“ယခုသတင်းပတ်အတွင်း မိုးမိတ်မြို့နယ်အတွင်း လူသေမှုဖြစ်ပွားခဲ့သည့်ယာဉ်တိုက်မှုဖြစ်စဉ်တခုနှင့် ခရီးသည်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ ချောက်ထဲထိုးကျကာ လူသေမျုများဖြစ်စဉ်တခုဖြစ်ပွားခဲ့”
မိုးမိတ်-မတ်
(၁၅)
ရှမ်းပြည်နယ်မြောက်ပိုင်း၊
မိုးမိတ်မြို့နယ်တွင် မတ်လ(၁၅)ရက်နေ့ နံနက် (၃)နာရီအချိန်၌ ကုန်ပစ္စည်းအပြည့် တင်ဆောင်လာသော
ခရီးသည်တင် လိုင်းကားတစ်စီး ကားဘရိတ်ပေါက်၍ ယာဉ်တွင်လိုက်ပါလာသော ခရီးသည်(၂)ဦး
သေဆုံးသွားပြီး အခြားဒဏ်ရာရ ခရီးသည်(၅)ဦးမှာ အရေးပေါ်လူနာအဖြစ် မိုးမိတ်ပြည်သူ့ဆေးရုံသို့
ပို့ဆောင်ထားရကြောင်း သတင်းရရှိသည်။
မန္တလေးမှ မဘိမ်းမြို့သို့
ပြေးဆွဲနေသော ယာဉ်အမှတ် 2A-..............(MDY) ခရီးသည်တင်လိုင်းကားမှာ
မိုးမိတ်မြို့နယ်အတွင်း မိုင်တိုင်အမှတ် ၁၆/၁ နေရာတွင် ကားဘရိတ်ပေါက်ပြီး လမ်းဘယ်ဘက်ချောက်ထဲသို့
ပြုတ်ကျတိမ်းမှောက်သွားခဲ့ကြောင်း၊ ခရီးသည်အမျိုးသား တစ်ဦးမှာ အခင်းဖြစ်ရာနေရာတွင်ပင်
သေဆုံးခဲ့ပြီး အခြားဒဏ်ရာရအမျိုးသမီးခရီးသည်တစ်ဦးမှာ မိုးမိတ်မြို့နယ်ပြည်သူ့ဆေးရုံတွင်
သေဆုံးသွားကြောင်းနှင့် ကျန်ရှိဒဏ်ရာရခရီး(၅)ဦးမှာ ၎င်းဆေးရုံ၌ အတွင်းလူနာအဖြစ် တက်ရောက်ဆေးကုသလျက်ရှိနေကြောင်း
သတင်းရရှိသည်။
၎င်းသေဆုံးသူခရီးသည် ဇနီးမောင်နှံ(၂)ဦးမှာ
မဘိမ်းမြို့နယ်၊ နမ့်ပုန်းကျေးရွာတွင် နေထိုင်ပြီး
ဦးသိန်းစိုးအသက်(၄၀)နှစ်၊(ဘ)ဦးညွှန့်ဝေ၊ဗမာ/ဗုဒ္ဓ၊ပရိဘောဂလုပ်ငန်းလုပ်ကိုင်သူနှင့်
သေဆုံးသူဒေါ်တင်တင်လှိုင်မှာ အသက်(၂၇)နှစ် ဟုသိရသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့်
မိုးမိတ်မြို့ဒေသခံပြည်သူများကလည်း အဝေးပြေးလိုင်းဆွဲနေသည့် ခရီးသည်ယာဉ်ကားများမှာ
တကယ်တမ်း ဝန်ပိုကုန်ပစ္စည်းများတင်ခွင့်မရှိကြောင်း၊ ယာဉ်လိုင်းဂိတ်စည်းကမ်းဥပဒေ
ချိုးဖောက်နေခြင်းကြောင့် မလိုအပ်သည့် ခရီးသည်၏အသက်များ ဆုံးရှုံးနေရကြောင်း၊ ကုန်းလမ်းပို့ဆောင်ရေးဌာနမှ
ထုတ်ပြန်ထားသော တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူပေးရန်နှင့် သက်ဆိုင်ရာဌာနများမှလည်း
အဝေးပြေးလိုင်းဆွဲယာဉ်များ အားကြပ်မတ် ဆောင်ရွက်ပေးရန် လိုနေပြီဟုမြို့နေဒေသခံပြည်သူများက
ဝေဖန်ပြောဆိုနေကြသည်။
ထို့ကြောင့် ၎င်းခရီးသည်တင်လိုင်ကားမောင်းသူ မြင့်နိုင်စိုး ၊အသက်(၃၈)နှစ်၊
(ဘ)ဦးမြအေး၊ဗမာ/ဗုဒ္ဓ၊ ယာဉ်မောင်း၊ အားယာဉ်
အမှု(ပ)၆/၂၀၁၇ခုနှစ်၊ ရာဇသတ်ကြီးဥပဒေပုဒ်မ၂၇၉/၃၀၄- က ဖြင့်မိုးမိတ်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးမှ
ရဲအုပ်အောင်ကျော်ဇေယျ က တရားလိုပြု အမှုဖွင့်တိုင်ကြား ပြီးမိုးမိတ်မြို့မရဲတပ်ဖွဲ့စခန်းမှအမှုအားဆက်လက်အရေးယူ
ဆောင်ရွက်နေကြောင်းသိရသည်။
ဆောင်ရွက်နေကြောင်းသိရသည်။
မတ်လ(၁၂) ရက်နေ့တွင်လည်း ယာဉ်တိုက်မှုတစ်ခုမှ
မောင်းနှင်ထွက်ပြေးသွားသော ကားနှင့်တရားံခံအား ပြည်သူအရပ်သား ပူးပေါင်းပါဝင်မှုဖြင့်
သက်ဆိုင်ရာနယ်မြေခံရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့မှ အချိနိမှီ အမှုမှန်ဖော်ထုတ်
ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊
မိုးမိတ်မြို့တွင့်မတ်လ (၁၂)ရက်နေ့၊ နံနက်(၉း၀၀)အချိန်ခန့်တွင်
မိုးမိတ်-တွင်းငယ်သွားရာလမ်း၊ စစ်ဗျူဟာရုံးဂိတ်ပေါက်အရှေ့ အလွန်တွင် အဖြူရောင် LIGHT
TRUCK ကားတစ်စီးနှင့် LIFAN ကားအပြာရောင်တို့ ကားချင်းချိပ်မိပြီး ယာဉ်တိုက်မှုဖြစ်ကာအဖြူရောင်
LIGHT TRUCK ကားပေါ်ရှိအမျိုးသမီးငယ်တစ်ဦး သေဆုံးသွားခဲ့ကြောင်း အမှုဖြစ်စဉ်အရသိရသည်။
ယင်းနေ့ ယာဉ်တိုက်ထွက်ပြေးသွားသော
ကားနံပတ် ဌ/.............. အပြာရောင် LIFAN ကားအားပြည်သူအရပ်သား ပူးပေါင်းပါဝင်မှုနှင့် အတူသက်ဆိုင်ရာ
ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံရဲတပ်ဖွဲတို့မှ နေရာအနှံ့သတင်းစုံစမ်းရှာဖွေခဲ့ပြီး
နောက်တနေ့ညနေပိုင်းအချိန်၌
တရားခံကားသမားနှင့်အတူ တိုက်သွားသည့် ကားကိုပါဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
အမှုအား နယ်ထိန်းရဲအုပ်အေးမင်းထွဋ်နှင့်
အတူဒေသခံအရပ်သား ဦးသိန်းထွန်းမောင်၊ ဦးစိုးမိုးအောင် တို့ပူးပေါင်းပါဝင်ခဲ့ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့တို့မှ
အမှုအခင်းဖြစ်ရာ သဲလွန်စမှတ်တမ်းအပေါ် ခြေရာခံကောက်ရင်း စုံစမ်းဖော်ထုတ်ရာမှ အခုလို အချိန်မှီဖမ်းဆီး
ဖော်ထုတ်နိုင်ခဲ့ကြောင်းသိရသည်။
ယင်းနေ့အမှုဖြစ်စဉ်အရ ကားနံပတ်
8K-..............အဖြူရောင် LIGHT TRUCK ကားသည်မိုးမိတ်မြို့ ရွှေမြင်တင်ဘုရားတပေါင်းပွဲတော်မှ
ဆင်တဲကုန်းကျေးရွာသို့ အပြန်တဖက်ဒိုးပင်ကျေးရွာမှ မိုးမိတ်ဘက်သို့ မောင်းနှင်လာသည့်
အပြာရောင်ကားနံပတ် ဌ/................ LIFAN ကားနှင့်ဘေးချင်းယှဉ်တိုက်မှုဖြစ်၍ အပြာရောင် LIFAN
ကားနောက်ကြည့်မှန်မှ အဖြူရောင်
LIGHT TRUCK ကား၏ အမိုးကိုင်းအားချိပ်မိကာ LIGHT TRUCK ကားနောက်ခန်းတွင် မတ်တပ်ရပ်လိုက်ပါလာသူ အမျိုးသမီးငယ်တစ်ဦးကို တိုက်မိသောကြောင့် ယင်းအမျိုးသမီးမှာ ကားပေါ်မှအရှိန်ပြင်းစွာပြုတ်ကျသွားခဲ့သည်။ ၎င်းဒဏ်ရာရအမျိုးသမီးအား မိုးမိတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိချိန်တွင် အသက်ဆုံးပါးနေပြီဖြစ်ကြောင်း ဆေးမှတ်တမ်းအရ သိရသည်။
LIGHT TRUCK ကား၏ အမိုးကိုင်းအားချိပ်မိကာ LIGHT TRUCK ကားနောက်ခန်းတွင် မတ်တပ်ရပ်လိုက်ပါလာသူ အမျိုးသမီးငယ်တစ်ဦးကို တိုက်မိသောကြောင့် ယင်းအမျိုးသမီးမှာ ကားပေါ်မှအရှိန်ပြင်းစွာပြုတ်ကျသွားခဲ့သည်။ ၎င်းဒဏ်ရာရအမျိုးသမီးအား မိုးမိတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိချိန်တွင် အသက်ဆုံးပါးနေပြီဖြစ်ကြောင်း ဆေးမှတ်တမ်းအရ သိရသည်။
၎င်းယာဉ်တိုက်ထွက်ပြေးသွားသည့်
ကားမှာလိုင်စင်မဲ့ကားဖြစ်ပြီး မိုးမိတ်မြို့၊ ဟော်နန်းရပ်ကွက်ရှိ ဦးတိုးဝပ်ရှော့အလုပ်ရုံမှ
ကားဖြစ်ကြောင်း၊ ကားမောင်းသူတရားခံမှာမိုးမိတ်မြို့၊ လက်ခုပ်တန်းရပ်ကွက်နေသူ နိုင်လင်းအောင်(ခ)
စီလေး ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့်တရားခံ နိုင်လင်းအောင်(ခ)
စီလေး၊ အသက်(၂၄)နှစ်၊ (ဘ)ဦးဝင်းမောင်၊ ယာဉ်မောင်း|ဗမာ/ဗုဒ္ဓ| လက်ခုပ်တန်းရပ်နေသူအား ယာဉ်အမှု
(ပ)၅/၂၀၁၇ခုနှစ်၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉|၃၀၄-က ဖြင့်မိုးမိတ်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးမှ
ရဲအုပ်အောင်ကျော်ဇေယျ ကတရားလိုပြု အမှုဖွင့်ပြီးမိုးမိတ်မြို့မ ရဲတပ်ဖွဲ့စခန်းမှ
ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရှိသည်။
ကိုထွန်း(လားရှိုးမီဒီယာဂရု)




