“ပါးစပ်ဖြင့် အမှိုက်ကောက်ခိုင်းသော ကျောင်းဆရာမအား ကျောင်းသားမိဘများက တိုင်ကြား”



မိုးမိတ်-ဖေဖော်ဝါရီ(၁)
ကျောင်းဆရာမ တစ်ဦးမှမူလတန်း ကျောင်းသားကလေးများအား စွန့်ပစ်အမှိုက်များကို ပါးစပ်ဖြင့်ကောက်ခိုင်းသည်ဟု ဆို၍ကျောင်းသားမိဘများက မကျေနပ်၍သက်ဆိုင်ရာ ပညာရေးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးဌာနဆိုင်များသို့ ယခုနှစ်ဇန်နဝါရီ(၃၀)ရက်နေ့၌ အသိပေးတိုင်ကြားသွားကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ် ပဒါန်းကျေးရွအုပ်စု၊ နမီကျေးရွာရှိအမှတ်(၅၈)အခြေခံပညာ မူလတန်းကျောင်းမှ KG အတန်းပြဆရာမ ဒေါ်……………..ဆိုသူမှာ ကျောင်းတွင်းအမှိုက်ပစ်ခြင်း ကိစ္စနှင့်ပတ်သက်၍ ကျောင်းသား (၁၃)ဦးအား စွန့်ပစ်အမှိုက်များကို ပါးစပ်ဖြင့်အမှိုက်ကောက် အပြစ်ပေးသလိုဖြစ်နေသောကြောင့် ယခုလိုကျောင်းသားမိဘများက ၎င်းဆရာမအားသက်ဆိုင်ရာမှ အရေးယူပေးရန်တိုင်ကြားခဲ့ရသည့် အကြောင်းပေါ်လာခြင်းဖြစ်သည်။
``ကျောင်းဆရာမတစ်ဦးက ကိုယ့်ကျောင်းသားကလေးတွေအပေါ် ဆုံးမတဲ့အခါ တဖက်သတ်ဖိနှိပ်တဲ့ပုံစံမျိုး လုပ်လို့အခုလိုတိုင်ကြားတာပါ….. ငါဆရာမပဲဆိုပြီး လုပ်ချင်သလိုလုပ်လို့မရဘူး….. ကိုယ့်ရှေ့မှာပါးစပ်နဲအမှိုက် ကောက်နေတဲ့ ကျောင်းသားကလေးတွေကို မြင်နေရင်ဒါဟာယုတ်မှာတာပဲ…. မတရားနှိပ်စက်တာပဲ…..
သူ့သားသမီးကိုပါးစပ်နဲ့  ပန်ကောက်ခိုင်းကြည့်ပါ…. ကိုယ်ချင်းစာနာမှုမရှိတဲ့ ကျောင်းဆရာမမို့ ထိရောက်စွာ အရေးယူပေးဘို့လိုလားတယ်" ဟုကျာင်းသားမိဘဖြစ်သူ ကိုကျော်စိုးနိုင်က ပြောပြသည်။

ဖြစ်စဉ်မှာ ယမန်နေ့ဇန်နဝါရီ(၁၇)ရက်နေ့၌ ဒုတိယတန်းကျောင်းသား (၃)ဦးနှင့် တတိယတန်းကျောင်းသား (၁၀)ဦး အားကျောင်းတွင်း စည်းကမ်းမဲ့အမှိုက်ပစ်ခြင်းကြောင့် အထက်ပါဆရာမဒေါ်......................မှ စွန့်ပစ်အမှိုက်များကို ပါးစပ်ဖြင့်ကောက်ခိုင်းကာ အပြစ်ပေးခံရတယ်ဟု ကျောင်းသားမိဘများက နောက်ပိုင်းမှ သိလိုက်ရ၍ အကြောက်တရားနှင့် ခြိမ်းခြောက်အုပ်ချုပ်နေသော ၎င်းဆရာမအား ဝန်ထမ်းစည်းမျဉ်းစည်းကမ်း ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်ပေးရန် ကျောင်းသားမိဘ(၂၆)ဦးက လက်မှတ်ထိုးတိုင်ကြား လိုက်ခြင်းဖြစ်သည်။

ယင်းကိစ္စအပေါ်အဆိုပါ ကျောင်းဆရာမဒေါ်…………………က ယခုလိုရှင်းပြသွားသည်။

```ကျောင်းသားတွေ ကျောင်းစည်းကမ်းနဲ့အညီ နေထိုင်တတ်ဘို့ အမှိုက်တွေမပစ်ဘို့ မကြာခဏဆုံးမခဲ့ပါတယ်….. ဒီတခါအမှိုက်ပစ်ရင် ပါးစပ်နဲ့ကောက်ခိုင်းမယ်လို့ ပြောဆိုခဲ့ဘူးပါတယ်….. ဒါဟာလည်းကြိုတင်သတိပေး ပြောလိုက်တဲ့သဘောပါ….နာက်တခါ အမှိုက်တွေပစ်လာတော့ ကလေးတွေဟာပါးစပ်နဲ့ အမှိုက်ကောက်ရမှာပဲ ထင်ရင်သူတို့ကိုယ်တိုင် ကောက်နေကြတာပါ….. က္ဈျန်မကောက်ခိုင်းတာ မဟုတ်ရပါဘူး….. တကယ်တမ်း ကလေးတွေကို ဖိနှိပ်ဒုက္ခပေးလိုတဲ့ ရည်ရွယ်ချက်လည်းမပါ ပါဘူး……ဒီကိစ္စကျောင်းသားမိဘတွေကို တောင်းပန်ဘို့ကြိုးစား ခဲ့ပါသေးတယ်….ညိုနှိုင်းအဆင်မပြေခဲ့ဘူး" ဟု ၎င်းဆရာမကပြောပြသည်။

အဆိုပါ ပါးစပ်ဖြင့် အမှိုက်ကောက်ခဲ့ရသော ကျောင်းသားကလေးများကလည်း အတန်းကျောင်းရှေ့မှာ အမှိုက်တွေရောက်နေလို့ ဆရာမကိုကြောက်၍ အခုလို ကောက်ခဲ့ရတယ်ဟု ဆိုသည်။

```က္ဈန်မတို့ကျောင်းသားမိဘတွေက ကိုယ့်သားသမီးတွေကို ကောင်းကောင်းမွန်မွန် ဆုံးမစေချင်တယ်…. ဒါကို ကျောင်းက ဆရာမကဒီလို မဆုံးမလို့ဖိုးသမားတွေဖြစ်ကုန်တာလို့ က္ဈန်မတို့ကိုအပြစ်တင် ပြောပါသေးတယ်…… တကယ်တမ်း ကျောင်းသားနဲ့ဆရာတွေ အကြားဆုံးမသွန်သင်မှုဟာ အတိုင်းအတာတစ်ခုပဲ ရှိသင့်ပါတယ်…..ဒီလိုမှမဟုတ်ရင် ကလေးအခွင့်အရေးကို ချိုးနှိမ်ပစ်လိုက်တာပါပဲ…… ဒီကိစ္စရွာအုပ်ချုပ်ရေးမှုးက က္ဈန်မတို့ကျောင်းသားမိဘတွေကို တောင်းပန်ဘို့ညှိနှိုင်း ဖြေရှင်းပေးတော့ အဲ့ဒီကျောင်းဆရာမက အထက်စီးကနေဆက်ဆံသွားလို့ ပိုပြီးမကျေနပ်တာပါ" ဟုကျောင်းသားမိဘဖြစ်သူ မခင်မြဝင်းကဆိုသည်။

အဆိုပါကိစ္စကြောင့်မိုးမိတ်မြို့နယ်ပညာရေးဌာနမှ လက်ထောက်မြို့နယ်ပညာရေးမှုး ဦးစိုင်းသီဟ ဆိုသူမှလည်း ရွာသို့လာရောက်ဖြေရှင်းရန် ရောက်လာပြီး ကျောင်းသားမိဘများအား ကျေနပ်ရန် အတင်းပြောဆိုသွားကြောင်း…..ကျောင်းသားမိဘများမှ ဘယ်လောက်ပင် တိုင်ကြားလည်း
အလုပ်မပြုတ်နိုင်ဟု ဆိုကာပြောင်းရွေ့ယုံလောက်ပဲ ဟုတင်းမာစွာပြောဆိုသွားကြောင်း ၎င်းကျောင်းသားမိဘများက ပြန်လည်ပြောပြခဲ့သည်။

အထက်ပါ သတင်းများကြောင့် မိုးမိတ်မြို့လူထုအကြား ပြန့်နှံ့သွားခဲ့ပြီး ၎င်းကျောင်းဆရာမအပေါ် ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်လျက်ရှိနေကြသည်။

မိုးမိတ်မြို့နယ်ပညာရေးမှုး ဒေါ်စန်းစန်းနွဲ့မှလည်း ကျောင်းသားမိဘနှင့်
ဆရာမအကြား မလိုလားတဲ့ပြဿ     နာများ
ဆက်မဖြစ်ရန် သွားရောက်ညှိနှိုင်း ဖြေရှင်းပေးသွားမည်ဟု ပြောဆိုထားသည်။

```ဒီကိစ္စခရီးကပြန်ရောက်မှ သိရတာပါ……သေချာစုံစမ်း သွားပါမယ်……ကျောင်းသားမိဘတွေကို တွေ့ဆုံပြီးတောင်းပန် ဖြေရှင်းသွားမယ်…….တကယ်တမ်း ကျောင်းတွေမှာ စည်းကမ်းနဲ့အညီ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး၊ ကျောင်းသားတွေရဲ့ တစ်ကိုယ်တော် သန့်ရှင်းရေး တွေလုပ်ရပါတယ်….. ဒီလိုစည်းကမ်းတကျ ပြုပင်ပြောင်းလဲရေးတွေမှာ ကလေးတွေကို ပါးစပ်နဲ့အမှန်တကယ် အမှိုက်ကောက်ခိုင်းတယ် ဆိုရင်တော့ ဒါဟာ အစွန်းရောက်လုပ်ရပ်ပဲ….. မဖြစ်သင့်ပါဘူး…… ဟုတ်မဟုတ် သွားရောက်လေ့လာအုံးမယ်" ဟု၎င်းပညာရေးမှုးက ပြောသည်။

ထို့ကြောင့် (၂၆)ဦး လက်မှတ်ထိုးတိုင်ကြားသူ ကျောင်းသားမိဘများက အဆိုပါကျောင်းဆရာမအား ဝန်ထမ်းစည်းကမ်း ဖောက်ဖျက်မှု၊ ကလေးလူ့အခွင့်အရေး ချိုးဖောက်မှု လုပ်ရပ်ကြောင့် သက်ဆိုင်ရာ ဌာနမှထိရောက်သည့် အရေးယူဆောင်ရွက်မှုမျိုး လုပ်မလုပ်အပေါ် စောင့်ကြည့်သွားမယ်ဟု နောက်ဆုံးကြားသိရသည်။

ကိုထွန်း(လားရှိုးမီဒီယာဂရု)