“ရှမ်း/မြောက် နမ္မတူမြို့နယ်အတွင်း RCSS/SSA နှင့် TNLA အဖွဲ့အကြား တိုက်ပွဲများဖြစ်ပွားစဉ် လက်နက်ကျည် ထိမှန်သေဆုံးခဲ့သည့် ပန်လုံရွာမှ အမျိုးသမီးငယ်အတွက် ကူညီထောက်ပံ့ကြေးငွေများ သွားရောက် ပေးအပ်”



 သီပေါ-ဒီဇင်ဘာ(၂၈)
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာတ၀ိုက်တွင် RCSS/SSA နှင့် TNLA အဖွဲ့အကြား ယခုလ(၂၀)ရက်နေ့မှစ၍ သုံးရက်တိုင် တိုက်ပွဲများဖြစ်ပွားစဉ် ယင်းဒေသခံတိုင်ရင်းသားပြည်သူများမှ သီပေါမြို့နယ်သို့တိုက်ပွဲ ရှောင်ရောက်ရှိလာကြရာ သီပေါမြို့နယ် မိုးတေကျေးရွာအုပ်စုနောင်သိကြားမန်ကောင်း စခန်းမှတိုက်ပွဲရှောင်(၁၅၉)ဦးအတွက်စားနပ်ရိက္ခာများထောက်ပံ့လှူဒါန်းမှုကို ဒီဇင်ဘာ(၂၈)ရက် နေ့တွင်သီပေါမြို့နယ်မှ ရှမ်းပြည်နယ်လွှတ်​​တော်ကိုယ်စားလှယ်​​ ဒေါ်နန်းစမ်းစမ်အေး ဦးဆောင်၍ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
ယင်းတိုက်ပွဲရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများနှင့် အသုံးအဆောင် အ၀တ်အထည်များ၊စောင်များနှင့်အနွေးထည်များကို ထိုနေ့၌သွားရောက်လှူဒါန်းခဲ့ပြီးနောက်တွင် ဒီဇင်ဘာလ(၂၀)ရက်နေ့တွင် တိုက်ပွဲများဖြစ်ပွားစဉ် လက်နှက်ကျည်ထိမှန်သေဆုံးခဲ့သည့် ပန်လုံကျေးရွာ နယ်မြေ(၂)နေ၊ အသက်(၁၇)နှစ်အရွယ် မနန်မွှေးအောင်အတွက်ရှမ်းပြည်နယ်​​  တောင်ပိုင်း လဲချားမြို့မှအလှူရှင်များ ၏ကူညီမှု ထောက်ပံ့ငွေ(၂၅၀၀၀၀ိ/ ကျပ်) ကိုရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်​​ ဒေါ်နန်းစမ်းစမ်အေး မှပန်လုံကျေးရွာရှိ ၄င်းသေဆုံးခဲ့သူ မနန်မွှေးအောင်၏မိဘများ နေအိမ်သို့သွားရောက်​​ပေးအပ်ရာကာယကံရှင်မိသားစုများ၏ ကိုယ်စား နမ္မတူမြို့နယ်အုပ်ချုပ်​​ရေးမှူးဦးသိန်းဆင့်နှင့်ပန်လုံကျေးရွာအုပ်ချုပ်ရးမှူး ဦးချစ်​​မောင်​​လေး တို့ကလက်ခံရယူပေးခဲ့ကြောင်းသိရှိရပါသည်။
ဆက်လက်၍ သီပေါမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်အေး နှင့် ၊သီပေါမြိနယ်စာရေးဆရာအသင်း၏ ဥက္ကဌ နှင့် အဖွဲ့ဝင်များ မှတိုက်ပွဲဖြစ်စဉ်အတွင်း၌ ထိခိုက်ပျက်စီးခဲ့သည့် ပန်လုံ
ဘုန်းတော် ကြီးကျောင်းတိုက်သို့ သွားရောက်​​ကြည့်ရှူခဲ့ကြသလို ယင်းဒေသခံ တိုင်းရင်းသားပြည်သူများကို တွေ့ဆုံခဲ့ကြကာ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

လင်းလင်း(လားရှိုးမီဒီယာဂရု)