‘‘ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် ရှမ်းပြည်နယ်အတွင်းဖြစ်ပွါးနေသည့် တိုက်ပွဲများရပ်တန့်ပေး ဖို့အတွက် ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့ကြကြောင်းသိရှိရ’’


၂၀၁၆ ခုနှစ်၊မေလ(၂၈)ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ မြို့ခံတိုင်းရင်းသားပြည်သူများမှ ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော်မှုများကိုမြို့တွင်း အမှတ်(၁)ရပ်ကွက်၊ ကမ္ဘောဇရှမ်းကျောင်းကြီးမှ ပင်လုံလမ်းတလျှောက်၊ခရိုင်ရဲရုံးမှ အောင်ဆန်းလမ်းတလျှောက်၊အောင်ဆန်းလမ်း မိုင်ဆုံကျောင်းမှ ကမ္ဘောဇရှမ်းကျောင်းကြီးသို့ငြိမ်းချမ်းစွာလှည့်လည်၍ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရှိရပါသည်။
ထိုနေ့ရဲ့နံနက်(၈း၀၀)အချိန်က စတင်ပြီးဦးဝိရိယမှဦးဆောင်မှုပြုကာဆန္ဒထုတ်ဖော်မှု
များပြုလုပ်ခဲ့ကြောင်း သိရှိရ သလို ရဟန်းသံဃာများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအင်အား(၃၀၀၀)ခန့်ရှိကြောင်းလည်း သိရှိရပါသည်။

ကျောက်မဲမြို့၏မြို့ခံပြည်သူတဦးကို ထိုကဲ့သို့ဆန္ဒထုတ်ဖော်ခြင်းနှင့်ပတ်သက်ပြီး လားရှိုးမီဒီယာဂရုမှဆက်သွယ် မေးမြန်းမှုပြုလုပ်ခဲ့ရာမှာတော့
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းဖြစ်ပွါးနေတဲ့တိုက်ပွဲတွေရပ်တန့် ပေးရန်အတွက် ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်းပြောပြပါတယ်…
ရှမ်း/မြောက် နမ့်ခမ်းမြို့နယ်၊ မိုင်းဝီး ကျေးရွာအုပ်စု၊ဟိုပန်ကျေးရွာအတွင်းရှိ လူနေအိမ်(၆၄)လုံးအား မီးရှို့ဖျက်ဆီးခဲ့သော လက်နှက်ကိုင် သောင်းကျန်းသူအဖွဲ့အား အလိုမရှိ၊ရှမ်းပြည်မှအမြန်ဆုံးထွက်သွား။

ကျောက်မဲမြို့နယ် တောဆန်ကျေးရွာအတွင်းရှိ လူနေအိမ်(၇)လုံးအား မီးရှို့ဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ဒေသခံ(၇)ဦးအားရက်စက်စွာသတ်ဖြတ်ခဲ့သော လက်နှက်ကိုင်သောင်းကျန်းသူ အဖွဲ့အစည်း အလိုမရှိ ၊ရှမ်းပြည်နယ်မှ အမြန်ဆုံးထွက်ခွာသွား။
NCA ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နှက်ကိုင်အဖွဲ့အစည်း များကိုသာ ထောက်ခံပြီး ကျန်လက်နှက်ကိုင် သောင်းကျန်းသူအဖွဲ့များအားလုံးကို လုံးဝ လုံးဝ ဆန့်ကျင်ရှုံ့ချသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီမှရှမ်းပြည်မြောက်ပိုင်းအတွင်း လက်နှက်ကိုင်စွဲ၍ ဒေသခံပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို ဖျက်က်ဆီးသွားသော သောင်းကျန်းသူများအဖွဲ့အား အမြန်ဆုံးခြေမှုန်းတိုက်ထုတ်ပေး။

အထေက်ပါ စာကြောင်များပါ လက်ကိုင်ဆောင်ပုတ်များကိုင်ဆောင်ကြကာ ဆန္ဒဖော်ထုတ်မှုများပြု လုပ်ခဲ့ကြကြောင်းသိရှိရသည်။

လင်းလင်း(လားရှိုး)