မိုးမိတ်-ဖေဖော်ဝါရီ(၂)
စက်မှုနှင့် အသက်မွေးပညာရွေ့လျား
သင်တန်းအမှတ်စဉ် (၃၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့၌
ဇန်နဝါရီ(၃၀)ရက်နေ့ နံနက် (၉း၀၀) အချိန်၊ မိုးမိတ်မြို့အထွေထွေအုပ်ချုပ်ရေးရုံး ခန်းမ၌
ကျင်းပပြုလုပ်သွားကြောင်း သိရသည်။
အဆိုပါ သင်တန်းကိုစက်မှုဝန်ကြီးဌာန၏
အစီစဉ်ဖြင့်စက်မှု ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနမှကျင်းပ ပြုလုပ်ပေး သွားခြင်းဖြစ်သည်။
သင်တန်းတွင်စက်မှု ပူးပေါင်းဆောင်ရွက်ရေး
ဦးစီးဌာန၊ သင်တန်းကျောင်းကြီးကြပ်ရေးဌာနမှ ညွှန်ကြားရေးမှုး ဦးအောင်သူက နိုင်ငံတစ်နိုင်ရဲ့ဖွံ့ဖြိုးတိုးတက်မှုမှာ
လူငယ်တွေအတွက် စက်မှုနှင့် အသက်မွေးကျောင်း ပညာများ တတ်မြောက်နိုင်ဘို့ အလွန်အရေးကြီးကြောင်း၊
ယခုလိုစက်မှုအသက်မွေး အတတ်ပညာများနှင့် နိုင်ငံလူစွမ်းအားအရင်းအမြစ်များ ထွက်ပေါ်လာစေပြီး
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ရေရှည်မျှော်တွေး ဆောင်ရွက်ပေးလိုတဲ့ ရည်ရွယ်ချက်ဖြင့်
အခုလိုသင်တန်းကို ပို့ချပေးတာဟု ၎င်းအခမ်းအနား၌ ကနဦး ပြောကြားသွားသည်။
ထို့အပြင် အထက်ပါစက်မှု mobile
အတတ်ပညာများ ကိုမြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် မှ စ၍ကျေးလက်ဒေသများ အထိလိုက်လံသင်ကြားပေးခဲ့ကြောင်း၊
၂၀၁၅-၂၀၁၆ ခုနှစ် အတွင်း ရှမ်းပြည်နယ်တောင်ကြီးမြို့ အေးသာယာစက်မှုဇုံမှတဆင့် ယခုလိုရွေ့လျားစက်မှု
အသက်မွေးကျောင်း အတတ်ပညာများကို နိုင်ငံတော်အစိုးရက နေရာအနှံ့အဓိကဦးစားပေးစနစ်ဖြင့်
အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြောင်း၊ ရှမ်းပြည်နယ် လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးဆွေသိန်း၏အကြံပြုချက်အရ
ယခုလိုမိုးမိတ်မြို့သို့ ပထမဦးဆုံးအကြိမ်အဖြစ် စက်မှုရွေ့လျား အတတ်ပညာသင်တန်းကို လာရောက်ပို့ချခဲ့တာဟု
ဆိုသည်။
၎င်းကအရှေ့တောင်အာရှ နိုင်ငံအများစုမှာ
တက္ကသိုလ်ပညာရေးကိုသာ ဦးစားပေးကြပြီး အသက် မွေးဝမ်းကြောင်း အတတ်ပညာများကို ဒုတိယ ဦးစားပေးအဖြစ်
သတ်မှတ်လေ့ရှိနေ၍ တကယ်တမ်း အသက်မွေးဝမ်းကြောင်း အတတ်ပညာမှာ ပထမဦးစားပေးအဖြစ် သတ်မှတ်လုပ်ဆောင်နိုင်မှ
နိုင်ငံ့လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို
တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ယင်းကြောင့် ၂၀၁၄ ခုနှစ်မှစ၍ ယနေ့အထိ mobile စက်မှုအတတ်ပညာသင်တန်းအား
နိုင်ငံတော်အစိုးရအစီစဉ်ဖြင့် (၃၄)ကြိမ်မြောက် လှည့်လည်သင်ကြား ပို့ချပေးလျက်ရှိကြောင်း
သိရသည်။
ယနေ့ အစိုးရသစ်လက်ထက် နိုင်ငံတော်
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မှလည်း လူ့စွမ်းအားအရင်းအမြစ်များ
မွေးထုတ်ပေးနိုင်ဘို့ နေပြည်တော်၊ MICC(2) ဖိုရမ်တစ်ခု၌ စီးပွားရေးလုပ်ငန်းရှင်များ
နှင့်တွေ့ဆုံကာယခုလို အသက်မွေးဝမ်းကျောင်းပညာများ အရေးပါမှုကို ထည့်သွင်း ပြောကြားသွားခဲ့သေးသည်။
ယင်းကြောင့် စက်မှုဝန်ကြီးဌာနအနေဖြင့်
စက်မှုအတတ်ပညာ သင်တန်းကျောင်း (၆)ခု ကိုနိုင်ငံအတွင်း ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း၊
ယင်းသင်တန်းကျောင်းတွင်း ပညာအရည်အချင်းနှင့် အသက်အကန့်သတ်ထား သော်လည်း ယခုလို ရွေ့လျားစက်မှု
အတတ်မွေးကျောင်း သင်တန်းများကို ကန့်သတ်ထားခြင်းမရှိပဲ အခက်အခဲမရှိ နိုင်ငံတော် ထောာက်ပံ့စားရိတ်ဖြင့်
အခမဲ့သင်ကြားပေးနေသည်ဟု အဆိုပါအခမ်းအနားမှ သိရသည်။
သင်တန်းကို (၁၄)ရက် တိုင်ပို့ချပေးသွားမည်ဖြစ်ကာ
လျှပ်စစ်နှင့် ဆိုင်သည့်အတတ်ပညာများ သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းမှပညာများ
တတ်က္ဈမ်းနားလည်ယုံဖြင့် တစ်ပိုင်တစ်နိုင် လုပ်ကိုင်နိုင်မည်ဖြစ်ကာ အခြားသူများကိုလည်း
ဆင့်ပွားအတတ်ပညာများ လက်ဆင့်ကမ်း မျှဝေရန် ရည်ရွယ်သည်ဟု သိရသည်။
အဆိုပါ သင်တန်း အခမ်းအနားသို့
စိတ်ပါဝင်စားသူ ဒေသခံသင်တန်းသား (၈၀) တက်ရောက်ကြပြီး
ဖိတ်ကြားထားသောသက်ဆိုင်ရာ ဌာနဆိုင်ရာမှပုဂ္ဂိုလ်များ၊
လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
``အခုလိုနိုင်ငံတော်အစိုးရ
အနေနဲ့လျှပ်စစ်နဲ့ပတ်သက်ပြီး စက်မှုအတတ်ပညာများ လာရောက်သင်ကြားပေးတဲ့အတွက် အတိုင်းမသိ
ကျေးဇူးတင်တယ်… ဒီလိုလျှပ်စစ်အတတ်ပညာနဲ့ က္ဈန်တော်တို့အတွက်တပိုင်တနိုင် လုပ်ငန်းတွေပိုလုပ်နိုင်မှာပါ…..
က္ဈန်တော်တို့အတွက် ဒီပညာနဲ့အလုပ်အကိုင် အခွင့်အလမ်းတွေ ရလာမယ်လို့မြင်ပါတယ်….. ဒီသင်တန်းကနေ တတ်မြောက်တဲ့ ပညာတွေကိုလည်း အခြားပြည်သူတွေကို
လက်ဆင့်ကမ်း ပြန်သင်ကြားပေးသွားမယ်……. က္ဈန်တော်တို့ စက်မှုနိုင်ငံတော်တစ်ခုကို သွားဘို့က
ပြည်သူတွေ ဒီလိုစက်မှု အတတ်ပညာတွေထူးခ္ဈန်တတ်မြောက်ဘို အများကြီးလိုနေပါတယ်"
ဟုသင်တန်းသား ကိုစိုးပိုင် ဆိုသူမှ ပြောပြသည်။
ထို့ကြောင့် မိုးမိတ်မြို့နယ်
အထွေထွေအုပ်ချုပ်ရေးဌာမှ ဒုတိယ ဦးစီးမှုး ဦးဆန်းမင်းထွန်းမှ ဒေသအတွက် အမှန်တကယ်အကျိုးရှိအောင်
လာရောက်သင်တန်းပို့ချ ပေးသောစက်မှု ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနမှ ပုဂ္ဂိုလ်များအား
ကျေးဇူးတင်ကြောင်း ပြောပြီး နံနက် (၁၁း၀၀) အချိန်တွင် ၎င်းသင်တန်းအခမ်းအနားမှာ အောင်မြင်စွာ
ပြီးဆုံးသွားခဲ့သည်။
ကိုထွန်း(လားရှိုးမီဒီယာဂရု)



