ(၁၆)ရက်နေ့တွင် ယင်းဂိတ်ကိုဖွင့်လစ်ခဲ့ခြင်းဖြစ်ကြောင်း၊ယခင် နှစ်များတွင်လည်း ဖော်ပြပါနေရာတွင်ပင်
အကောင်ခွန်မဲ့ပစ္စည်းများကို စစ်ဆေးရေးဂိတ်ဖွင့်လစ်ခဲ့ဘူးပြီး ၂၀၁၂ခုနှစ် ဇန်န၀ါရီလ(၁၆)ရက်နေ့တွင် တရားဝင်ဖျက်သိမ်းခဲ့ခြင်းဖြစ်ပြီး ယခုပြန်လည်ကာအဆိုပါနေရာမှာပင် တဖန်ပြန်လည်ဖွင့်လစ်ခဲ့ခြင်းဖြစ်ပြီး တရားမ၀င်အကောက်ခွန်မဲ့ ပစ္စည်းများကို နေ့စဉ်နှင့်အမျှ စစ်ဆေးမှုပြုဖမ်းဆီးအရေးယူမှုများ ပြုလုပ်လျှက် ရှိကြောင်း သိရှိရပါသည်။

လင်းလင်း(လားရှိုးမီဒီယာဂရု)