“ရှမ်း/မြောက် နမ္မတူမြို့နယ် ပန်လုံကျေးရွာတ၀ိုက် RCSS/SSA နှင့် TNLA လက်နှက်ကိုင်အဖွဲ့ကြား တိုက်ပွဲများသုံးရက်ဆက်တိုက် ဖြစ်ပွား ဒေသခံပြည်သူ(၃၂၀၀)ခန့် တိုက်ပွဲရှောင်ခဲ့ကြရ”
နမ္မတူမြို့နယ်၊ပန်လုံ-ဒီဇင်ဘာ(၂၅)
ရှမ်းပြည်နယ်မြောက်ပိုင်း
နမ္မတူမြို့နယ် ပန်လုံကျေးရွာတ၀ိုက်တွင်ဖြစ်ပွားခဲ့သည့် RCSS/SSA ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော်
နှင့် TNLA တအာင်း ပလောင်လက်နှက်ကိုင် အဖွဲ့ တို့အကြား တိုက်ပွဲများသုံးရက်ဆက်တိုက်
ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာ(၂၃)ရက်နေ့ နံနက်ပိုင်းမှာတော့ တိုက်ပွဲတွေ ပြီးဆုံးခဲ့ကြောင်းသိရှိရပါသည်။
ယင်းတိုက်ပွဲဖြစ်ပွားမှုများဟာ ဒီဇင်ဘာလ(၂၀)ရက်နေ့မှ စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီးတိုက်ပွဲဖြစ်ပွားရာ
ပန်လုံကျေးရွာနှင့်အနီးနားရှိ ကျေးရွာများနေ ဒေသခံတိုင်းရင်းသား များမှာတော့ တိုက်ပွဲတွေ
စတင်ဖြစ်ပွားသည့် ဒီဇင်ဘာ(၂၀)ရက်နေ့ မှာပင် ပန်လုံရွာတောင်ဘက်ပိုင်း သီပေါမြို့နယ်သို့ တိုက်ပွဲ ရှောင်ခဲ့ကြသလို ပန်လုံရွာမြောက်ဘက်ပိုင်းတို့မှဒေသခံများမှာ မန်စံကျေးရွာနှင့်
နမ္မတူမြို့သို့ ထိုဒေသခံတိုင်ရင်းသားများမှာ နေရပ်စွန့်ခွာ တိုက်ပွဲရှောင်ခဲ့ကြရကြောင်းကို တိုက်ပွဲရှောင်ပန်လုံရွာဒေသခံများ ၏ပြောပြမှုအရသိရှိရပါသည်။
တိုက်ပွဲများဖြစ်ပွားမှုကြောင့်
အသက်(၅၃)နှစ်အရွယ် ဒေါ်နိုင်ထွန်း မှာခြေသလုံးသေနတ်ကျည်တစ်ချက် ထိမှန်ခဲ့ပြီးထိုဒဏ်ရာရလူနာ
ဒေါ်နိုင်ထွန်းအား လားရှိုးမြို့သွေးလူမှုကူညီရေးအသင်း ဦးစန်းဦးအဖွဲ့မှ လားရှိုးပြည်သူ့ဆေးရုံကြီး
အရိုးဆောင်သို့ပိုဆောင်ပေးခဲ့ကာဆေးကုသမှုခံယူ လျက်ရှိကြောင်းသိရှိရသလို ထိုတိုက်ပွဲစတင်ဖြစ်သည့်
နေ့တွင် လားရှိုးနှင့်နမ္မတူဘက်မှ ပန်လုံဘက်သို့ထွက်ခွာလာသော
ခရီးသည်တင် ယာဉ်များ နှင့်ကုန်တင်
ယာဉ်များမှာမန်စံကျေးရွာသို့ပြန်လှည့်ခဲ့ရကြောင်းနှင့် နမ့်စန်မြို့မှထွက်ခွာလာသည့်
ယာဉ်မှန်သမျှနှင့် ခရီးသည် များမှာလည်း လေလုကျေးရွာနှင့်ပန်လုံကျေးရွာ ကြားရှိ ရေအိုးကျေးရွာ
ဘုန်းကြီးကျောင်းတွင် ခိုလုံပုန်းအောင်း နေကြရကြောင်း အဆိုပါလမ်းကြောင်းကိုသွားလာလျက်ရှိသည့်
ယာဉ်မောင်းများနှင့် ဆက်သွယ်စုံစမ်း မှုအရ သိရှိရသည်။
ယင်းတိုက်ပွဲသုံးရက်ဖြစ်ပွားခဲ့မှုကြောင့်
ဒေသခံတိုင်းရင်းသူအမျိုးသမီးသုံးဦးသေနတ်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ ကြောင်းသိရှိရသလိုတဦးသေဆုံးခဲ့ကြောင်း၊
မန်စံရွာမှ ဘုန်းတော်ကြီးများ၊ ရွာလူကြီးများနှင့် ဆီလိန်ခမ်း(မန်စံ) လူမှုကူညီရေးအဖွဲ့တို့မှ
လူစုပြီးကားသုံးစီးနှင့် ပန်လုံရွာအထိသွားရောက်ကာ ဒီဇင်ဘာ(၂၀)ရက်နေ့တွင် လက်နှက်ကြီးကျည်ထိမှန်ပြီး
သေဆုံး သွားခဲ့သည့် အသက်(၁၇)နှစ်အရွယ် မနန်းမွမ်း၏ရုပ်အလောင်းကို သယ်ထုတ်ယူဆောင်ကာ
ဒီဇင်ဘာ(၂၁)ရက်နေ့မွန်းလွဲပိုင်းတွင်သင်္ဂြိုခဲ့ကြကြောင်း မန်စံရွာ၌နေထိုင်သူ ဦးအားထန်အားဆက်သွယ်စုံစမ်းမှုအရသိရှိရပါသည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားမှုကြောင့်
ပန်လုံကျေးရွာအနီးတ၀ိုက်ရှိ ဒေသခံတိုင်ရင်းသား (၁၂၀၀)ကျော်ခန့်မှာ မန်စံကျးရွာနှင့်နမ္မတူမြို့ တိုက်ပွဲရှောင်စခန်း (၄)နေရာတွင်လည်းကောင်း၊ ပန်လုံကျေးရွာ တောင်ဘက်ခြမ်း သီပေါမြို့နယ်သို့ တိုက်ပွဲရှောင်ဒေသခံဦးရေ(၂၀၀၀)ခန့်မှာ သီပေါမြို့နယ်အတွင်းဖွင့်လစ်ထားသည့် တိုက်ပွဲရှောင်စခန်း(၅)နေရာတွင်လည်းကောင်း
နေရပ်စွန့်ခွာ၍
တိုက်ပွဲရှောင်နေကြရကြောင်း သိရှိရသည်။
သီပေါမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများသို့ သီပေါမြို့ရှိအလှူရှင်ပြည်သူများ၊ လူမှုကူညီရေး အသင်း အဖွဲ့များ၊ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်လားရှိုးမြို့ရှိ
အလှူရှင်များ၊လူမှုကူညီရေးအသင်းအဖွဲ့များမှ ငွေကြေးများ၊အစားအသောက်နှင့် အ၀တ်ထည် အနွေးထည်များ၊စောင်များကို တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများအားသွားရောက်ကာ ဒီဇင်ဘာ(၂၀)ရက် နေ့ညနေပိုင်းမှ
စတင်လှူဒါန်းမှုများ ဆက်တိုက် ပြုလုပ်လျက်ရှိနေကြောင်းသိရှိရသလို နမ္မတူမြို့နယ်မန်စံရှိ တိုက်ပွဲရှောင် စခန်းများသို့လည်း အလှူရှင် လူမှုကူညီရေးအသင်းအဖွဲ့များ၊ဒေသခံ မန်စံကျေးရွာတွင်
နေထိုင်သူ အလှူရှင်များမှ ထိုဒီဇင်ဘာ (၂၀) ညနေပိုင်းတွင်ပင် လှူဒါန်းမှုများပြုလုပ်လျက်ရှိကြောင်းသိရှိရသည်။
ဖော်ပြပါ သီပေါမြို့နယ်နှင့်မန်စံကျးရွာတွင် ဖွင့်လစ် ထားသည့် တိုက်ပွဲရှောင်စခန်းများသို့
ရောက်ရှိ လာကြသူဒေသခံများမှာ ရှမ်းတိုင်ရင်းသားများနှင့် ပလောင် တိုင်းရင်း သားများဖြစ်ကြသလို
ပန်လုံကျေးရွာ တွင်နေထိုင်သည့် ဂေါ်ရခါးလူမျိုး တစ်ရာနီးပါး ခန့်လည်း
ပါဝင်ကြောင်းသတင်းထောက်သီပေါကိုလတ်မှပြောပါသည်။အစိုးရတပ်များမှ
ဒီဇင်ဘာလ(၂၄) ၇က်နေ့ မွန်းလွဲပိုင်းမှစတင်ကာ ပန်လုံကျေးရွာအတွင်း ၀င်ရောက်ကာ နယ်မြေရှင်းလင်းမှုများပြုလုပ်လျက်
ရှိနေပြီဖြစ်ကြောင်းနှင့် ပန်လုံကျေးရွာအပါအ၀င် ထိုဒေသအနီးတ၀ိုက်ကျေးရွာများကိုလည်း
လုံခြုံရေးယူထားပြီ ဖြစ်ကြောင်းလည်း သက်ဆိုင်ရာ ကျေးရွာများမှ ရွာလူကြီးများ၏ပြောကြားမှုအရ သိရှိရသည်။
ထိုတိုက်ပွဲကြောင့် သေနတ်ကျည်ထိမှန် ဒဏ်ရာရှိခဲ့သည့် ပန်လုံဒေသခံတိုင်ရင်းသူ သုံးဦးမှာ
ယခုလက်ရှိလားရှိုးပြည်သူ့ ဆေးရုံကြီး
တွင်အတွင်းလူနာအဖြစ် ဆေးရုံတက်ရောက်ကာ ဆေးဝါးကုသမှုခံယူလျက် ရှိနေပါကြောင်းသိရှိရသည်။
လင်းလင်း(လားရှိုးမီဒီယာဂရု)
ဓါတ်ပုံ-သီပေါကိုလတ်၊
သီပေါရွှေပြည်ဒုဌ၀တီ








