‘‘ခိုးမှုတရားခံအား စုံစမ်းဖော်ထုတ်ရာမှ မူးယစ်ဆေးဝါးများ ဆက်စပ်ဖမ်းဆီးမိ’’


မိုးမိတ်-ဇန်နဝါရီ(၂၀)
ဟိုက်ကင်းမိုဘုန်းဖုန်းနှင့်လျှပ်စစ်ပစ္စည်း အရောင်းဆိုင်ဖောက်ခံရသည့် အမှုတရားခံအားရှာဖွေဖမ်းဆီးရင်း မူးယစ်ဆေးဝါးများကိုခိုးမှု တရားခံနှင့်အတူ ဆက်စပ်ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ကြောင်း 
မိုးမိတ်မြို့မရဲစခန်းမှသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မျြိ့တွင် ဇန်နဝါရီ(၁၆)ရက်နေ့ ၌ ဟိုက်ကင်းမိုဘိုင်းဖုန်းနှင့် လျှပ်စစ်ပစ္စည်အရောင်းဆိုင် ဖောက်ခံရ၍ ဆိုင်တွင်းရှိ Sumsung အမျိုးစားဖုန်းဟန်းဆက်တစ်လုံးနင့် OPPOမျိုးစားဟန်းဆက်(၆)လုံး၊ ငွေကျပ်၂သောင်းကျပ်တို့ကို ခိုးယူခံရကြောင်း ဆိုင်ရှင်မှသက်ဆိုင်ရာ ရဲစခန်းသို့ အကြောင်းကြားလာ၍ မိုးမိတ်မြို့မရဲစခန်းမှ အမှုဖွင့်လက်ခံပြီး ခိုးယူတရားခံအား အချိန်နှင့်တပြေးညီ ဖော်ထုတ်ဖမ်းဆီးဆောင်ရွက်ခဲ့ရာမှ ယခုလိုမူးယစ်တရားခံများ ဆက်စပ်ဖမ်းဆီးနိုင်ခဲ့တယ်ဟု မိုးမိတ်မြို့မရဲစခန်းမှစခန်းမှုး ဒုရဲမှုးသန်းထိုက်ဦးက 
ပြောပြသွား၍သိရသည်။
၎င်းခိုးမှုအပေါ်အခြေခံ၍ နယ်မြေအတွင်းခိုးမှုဖြင့် နာမည်ပျက်စာရင်းရှိနေသော တရားခံဒယ်အိုး(ခေါ်) ဇော်မျိုးသက်အား ရဲအုပ်အေးမင်းထွဋ်နှင့်အဖွဲ့က မိုးမိတ်မြို့နယ်၊ ဒေါင့်ကြီးရွာအနီးပလောင်ကုန်း၊ သဲနီရွာနှင့်အုတ်ဖိုသွားရာလမ်းတွင် မသင်္ကာဖွယ် ဒယ်အိုးဆိုသူအား ရှာဖွေစစ်ဆေးရာ ၎င်းထံမှ ဝှက်ထားသည့် ဘိန်းဖြူ ၀.၈ ဂရမ်နှင့် ၀ .၅၂ ဂရမ်ကိုရှာဖွေဖမ်းဆီးခဲ့ကြောင်း၊ ယင်းနေ့တဆက်တည်း သဲနီရွာနှင့်ညောင်နီကြားရှိ 
မူးယစ်ဆေးသုံးသူ ၂ ဦးပါဖမ်းဆီးနိုင်ခဲ့သည်။
မိုးမိတ်မြို့ ရဲတပ်ဖွဲ့မှ တရားခံဒယ်အိုးအား ညတွင်းချင်းဟိုက်ကင်းဆိုင်ခိုးမှုနှင့် စစ်ဆေးရာ ခိုးမှုတရားခံဖြစ်ကြောင်း သိရသည်။ တရားခံစစ်ဆေးချက်အရ နောက်တစ်ရက်မိုးမိတ်မြို့မရဲစခန်းမှုး သန်းထိုက်ဦး ကိုယ်တိုင်သက်သေခံပစ္စည်းဝှက်ထားရာဖုန်း (၂)လုံး အားရွှေဂူဘုန်းကြီးကျောင်းအနီး လမ်းဘေး၌ သွားရောက်ရှာဖွေရာ သိမ်းဆည်းရမိခြင်းမတွေ့ခဲ့ပေ။ ကျန်ဖုန်း ၁ လုံးကိုလက်ခုတ်တန်းရပ်ကွက်ရှိ နေမင်းထွန်းထံ ရောင်းထားသည်ဟု ဆိုပြန်၍ ရဲတပ်ဖွဲ့မှသက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှုးနှင့်အတူ နေမင်းထွန်း (ခေါ်) ဖိုးသားငယ်နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေစဉ် နေမင်းထွန်းလွှင့်ပစ်လိုက်သော အထုပ်တစ်ထုပ်မှ Love is flower စာတန်းပါဆပ်ပြာခွက်အတွင်းမှ ဘိန်းဖြူမှုန့် (၇၇) ဂရမ်နှင့် ငွေကျပ် ၂ သောင်း၊ တရားခံဒယ်အိုး အပ်နှံရောင်းချထားသည့် OPPO အမျိုးစားဖုန်းဟန်းဆက် ၁ လုံး ကိုရဲတပ်ဖွဲ့မှ 
ရှာဖွေဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထို့နောက်ခိုးမှုသက်သေခံပစ္စည်းများ ဆက်လက်ရှာဖွေရန် တရားခံဒယ်အိုးဆိုသူု၏ ထွက်ဆိုချက်ကြောင့် ရဲတပ်ဖွဲ့မှ ဘိုဘိုစံဆိုသူအား နယ်မြေအတွင်း လိုက်လံစုံစမ်းရင်း ဇန်နဝါရီ(၁၉)ရက်နေ့၌ သဲနီရွာနှင့်ညောင်နီရွာအကြား အခင်းကိုင်းတောစပ်တွင် မသင်္ကာဖွယ်စိုးသွင်အား ရှာဖွေစစ်ဆေးရာ ၎င်းထံမှ Love is Flower စာတမ်းပါဆပ်ပြာခွက်(၄)ခွက် အတွင်းမှဘိန်းဖြူမှုန့် (၄၄)ဂရမ်နှင့်
၎င်းအင်္ကျီအိတ်ကပ်အတွင်းမှ WY စာတန်းပါ မူးယစ်စိတ်ကြွဆေးပြား (၆၉၀)ပြား ကိုရဲတပ်ဖွဲ့မှဖမ်းဆီးရမိခဲ့သည်။

တဖန်တရားခံ ဘိုဘိုစံ ဆိုသူနှင့် ဘသန်း ဆိုသူအား ယင်းနေရာကိုင်းတောတွင် ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ဘိုဘိုစံထံမှ ဘိန်းဖြူ မှုန့် ၀. ၅ဂရမ်နှင့် ဘသန်းဆိုသူထံမှဘိန်းဖြူ ၁၆. ၅ဂရမ် တို့ကိုမူးယစ်တရားခံအဖြစ်
ဖမ်းဆီးခဲ့သည်။ တရားခံဘိုဘိုစံထံမှ ခိုးရာပါပစ္စည်းဖြစ် သည့် OPPO ဖုန်းအမျိုးစား ဟန်းဆက်တစ်လုံးကို ခိုးမှုသက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မိုးမိတ်မြို့ ရဲတပ်ဖွဲ့မှ ဟိုက်ကင်းမိုဘိုင်းအရောင်းဆိုင်အတွင်း ဝင်ရောက်ခိုးယူသွားသည့် သက်သေခံပစ္စည်း (၇) မျိုးအနက် (၃)မျိုးကို သာဖော်ထုတ်သိမ်းဆည်းထားကြောင်း၊ ကျန်ရှိနေသေးသည့် ခိုးမှုသက်သေခံများကိုလည်း ဆက်လက်စုံစမ်းဖော်ထုတ်သွားမည်ဟု သိရကာ ဖမ်းဆီးရမိတရားခံများအား မိုးမိတ်မြို့မရဲစခန်းမှ သက်ဆိုင်ရာ ဥပဒေအရအမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိနေကြောင်းသိရသည်။

၎င်းအပြင် အထက်ပါဆိုင်ဖောက်ခိုးယူသည့် တရားခံဒယ်အိုး (ခေါ်) ဇော်မျိုးသက်မှာ  မိုးကုတ်မြို့၊ လယ်ဦးအရပ်ဇာတိဖြစ်ပြီး လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်၌ မိုးမိတ်မြို့၊ မြောက်ပိုင်းရပ်ကွက်အတွင်း လူနေအိမ်တစ်အိမ်မှ ငွေကျပ် ၂ သိန်းခွဲ ခိုးယူခဲ့၍ ထောင်ကျခဲ့ဘူးကြောင်း၊ တဖန်၂၀၀၉ခုနှစ်၌မန္တလေးတိုင်း၊မတ္တရာမြို့တွင် လုပ်ငန်းရှင်တစ်ဦး၏ နေအိမ်မှ ရွှေလက်ဝတ်ရတနာနှင့် ငွေကျပ်(၁၀)သိန်းခိုးယူခဲ့၍ ထောင်(၃) နှစ်ကျခဲ့ကြောင်း၊ ထို့နောက် ၂၀၁၀ ခုနှစ်၌ မိုးမိတ်မြို့နယ်၊ ရွှေလီ (၃) ရေအားလျှပ်စစ်စီမံကိန်းထံမှငွေကျပ် (၇၆)သိန်း အားခိုးယူခဲ့ကာထောင်(၉)နှစ် ကျခဲ့သူ ဟုဆိုသည်။ ၂၀၁၄ခုနှစ် တွင်အကျဉ်းထောင်မှ ပြန်လွတ်လာ၍ ယခုလိုမိုးမိတ်နယ်ဘက်သို့ ရောက်လာခဲ့ကြေင်း၊ မိုးမိတ်မြို့ဒေသသည် မူးယစ်ဆေးဝါးပြဿနာ များဆက်စပ် ဖြစ်ပေါ်နေသောကြောင့်လည်း အခွင့်အရေး တစ်ခုအနေဖြင့် အခုလိုအလွယ်လုပ်စားဘို့ ရောက်လာနိုင်တယ်ဟု မိုးမိတ်မြို့မရဲစခန်းမှုး ဒုရဲမှုးသန်းထိုက်ဦး ကသုံးသပ်ပြောဆိုသွားသည်။

ခိုးမှုတရားခံမှာ ဖောက်ထွင်းသူခိုး လက်ကြီးသမားဖြစ်ကြောင်း၊ တစ်ကိုယ်တော် ခိုးမှုကျူးလွန်သူဟု ဆက်လက်သိရသည်။

ထို့ကြောင့် အထက်ပါ ခိုးမှုမှတဆင့် ဆက်စပ်မူးယစ်ဆေးဝါးများကို မိုးမိတ်မြို့ရဲတပ်ဖွဲ့ဌာနမှ အချိန်မီဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းသည် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကြောင့်ဟု ဆိုကာဒေသအတွင်း ရာဇဝတ်မှုများဆက်လက် ဖော်ထုတ်နိုင်ရေးအတွက် ပြည်သူများပူးပေါင်းပါဝင်ရန် လိုလားကြောင်း အဆိုပါရဲတပ်ဖွဲ့ဌာနမှကြားသိရသည်။

ကိုထွန်း(လားရှိုးမီဒီယာဂရု)