"ဖေဖော်ဝါရီလအတွင်း ရှမ်းအမျိုးသားများ၏ သဘောဆန္ဒများ ကောက်ယူ ပြီးဒုတိယအကြိမ် ကျင်းပမည့် ၂၁ ရာစုပင်လုံ သို့တင်ပြတောင်းဆိုသွားမယ်ဟု CSSU တာဝန်ခံ ဦးစိုင်းခမ်းကျော် မှပြောကြားသွားသည်"



မိုးမိတ်-ဖေဖော်ဝါရီ (၉)
ရှမ်းအမျိုးသားအားလုံး၏ သဘောဆန္ဒများကို ဒုတိယအကြိမ် မတ်လပိုင်းတွင် ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီး၌ ခေါင်းစဉ် (၅)ချက် နှင့်အညီ တင်ပြတောင်းဆိုသွားမယ် ဟု ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU)မှ တာဝန်ခံ ဦးစိုင်းခမ်းကျော် ကလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးအကြိုဆွေးနွေးပွဲ လှုပ်ရှားမှုအစီစဉ်နှင့် ပတ်သက်၍ ယခုလို ထုတ်ဖော်ပြောကြား ထားသည်ကို သိရသည်။
ဒုတိယအကြိမ် ပြန်လည်ကျင်းပလာမည့် ၂၁ ပင်လုံညီလာခံအတွက် ရှမ်းအမျိုးသားအားလုံး၏ သဘောဆန္ဒများရယူရန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့သို့ ဖေဖော်ဝါရီလပိုင်းအတွင်း ရောက်ရှိစဉ် ၎င်းက ယခုလိုပြောဆို ဖြေကြားသွားခြင်းဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ ၂၁ ပင်လုံညီလာခံမှ ချမှတ်လမ်းစဉ်နှင့်အညီ ဒုတိယ အကြိမ် ပြန်လည်ကျင်းပမည့်  ပြည်ထောင်စုငြိမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ ဆီသို့ ရှမ်းအမျိုးသားအားလုံး ၏သဘောထား ဆန္ဒများသယ်ဆောင်သွားရန် အခုလို ရှမ်းပြည်
ညီညွတ်ရေးကော်မတီ (Committee for Shan State Unity, CSSU) မှ ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ (၂၃)ရက် မှစ၍အဖွဲ့ (၁၄)ဖွဲ့ ခွဲပြီးပြည်နယ်ဒေသ အသီးသီး ကွင်းဆင်းပြီး လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ် နေကြောင်း သိရသည်။

၎င်းကပြည်ထောင်စုကြီး၏ အရေးကို အလေးထားသောအားဖြင့် ၂၁ ရာစုပင်လုံညီလာခံအရ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲ ပူးတွဲကော်မတီ၏ဒေသအလိုက်၊ လူမျိုးအလိုက်၊ အကြောင်းအရာအလိုက်ဖြစ်သည့် ခေါင်းစဉ်(၃) ခုကို ချမှတ်ထားခြင်းကြောင့် ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) ဦးဆောင်ကာ ရှမ်းပါတီဝင်များ၊ ရှမ်းလက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများပါဝင်၍ ယခုလိုလူထုတွေ့ဆုံအကြို ဆွေးနွေးပွဲများ ဒေသအလိုက်ကွင်းဆင်း လုပ်ဆောင်နေတာဟု သိရသည်။

အဓိကခေါင်းစဉ် (၅)ခု ဖြင့်လူမျိုးစုတိုင်းရင်းသားများကြားထဲ လေ့လာမှုလုပ်ပြီး နိုင်ငံရေး၊လူမှုရေး၊ စီးပွားရေး၊ မြေယာနဲ့သံယံဇာတ၊ လုံခြုံရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း၊ ဒေသအလိုက်တိုင်းရင်းသားများ၏ ကြုံတွေ့နေရတဲ့အမြင်သ ဘောထားများကို ဘုံသဘောတူညီချက် ပြုလုပ်ကာစာတမ်းပြုစု၍ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံသို့ သယ်ဆောင်သွားရန် ရည်ရွယ်သည်ဟု ၎င်းပုဂ္ဂိုလ်ကပြောကြားသည်။

နိုင်ငံရေးဖြစ်စဉ်အရ ရှမ်းတိုင်းရင်းသားလူမျိုးစု အနေဖြင့်တစ်နိုင်ငံလုံးအပစ်ခတ် ရပ်ဆဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် အထဲတွင်ပါဝင်ခဲ့ပြီး ပြည်ထောင်စုအတွင်း လူမျိုးအလိုက်ဘုံအကျိုးစီးပွားအရေး များလိုလားသောကြောင့်ဟု အဆိုပါ ဦးစိုင်းခမ်းကျော်က ပြောပြသွားသည်။

```က္ဈန်တော်တို့ရှမ်းလူမျိုးတွေအနေနဲ့ လက်ရှိနိုင်ငံတော်အစိုးရမူဝါဒနဲ့ အညီ NCA လက်မှတ်ထိုးထားပါတယ်…. ဒါဟာပြည်ထောင်စုကြီးအတွင်း လူမျိုးစုဘုံအကျိုးစီးပွားကို မျှော်လင့်လိုလားခဲ့လို့ပါ….. ခေတ်စနစ်ကြောင ဒေသအလိုက် လူမျိုးစုအခွင့်အရေးတွေ ဆုံးရှုံးခံနေရတာတွေရှိတယ်….. ဒီအနိဌာရုံတွေကို က္ဈန်တော်တို့ မမြင်ချင်တော့ဘူး… ပြည်ထောင်စုကြီး ငြိမ်းချမ်းတာကိုပဲ မြင်ချင်တော့တယ်….. ဒါကြောင့်ဒီကနေ ရလာတဲ့မူကြမ်းတွေကို ပြည်ထောင်စုငြိမ်းချမ်းရေး နှင့် နိုင်ငံရေးဆွေးနွေးပွဲ ပူးတွဲကော်မတီကို တင်ပြမယ်……. ၂၁ ရာစုပင်လုံညီလာခံကနေ က္ဈန်တော်တို့တိုင်းရင်းသားတွေရဲ့ အရေးတင်ပြတောင်းဆိုသွားမယ်……. ပူးပေါင်းပါဝင်ဘို့ အခုလိုလုပ်ဆောင်နေတာပါ" ဟု၎င်းကပြောကြားခဲ့သည်။

၁၉၄၇ခုနှစ်ပင်လုံစာချုပ်အရ လွတ်လပ်ရေးရခဲ့သော်လည်း အစိုးရအဆက်ဆက်၏ ပင်လုံကတိကဝတ်ပျက်ခဲ့သည့် အတွက်တိုင်းပြည်တွင်နှစ်ပေါင်း (၇၀)အကြာ ပြည်တွင်းစစ်ဖြစ်ပွားခဲ့ကာ ပြည်တွင်းလက်နက်ကိုင်စစ်မီးများ တောက်လောင်နေကြောင်း၊ ငြိမ်းချမ်းရေးနှင့် ဝေးကွာနေရတယ်ဟုဆိုသည်။

ညံ့ဖျင်းသော နိုင်ငံခေါင်းဆောင်များ နှင့်ဆိုးဝါးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် တိုင်းပြည်မှာ နိုင်ငံတကာအလယ်တွင် အဖက်ဖက်မှ ခ္ဈတ်ခြုံကျ၍ နောက်ကောက်ကျနေရတယ်ဟု ၎င်းကပြောဆိုလိုက်သည်။

ယင်းကြောင့် ရှမ်းအမျိုးသားထုအနေဖြင့် အမျိုးသားဘုံအကျိုးစီးပွား အပြင်စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် လက်ရှိကျင့်သုံးနေသော ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်နိုင်ရေးကို လာမည့် ၂၁ ရာစုဒုတိယအကြိမ် ပင်လုံညီလာခံ၌ တင်ပြတောင်းဆိုမှုတွေ လုပ်သွားမည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ပြောပြထားသည်။

ပြည်ထောင်စုကြီးအတွင်း အတူယှဉ်တွဲနေထိုင်ကြသော လူမျိုးအသီးသီး၏ နောက်ခံသမိုင်းကြောင်းများ၊ ကွဲပြား ခြားနားတဲ့ယဉ်ကျေးမှု၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုများမှာ တကယ်တမ်းအနာဂတ်ပြည်ထောင်စုကြီး အတွက် အရေးပါသောအကြောင်းတရားများ ဖြစ်၍တိုင်းရင်းသားတို့ရဲ့ သဘောဆန္ဒကခိုင်မာသော ပြည်ထောင်စုကို တည်ဆောက်မှ ရနိင်မည်ကိုလည်း တစ်ဖက်ကပြန်ကြည့်ရမလိုပင်၊ သို့မှသာစစ်မှန်သည့်ဖက်ဒရယ် လုပ်ငန်းစဉ်များတွင် အမျိုးသားတန်းတူရေးကို အခြေခံတဲ့ နိုင်ငံရေးဆွေးနွေးပွဲရလာဒ်များ အကောင်အထည်ဖော်နိုင်ဘို့ လိုနေလိမ့်မည်။

ထို့ကြောင့်အထက်ပါ CSSU တာဝန်ခံ ဦးစိုင်းခမ်းကျော်မှ လူမျိုးအလိုက်၊ အမျိုးသားရေးအဆင့်နိုင်ငံရေးအကြို ဆွေးနွေးပွဲများ ပြုလုပ်နေရင်း ၎င်းတာဝန်ကျရာ ရှမ်းပြည်နယ်မြောက်ပိုင်း ရှိသိန်းနီ၊ကျောက်မဲ၊သီပေါ၊နောင်ချိုမြို့ နှင့်ယခုအခါမိုးမိတ်မြို့သို့နောက်ဆုံးလာရောက်၍လူထု သဘောထားများ ရယူထားခဲ့ပြီဖြစ်ကြောင်း၊ ရှမ်းအမျိုး သားတစ်ရပ်လုံး၏ အကြံပြုချက်များမှာ ပြီးပြည့်စုံသည်ဟု မယူဆပဲ မူကြမ်းသဘောသာ စာတမ်းပြုစုကောက်ခံထား ခြင်းဟု ဆက်လက်ပြောကြား သွားကြောင်း သိရသည်။

ကိုထွန်း(လားရှိုးမီဒီယာဂရု)